တခါက လင္မယား ႏွစ္ေယာက္ ရွိတယ္။ ေယာက္်ား ျဖစ္သူက အစား စားရင္း TV ၾကည့္ေနတယ္။ မိန္းမက မီးဖိုေခ်ာင္မွာ အလုပ္ရႈပ္ ေနတယ္။

႐ုတ္တရက္ မိန္းမက ေအာ္တယ္။

“ေယာက္်ားေရ မီးသီး ကြၽမ္းသြားလို႔ လာလဲေပး ပါဦး”

“ငါက မီးျပင္ဆရာမွ မဟုတ္တာ” လို႔ ေယာက္်ားျဖစ္သူက စိတ္မရွည္စြာနဲ႔ ျပန္ေအာ္တယ္။

တေအာင့္ ေနေတာ့ မိန္းမျဖစ္သူက ေအာ္ျပန္တယ္။

“ေယာက္်ားေရ ေရခဲေသတၱာက မေအးဘူး။ လာၾကည့္ေပးပါဦး”

“ငါက လွ်ပ္စစ္ျပင္သူမွ မဟုတ္တာ” လို႔ ေယာက္်ားျဖစ္သူက ေျဖျပန္တယ္။

“ေယာက္်ားေရ တံခါးဂ်က္ ခ်မရလို႔ လာၾကည့္ေပးပါဦး” ဆိုတဲ့ မိန္းမ ေအာ္သံကို

“ငါက လက္သမားမွ မဟုတ္တာ” လို႔ ေယာက္်ားျဖစ္သူက စိတ္မရွည္စြာ ျပန္ေအာ္တယ္။

ခဏေနေတာ့ ေယာက္်ားျဖစ္သူက စိတ္ရႈပ္တယ္ ဆိုၿပီး အျပင္ ထြက္သြားတယ္။ သူငယ္ခ်င္းေတြနဲ႔ စားေသာက္ၿပီး အတန္ၾကာမွ အိမ္ကို ျပန္လာတယ္။

အိမ္ေရာက္ေတာ့ ပ်က္ေနတဲ့ အရာေတြ အားလုံးက ျပင္ၿပီးသား ျဖစ္ေနတာကို ေတြ႕ေတာ့ မိန္းမျဖစ္သူကို တအံ့တၾသနဲ႔ ေမးတယ္။ ထိုအခါ မိန္းမျဖစ္သူက ေျပာတယ္။

“ရွင္ထြက္သြားေတာ့ ကြၽန္မလည္း စိတ္ညစ္ညစ္နဲ႔ အိမ္အျပင္မွာ ထြက္ထိုင္ေနတုန္း လူတေယာက္ ေရာက္လာၿပီး ဒါေတြ အား လုံးကို သူျပင္ေပးမယ္။ သူ႔ကို ကိတ္မုန႔္တလုံး လုပ္ေကြၽးမလား၊ ဒါမွမဟုတ္ နမ္းမလား လို႔ ေျပာတယ္ေလ”

ထိုအခါ ေယာက္်ားျဖစ္သူက ျပာျပာလဲလဲနဲ႔ “ဒါနဲ႔ မင္းက သူ႔ကို ကိတ္မုန႔္ လုပ္ေကြၽ လိုက္လား” လို႔ ေမးတယ္။

ထိုအခါ မိန္းမျဖစ္သူက “အို ကြၽန္မက ကိတ္မုန႔္ဖုတ္ ဆရာမွ မဟုတ္တာ” လို႔ ျပန္ေျဖတယ္။

“ဟင္” ဆိုတဲ့ စကားလုံး တလုံးပဲ ေယာက္်ားျဖစ္သူ ႏႈတ္မွ ထြက္ႏိုင္ရွာ ပါေတာ့တယ္။

အိမ္ေထာင္ေရး ဆိုတဲ့ တာဝန္ကို ထမ္းပိုးထားရၿပီ ဆိုရင္ မိန္းမေရာ ေယာက္်ားပါ ဘယ္အိမ္မႈကိစၥကို မဆို လက္တြဲညီညီ ႀကိဳးစားၿပီး လုပ္ေဆာင္ၾကည့္ သင့္ပါတယ္။ ကိုယ္တိုင္ မလုပ္ႏိုင္ရင္ေတာင္ လုပ္ႏိုင္တဲ့ နည္းလမ္းေတြ ရွာသင့္ပါတယ္။

ငါမလုပ္တတ္ဘူး ဆိုတဲ့ စကားတခြန္းနဲ႔ ကိုယ့္တာဝန္ကို တြန္းခ်ပစ္လို႔ မရပါဘူး။ အိမ္ေထာင္ေရး ဆိုတာ ႏွစ္ေယာက္ေပါင္းတဲ့ ဘဝပါ။

