ရဲစခန္းတခုကို ပူးေပါင္းတပ္ဖြဲ႕ေတြဝင္တိုက္၊ ရဲေတြအေသမ်ား၊ စစ္တပ္ကေလေၾကာင္းနဲ႔ တုံ႔ျပန္တိုက္ခိုက္

C8 News

ရန္ကုန္၊ႏိုဝင္ဘာ(၁၂)

မြန္ျပည္နယ္၊ က်ိဳက္မေရာၿမိဳ႕နယ္၊ ေခ်ာင္းႏွစ္ခြေက်း႐ြာ မွာရွိတဲ့ စစ္ေကာင္စီလက္ေအာက္ခံ ရဲစခန္းကို KNLA ပူးေပါင္းတပ္ဖြဲ႕ေတြက ဒီေန႔မနက္ပိုင္းမွာ ဝင္ေရာက္တိုက္ခိုက္ခဲ့တဲ့အတြက္ အထိနာေနတဲ့ စစ္ေကာင္စီအဖြဲ႕ေတြက ေလေၾကာင္းကေန ျပန္လည္ တိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။

” ေခ်ာင္ႏွစ္ခြ ရဲစခန္းမွာ တိုက္ပြဲေတြမနက္အေစာကတည္းျဖစ္ေနတာၾကားရတယ္၊ KNLA နဲ႔ပူးေပါင္းအဖြဲ႕ေတြက ဝင္တိုက္တာလို႔ပဲသိရေသးတယ္၊

ရဲေတြေတာ္ေတာ္ေသးတယ္လို႔သိရတယ္၊ တပ္က ေလယာဥ္ေတြနဲ႔ ဗုံးလာက်ဲေတာ့မွ ပူးေပါင္းအဖြဲ႕က ေနာက္ဆုတ္ေပးလိုက္တာလို႔ သိရတယ္၊ စိတ္ခ်ရတဲ့အေျခအေနမွာ မရွိေသးလို႔ ေသခ်ာေတာ့သြားမစုံစမ္းရေသးဘူး” လို႔ေဒသခံတစ္ဦးကေျပာပါတယ္။

ၾကာအင္းဆိပ္ႀကီး-မုဒုံကားလမ္းေပၚမွာရွိတဲ့ ေခ်ာင္းႏွစ္ခြေက်း႐ြာ ရဲစခန္းကို ဝင္ေရာက္တိုက္ခိုက္ခဲ့တာျဖစ္ၿပီး စစ္ေကာင္စီလက္ေအာက္ခံ ရဲတပ္ဖြဲ႕ဝင္ေတြ ေသဆုံးမႈမ်ားႏိုင္တယ္လို႔ ကနဦးသိရၿပီး စာရင္းအတိအက်ေတာ့ မသိရေသးပါဘူး။

စစ္ေကာင္စီအဖြဲ႕က ေလယာဥ္ေတြနဲ႔ ဆက္တိုက္ဗုံးက်ဲေနတဲ့အတြက္ ေဒသခံျပည္သူေတြ ထိခိုက္မႈရွိႏိုင္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနၾကရတယ္လို႔ သိရပါတယ္။

============

ရဲစခန်းတခုကို ပူးပေါင်းတပ်ဖွဲ့တွေဝင်တိုက်၊ ရဲတွေအသေများ၊ စစ်တပ်ကလေကြောင်းနဲ့ တုံ့ပြန်တိုက်ခိုက်

C8 News

ရန်ကုန်၊နိုဝင်ဘာ(၁၂)

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အထိနာနေတဲ့ စစ်ကောင်စီအဖွဲ့တွေက လေကြောင်းကနေ ပြန်လည် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

” ချောင်နှစ်ခွ ရဲစခန်းမှာ တိုက်ပွဲတွေမနက်အစောကတည်းဖြစ်နေတာကြားရတယ်၊ KNLA နဲ့ပူးပေါင်းအဖွဲ့တွေက ဝင်တိုက်တာလို့ပဲသိရသေးတယ်၊

ရဲတွေတော်တော်သေးတယ်လို့သိရတယ်၊ တပ်က လေယာဉ်တွေနဲ့ ဗုံးလာကျဲတော့မှ ပူးပေါင်းအဖွဲ့က နောက်ဆုတ်ပေးလိုက်တာလို့ သိရတယ်၊ စိတ်ချရတဲ့အခြေအနေမှာ မရှိသေးလို့ သေချာတော့သွားမစုံစမ်းရသေးဘူး” လို့ဒေသခံတစ်ဦးကပြောပါတယ်။

ကြာအင်းဆိပ်ကြီး-မုဒုံကားလမ်းပေါ်မှာရှိတဲ့ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးမှုများနိုင်တယ်လို့ ကနဦးသိရပြီး စာရင်းအတိအကျတော့ မသိရသေးပါဘူး။

စစ်ကောင်စီအဖွဲ့က လေယာဉ်တွေနဲ့ ဆက်တိုက်ဗုံးကျဲနေတဲ့အတွက် ဒေသခံပြည်သူတွေ ထိခိုက်မှုရှိနိုင်ပြီး လက်ရှိအချိန်မှာတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *