ေခ်ာင္းႏွစ္ခြရဲစခန္း စီးနင္းခံရလို႔ ရဲမ်ားေသဆုံးမႈႏွင့္ စခန္းမႉးအပါအဝင္ အရွင္ဖမ္းဆီးခံရသူမ်ားရွိ၊ စစ္ေကာင္စီတပ္က ရဟတ္ယာဥ္သုံးၿပီးလိုက္လံပစ္ခတ္ေန

ဧရာဝတီတိုင္းမ္

ႏိုဝင္ဘာလ ၁၂ ရက္

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ခ႐ိုင္၊ က်ိဳက္မေရာၿမိဳ႕နယ္၊ ေခ်ာင္းႏွစ္ခြနယ္ေျမရဲစခန္း ဒီကေန႔ မနက္ ၅ နာရီခြဲ ဝန္းက်င္မွာ ဝင္ေရာက္စီးနင္းတိုက္ခိုက္ခံခဲ့ရတယ္လို႔ ေဒသခံေတြဆီကသိရပါတယ္။

ရဲစခန္းစီးနင္းတိုက္ခိုက္ခံရမႈမွာ ရဲစခန္းအတြင္းမွာရွိတဲ့ရဲတပ္ဖြဲ႕ဝင္ေတြ ေသဆုံးတာေတြရွိၿပီး ရဲစခန္းမႉးအပါ အဝင္အရွင္ ဖမ္းဆီးခံရတာေတြလည္းရွိတယ္လို႔ မြန္ရဲတပ္ဖြဲ႕အသိုင္းအဝိုင္းထံကေန ကနဦး သိရပါတယ္။

‘မနက္အေစာႀကီး က်ိဳက္မေရာစခန္းဝင္တိုက္ခံရတာပါ။ အေသအေပ်ာက္ေတြရွိတယ္။ လတ္တေလာထိခိုက္ေသဆုံးနဲ႔ ေပ်ာက္ဆုံးစာရင္းမသိရေသးဘူး။

စခန္းမႉးေတာ့အရွင္ဖမ္းခံလိုက္ရတယ္လို႔သိရတယ္၊ စခန္းမႉးကအသစ္ ရခိုင္ကေျပာင္းလာတာ မၾကာေသးဘူး ၊ နယ္ေျမအေၾကာင္းသိပ္မသိေသးဘူး” လို႔ မြန္ျပည္နယ္ရဲတပ္ဖြဲ႕နဲ႔နီးစပ္သူတဦးက ဧရာဝတီတိုင္းမ္ ကိုေျပာပါတယ္။

ေခ်ာင္းနစ္ခြရဲစခန္း စီးနင္းတိုက္ခိုက္ခံရမႈအေျခအေနအေသးစိတ္ကို ဆက္လက္စုံစမ္းေနဆဲျဖစ္ပါတယ္။ရဲစခန္းစီးနင္းတိုက္ခိုက္ခံရတာေၾကာင့္ စစ္ေကာင္စီတပ္က ေခ်ာင္းႏွစ္ခြ႐ြာနဲ႔ အနီးတဝိုက္ကို ရဟတ္ယာဥ္နဲ႔ ဗုံးႀကဲတိုက္ခိုက္တာေၾကာင့္ ေဒသခံေတြေထာင္နဲ႔ခ်ီၿပီးေဘးလြတ္ရာကို ေ႐ႊ႕ေျပာင္းတိမ္းေရွာင္ေနရတယ္လို႔ ဆိုပါတယ္။

ဓာတ္ပုံ – ေခ်ာင္းႏွစ္ခြအဝင္အတၳရံတံတား။

===========

ချောင်းနှစ်ခွရဲစခန်း စီးနင်းခံရလို့ ရဲများသေဆုံးမှုနှင့် စခန်းမှူးအပါအဝင် အရှင်ဖမ်းဆီးခံရသူများရှိ၊ စစ်ကောင်စီတပ်က ရဟတ်ယာဉ်သုံးပြီးလိုက်လံပစ်ခတ်နေ

ဧရာဝတီတိုင်းမ်

နိုဝင်ဘာလ ၁၂ ရက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွနယ်မြေရဲစခန်း ဒီကနေ့ မနက် ၅ နာရီခွဲ ဝန်းကျင်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ရဲစခန်းစီးနင်းတိုက်ခိုက်ခံရမှုမှာ ရဲစခန်းအတွင်းမှာရှိတဲ့ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးတာတွေရှိပြီး ရဲစခန်းမှူးအပါ အဝင်အရှင် ဖမ်းဆီးခံရတာတွေလည်းရှိတယ်လို့ မွန်ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံကနေ ကနဦး သိရပါတယ်။

‘မနက်အစောကြီး ကျိုက်မရောစခန်းဝင်တိုက်ခံရတာပါ။ အသေအပျောက်တွေရှိတယ်။ လတ်တလောထိခိုက်သေဆုံးနဲ့ ပျောက်ဆုံးစာရင်းမသိရသေးဘူး။

စခန်းမှူးတော့အရှင်ဖမ်းခံလိုက်ရတယ်လို့သိရတယ်၊ စခန်းမှူးကအသစ် ရခိုင်ကပြောင်းလာတာ မကြာသေးဘူး ၊ နယ်မြေအကြောင်းသိပ်မသိသေးဘူး” လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။

ချောင်းနစ်ခွရဲစခန်း စီးနင်းတိုက်ခိုက်ခံရမှုအခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ရဲစခန်းစီးနင်းတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်က ချောင်းနှစ်ခွရွာနဲ့ အနီးတဝိုက်ကို ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံတွေထောင်နဲ့ချီပြီးဘေးလွတ်ရာကို ရွှေ့ပြောင်းတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ – ချောင်းနှစ်ခွအဝင်အတ္ထရံတံတား။

Leave a Reply

Your email address will not be published. Required fields are marked *