တေယာက္တည္းနဲ႔ သာယာ ၿပီးျပည့္စုံေအာင္ တည္ေဆာက္လို႔ မရႏိုင္ပါဘူး။ ေမာင္တထမ္း မယ္တ႐ြက္ တြဲလက္ညီႏိုင္ ၾကပါေစ။

===============

တခါက လင်မယား နှစ်ယောက် ရှိတယ်။ ယောက်ျား ဖြစ်သူက အစား စားရင်း TV ကြည့်နေတယ်။ မိန်းမက မီးဖိုချောင်မှာ အလုပ်ရှုပ် နေတယ်။

ရုတ်တရက် မိန်းမက အော်တယ်။

“ယောက်ျားရေ မီးသီး ကျွမ်းသွားလို့ လာလဲပေး ပါဦး”

“ငါက မီးပြင်ဆရာမှ မဟုတ်တာ” လို့ ယောက်ျားဖြစ်သူက စိတ်မရှည်စွာနဲ့ ပြန်အော်တယ်။

တအောင့် နေတော့ မိန်းမဖြစ်သူက အော်ပြန်တယ်။

“ယောက်ျားရေ ရေခဲသေတ္တာက မအေးဘူး။ လာကြည့်ပေးပါဦး”

“ငါက လျှပ်စစ်ပြင်သူမှ မဟုတ်တာ” လို့ ယောက်ျားဖြစ်သူက ဖြေပြန်တယ်။

“ယောက်ျားရေ တံခါးဂျက် ချမရလို့ လာကြည့်ပေးပါဦး” ဆိုတဲ့ မိန်းမ အော်သံကို

“ငါက လက်သမားမှ မဟုတ်တာ” လို့ ယောက်ျားဖြစ်သူက စိတ်မရှည်စွာ ပြန်အော်တယ်။

ခဏနေတော့ ယောက်ျားဖြစ်သူက စိတ်ရှုပ်တယ် ဆိုပြီး အပြင် ထွက်သွားတယ်။ သူငယ်ချင်းတွေနဲ့ စားသောက်ပြီး အတန်ကြာမှ အိမ်ကို ပြန်လာတယ်။

အိမ်ရောက်တော့ ပျက်နေတဲ့ အရာတွေ အားလုံးက ပြင်ပြီးသား ဖြစ်နေတာကို တွေ့တော့ မိန်းမဖြစ်သူကို တအံ့တသြနဲ့ မေးတယ်။ ထိုအခါ မိန်းမဖြစ်သူက ပြောတယ်။

“ရှင်ထွက်သွားတော့ ကျွန်မလည်း စိတ်ညစ်ညစ်နဲ့ အိမ်အပြင်မှာ ထွက်ထိုင်နေတုန်း လူတယောက် ရောက်လာပြီး ဒါတွေ အား လုံးကို သူပြင်ပေးမယ်။ သူ့ကို ကိတ်မုန့်တလုံး လုပ်ကျွေးမလား၊ ဒါမှမဟုတ် နမ်းမလား လို့ ပြောတယ်လေ”

ထိုအခါ ယောက်ျားဖြစ်သူက ပြာပြာလဲလဲနဲ့ “ဒါနဲ့ မင်းက သူ့ကို ကိတ်မုန့် လုပ်ကျွေ လိုက်လား” လို့ မေးတယ်။

ထိုအခါ မိန်းမဖြစ်သူက “အို ကျွန်မက ကိတ်မုန့်ဖုတ် ဆရာမှ မဟုတ်တာ” လို့ ပြန်ဖြေတယ်။

“ဟင်” ဆိုတဲ့ စကားလုံး တလုံးပဲ ယောက်ျားဖြစ်သူ နှုတ်မှ ထွက်နိုင်ရှာ ပါတော့တယ်။

အိမ်ထောင်ရေး ဆိုတဲ့ တာဝန်ကို ထမ်းပိုးထားရပြီ ဆိုရင် မိန်းမရော ယောက်ျားပါ ဘယ်အိမ်မှုကိစ္စကို မဆို လက်တွဲညီညီ ကြိုးစားပြီး လုပ်ဆောင်ကြည့် သင့်ပါတယ်။ ကိုယ်တိုင် မလုပ်နိုင်ရင်တောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှာသင့်ပါတယ်။

ငါမလုပ်တတ်ဘူး ဆိုတဲ့ စကားတခွန်းနဲ့ ကိုယ့်တာဝန်ကို တွန်းချပစ်လို့ မရပါဘူး။ အိမ်ထောင်ရေး ဆိုတာ နှစ်ယောက်ပေါင်းတဲ့ ဘဝပါ။

တယောက်တည်းနဲ့ သာယာ ပြီးပြည့်စုံအောင် တည်ဆောက်လို့ မရနိုင်ပါဘူး။ မောင်တထမ်း မယ်တရွက် တွဲလက်ညီနိုင် ကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *