







=============

ကျိုက်မရော၊ ချောင်းနှစ်ခွ ရဲစခန်း နှင့်တံတားဂိတ်ကို KNLA နှင့် PDF ပူးပေါင်းတပ်များ သိမ်းပိုက်ပြီး မီးရှို့ရှင်းလင်း၊ ရဲများ thayဆုံးပြီး ဖမ်းမိသူများလည်းရှိကာ စစ်တပ်က လေကြောင်းဖြင့်တိုက်

နိုဝင်ဘာ ၁၂ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရှိ ရဲစခန်းနှင့် တံတားလုံခြုံရေးဂိတ်ကို KNLA နှင့် PDF ပူးပေါင်းတပ်များက ယနေ့ နံနက်ပိုင်း သိမ်းပိုက်လိုက်ပြီး စခန်းနှင့်ဂိတ်ကို မီးရှို့ရှင်းလင်းလိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်

နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်မှ နံနက် ၆ နာရီ ၃၀ မိနစ်အထိ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတံတားနှငိ့ရဲစခန်းအား KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲများ

ဝင်ရောက်စီးနင်း၍ ရဲစခန်းကို မီးရှို့ရှင်းလင်းလိုက်ကြောင်း၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း၊ ပြည်သူ ၁၀၀၀ ကျော် ပိတ်မိနေကြောင်း သိရှိရသည်

မနက် ၇ နာရီ ၂၀ မိနစ်မှာ စစ်ရဟတ်ယာဉ် ၂ စီးနဲ့ ချောင်းနှစ်ခွကျေးရွာကို boneကျဲနေပါတယ် ရဲစခန်းကို တက်သိမ်းလိုက်တယ်။ ချောင်းနှစ်ခွတံတားဂိတ်ကိုလည်း ရှင်းလင်းလိုက်တယ်လို့သိရပါတယ်

ခုလောလောဆယ် ရွာသား ၁၀၀၀ ကျော်လောက်လည်း ပိတ်မိနေလို့ အခုတော့ ဘေးလွတ်ရာရွှေ့ကြပြီပြောတယ်။ လောလောဆယ်သိရသလောက် ရဲ၂ ကောင်ကျတယ် ၄ ကောင် မိတယ်လို့ပြောတယ် အတည်မပြုနိုင်သေးဘူး။ တိုက်ပွဲတွေဖြစ်နေလို့ ဟု ဒေသခံတစ်ဦးက ပြောဆိုသည်

လက်ရှိ ရေးသားသည့်အချိန်အထိ စစ်တပ်က ရဟတ်ယာဉ်ဖြင့်ပစ်ခတ်မှုများရှိနေပြီး လက်နက်ကြီးများဖြင့်လည်း ရမ်းသမ်းပစ်ခတ်မှုများရှိနေကြောင်း သိရှိရသည်

ယခုနှစ် မတ်လ ၁၉ ရက်၊ ဧပြီ ၁၆ ရက်နေ့၊ ဇွန်လ ၁၄ ရက်နေ့ကလည်း ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ တံတားဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်းthay ဆုံးခဲ့သည် Crd- Khit Thit

Leave a Reply

Your email address will not be published. Required fields are marked *