ရဲေတြရဲ႕၏ လုံၿခဳံေရးကို ျပည္သူက တာဝန္ယူေပးမွသာ တရားခံ လာဖမ္းေပးမည္ဟုဆို

12 Nov 2022 By MPA 001

ရဲတပ္ဖြဲ႕ဝင္တို႔၏ လုံၿခဳံေရးကို ျပည္သူမ်ားကတာဝန္ယူေပးမွသာ တရားခံမ်ားအား လာေရာက္ဖမ္းဆီးေပးမည္ဟု ျဖစ္သည္ဟု စုံစမ္းသိရွိရသည္။

စမ္းေခ်ာင္းၿမိဳ႕နယ္အတြင္း ဖုန္းလုယက္ထြက္ေျပးသူတစ္ဦးကို ေဒသခံမ်ားက ဖမ္းမိၿပီးေနာက္ ရဲစခန္းသို႔ဖုန္းဆက္အေၾကာင္းၾကားခဲ့ရာ ရဲစခန္းတာဝန္ရွိသူတစ္ဦးက အထက္ပါအတိုင္း ျပန္ေျပာကာ ဖုန္းလုေျပးသူအား လာေရာက္လႊဲေျပာင္းယူျခင္းမရွိေၾကာင္း စမ္းေခ်ာင္းၿမိဳ႕နယ္ေနျပည္သူတစ္ဦးကေျပာသည္။

ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၂ ရက္ေန႔က စမ္းေခ်ာင္းၿမိဳ႕နယ္၊ ေဇယ်ာသုခလမ္းအနီး လမ္းသြားရင္း ဖုန္းေျပာေနသည့္ အမ်ိဳးသမီးတစ္ဦးထံမွ ဖုန္းကို လူငယ္တစ္ဦးက လုယူထြက္ေျပးသြားခဲ့သျဖင့္ အနီးရွိ ျပည္သူမ်ားက လိုက္လံဖမ္းဆီးခဲ့ရာ ကြၽန္းေတာလမ္းဘက္ျခမ္းရွိ မႀကီးႀကီးလမ္း၌ ဖမ္းဆီးမိခဲ့ျခင္းျဖစ္သည္။

“၂ ရက္ေန႔က ဖုန္းလုေျပးတဲ့ေကာင္ကို မိေတာ့ ရဲတိုင္တာ။ ရဲစခန္းကဘာေျပာလဲဆိုေတာ့ ကြၽန္ေတာ္တို႔လုံၿခဳံေရးကို ဘယ္လိုတာဝန္ယူမလဲတဲ့။တာဝန္ယူရင္လာေခၚမယ္ေျပာတယ္။ ခိုးတဲ့ေကာင္က အခုမွစလုပ္တာလို႔ေျပာတယ္။ သနားတာနဲ႔ မ်က္ႏွာကို ေလးငါးခ်က္ေလာက္႐ိုက္ၿပီး ငါးေထာင္ေပးလိုက္တယ္။ အဲ့ဒီေကာင္ေလးက ၾကည့္ျမင္တိုင္တစ္ဖက္ကမ္းမွာေနတာလို႔ေျပာတယ္”ဟု ၎က ေျပာသည္။

လက္ရွိတြင္ ၾကည့္ျမင္တိုင္ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားကလည္း သူခိုးမိပါက တိုင္ၾကားခ်က္ကိုသာလက္ခံၿပီး လာေရာက္ဖမ္းဆီးစစ္ေဆးျခင္းမျပဳေၾကာင္း ေဒသခံမ်ား၏ ေျပာဆိုခ်က္အရသိရသည္။

အထက္ပါျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး စမ္းေခ်ာင္းၿမိဳ႕မရဲစခန္းရွိ အမည္မေဖာ္လိုသူ ရဲတစ္ဦးက “ကြၽန္ေတာ္တို႔ အၿမဲဒီလိုမလုပ္ပါဘူး။ အင္အားရွိတဲ့အခ်ိန္ဆို လာဖမ္းေပးပါတယ္။ ေျဖလိုက္တဲ့သူကလည္း အင္အားမရွိတဲ့အခ်ိန္မို႔ေနမွာပါ။ အခုက ျပည္သူေတြကလည္း ကြၽန္ေတာ္တို႔ကိုဆို စကားေကာင္းေကာင္းမေျပာၾကဘူးေလ။ ခဏခဏရဲေတြပစ္ခံေနရေတာ့ အရင္လို လာဖမ္းဖို႔က ခက္သြားၿပီ”ဟု MPA သို႔ ေျပာသည္။

ရန္ကုန္ၿမိဳ႕ရွိရဲစခန္းတိုင္းတြင္ လုံၿခဳံေရးတင္းက်ပ္ထားၿပီး ျပည္သူမ်ားအား ရဲစခန္းထဲသို႔ ဝင္ေရာက္ခြင့္မျပဳေပ။ေတာင္ဥကၠလာပ၊ ၇ ရပ္ကြက္ေနအမ်ိဳးသမီးတစ္ဦးက “ကြၽန္မ ရဲေထာက္ခံစာလိုလို႔ သြားတာ ရဲစခန္း ေရာက္ေတာ့ အဝင္ဝဂိတ္မွာပဲ ဂိတ္ေစာင့္ရဲနဲ႔ေျပာစရာရွိတာေျပာၿပီး ထိုင္ေစာင့္ရတယ္။ စခန္းထဲဝင္ လို႔မရေတာ့ဘူး”ဟု ဆိုသည္။

ပုံစာ – စမ္းေခ်ာင္းၿမိဳ႕မရဲစခန္းေရွ႕တြင္ လူငယ္တစ္ဦး ဆႏၵျပေနစဥ္ (ပုံအေဟာင္း)

=========

ရဲတွေရဲ့၏ လုံခြုံရေးကို ပြည်သူက တာဝန်ယူပေးမှသာ တရားခံ လာဖမ်းပေးမည်ဟုဆို

12 Nov 2022 By MPA 001

ရဲတပ်ဖွဲ့ဝင်တို့၏ လုံခြုံရေးကို ပြည်သူများကတာဝန်ယူပေးမှသာ တရားခံများအား လာရောက်ဖမ်းဆီးပေးမည်ဟု ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

စမ်းချောင်းမြို့နယ်အတွင်း ဖုန်းလုယက်ထွက်ပြေးသူတစ်ဦးကို ဒေသခံများက ဖမ်းမိပြီးနောက် ရဲစခန်းသို့ဖုန်းဆက်အကြောင်းကြားခဲ့ရာ ရဲစခန်းတာဝန်ရှိသူတစ်ဦးက အထက်ပါအတိုင်း ပြန်ပြောကာ ဖုန်းလုပြေးသူအား လာရောက်လွှဲပြောင်းယူခြင်းမရှိကြောင်း စမ်းချောင်းမြို့နယ်နေပြည်သူတစ်ဦးကပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့က စမ်းချောင်းမြို့နယ်၊ ဇေယျာသုခလမ်းအနီး လမ်းသွားရင်း ဖုန်းပြောနေသည့် အမျိုးသမီးတစ်ဦးထံမှ ဖုန်းကို လူငယ်တစ်ဦးက လုယူထွက်ပြေးသွားခဲ့သဖြင့် အနီးရှိ ပြည်သူများက လိုက်လံဖမ်းဆီးခဲ့ရာ ကျွန်းတောလမ်းဘက်ခြမ်းရှိ မကြီးကြီးလမ်း၌ ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

“၂ ရက်နေ့က ဖုန်းလုပြေးတဲ့ကောင်ကို မိတော့ ရဲတိုင်တာ။ ရဲစခန်းကဘာပြောလဲဆိုတော့ ကျွန်တော်တို့လုံခြုံရေးကို ဘယ်လိုတာဝန်ယူမလဲတဲ့။တာဝန်ယူရင်လာခေါ်မယ်ပြောတယ်။ ခိုးတဲ့ကောင်က အခုမှစလုပ်တာလို့ပြောတယ်။ သနားတာနဲ့ မျက်နှာကို လေးငါးချက်လောက်ရိုက်ပြီး ငါးထောင်ပေးလိုက်တယ်။ အဲ့ဒီကောင်လေးက ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာနေတာလို့ပြောတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ကြည့်မြင်တိုင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကလည်း သူခိုးမိပါက တိုင်ကြားချက်ကိုသာလက်ခံပြီး လာရောက်ဖမ်းဆီးစစ်ဆေးခြင်းမပြုကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

အထက်ပါဖြစ်ရပ်နှင့်ပတ်သက်ပြီး စမ်းချောင်းမြို့မရဲစခန်းရှိ အမည်မဖော်လိုသူ ရဲတစ်ဦးက “ကျွန်တော်တို့ အမြဲဒီလိုမလုပ်ပါဘူး။ အင်အားရှိတဲ့အချိန်ဆို လာဖမ်းပေးပါတယ်။ ဖြေလိုက်တဲ့သူကလည်း အင်အားမရှိတဲ့အချိန်မို့နေမှာပါ။ အခုက ပြည်သူတွေကလည်း ကျွန်တော်တို့ကိုဆို စကားကောင်းကောင်းမပြောကြဘူးလေ။ ခဏခဏရဲတွေပစ်ခံနေရတော့ အရင်လို လာဖမ်းဖို့က ခက်သွားပြီ”ဟု MPA သို့ ပြောသည်။

ရန်ကုန်မြို့ရှိရဲစခန်းတိုင်းတွင် လုံခြုံရေးတင်းကျပ်ထားပြီး ပြည်သူများအား ရဲစခန်းထဲသို့ ဝင်ရောက်ခွင့်မပြုပေ။တောင်ဥက္ကလာပ၊ ၇ ရပ်ကွက်နေအမျိုးသမီးတစ်ဦးက “ကျွန်မ ရဲထောက်ခံစာလိုလို့ သွားတာ ရဲစခန်း ရောက်တော့ အဝင်ဝဂိတ်မှာပဲ ဂိတ်စောင့်ရဲနဲ့ပြောစရာရှိတာပြောပြီး ထိုင်စောင့်ရတယ်။ စခန်းထဲဝင် လို့မရတော့ဘူး”ဟု ဆိုသည်။

ပုံစာ – စမ်းချောင်းမြို့မရဲစခန်းရှေ့တွင် လူငယ်တစ်ဦး ဆန္ဒပြနေစဉ် (ပုံအဟောင်း)

Leave a Reply

Your email address will not be published. Required fields are marked *