သပိတ္က်င္း တတက ၁၃ ေလ့က်င့္ေရးတပ္က ဗိုလ္မႉး ေဇာ္ထက္ေအာင္ thaနတ္ ဒဏ္ရာနဲ႔ မေန႔ကဆုံးပါး

ဧရာဝတီတိုင္းမ္၊ ႏိုဝင္ဘာလ ၁၁ ရက္ မႏၲေလးတိုင္း၊ သပိတ္က်င္းၿမိဳ႕နယ္၊ တြင္းငယ္႐ြာအေျခ စိုက္ အမွတ္ ၁၃ စစ္ေကာင္စီတပ္တန္းျမႇင့္ေလ့က်င့္ေရး ေက်ာင္း တတက ၁၃ တပ္က ဗိုလ္မႉး ေဇာ္ထက္ေအာင္ဟာ ႏိုဝင္ဘာလ ၁၀ ရက္ေန႔ မနက္ပိုင္းက ဆုံးခဲ့တယ္လို႔ တပ္တြင္းသတင္းရင္းျမစ္ေတြဆီကသိရပါတယ္

thayဆုံးခဲ့သူဟာ သပိတ္က်င္း တတက ၁၃ စစ္ေကာင္စီတပ္က အုပ္ခ်ဳပ္မႈအရာရွိ ဗိုလ္မႉး ေဇာ္ထက္ေအာင္ ဆိုသူျဖစ္ၿပီး သပိတ္က်င္းၿမိဳ႕နယ္အတြင္း ျဖစ္ပြားခဲ့တဲ့တိုက္ပြဲ

တခုမွာ ေဒသကာကြယ္ေရးတပ္ဖြဲ႕ – PDF ေတြဘက္က ပစ္လိုက္တဲ့ thaနတ္ထိမွန္ဒဏ္ရာနဲ႔ ဆုံးသြားခဲ့တာလို႔ တပ္တြင္းသတင္းရင္းျမစ္မ်ားထံက သိရပါတယ္

ဗိုလ္မႉး ေဇာ္ထက္ေအာင္ က ရင္ဘတ္ကို မွန္ထားတာ ထိတာေတာ့နည္းနည္းၾကာၿပီလို႔ သိရတယ္၊ ျပင္းတယ္ ျဖစ္တာကေတာ့ PDF နဲ႔ဘဲ ျဖစ္တာ၊ ဘယ္တိုက္ပြဲလည္းေတာ့ ေသခ်ာမသိဘူး ျဖစ္ျဖစ္ခ်င္းေတာ့ တန္းမေရွာဘူး

အစကျပန္သက္သာတယ္ထင္ရတာ မေန႔က အေျခအေနျပန္ဆိုးလာလို႔ ျပင္ဦးလြင္ကေန ရန္ကုန္ ကုတင္ ၁၀၀၀ စစ္ေဆး႐ုံႀကီးကို လႊဲဖို႔လုပ္ေနတုန္း thayသြားတာ လို႔ တတက ၁၃ တပ္နဲ႔နီးစပ္တဲ့ မႏၲေလး၊နန္းတြင္းရွိ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ – လပခ တပ္တြင္း သတင္းရင္းျမစ္က ေျပာပါတယ္

သပိတ္က်င္းၿမိဳ႕နယ္ အမွတ္ ၁၃ စစ္တပ္တန္းျမႇင့္ေလ့ က်င့္ေရးေက်ာင္း တတက ၁၃ ဟာ စစ္ေကာင္စီတပ္ရဲ႕ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ (လပခ) စစ္တိုင္းကြပ္ကဲမႈျဖစ္တဲ့

မႏၲေလးနဲ႔မေကြးတိုင္းအတြင္း စစ္ေကာင္စီတပ္ ရင္းေတြ အပါအဝင္ ျမန္မာျပည္အထက္ပိုင္းမွာရွိတဲ့ စစ္ေကာင္စီတပ္ရင္းေတြက အျခားအဆင့္ စစ္ေကာင္စီ တပ္ သားေတြကို အၾကပ္ေလာင္း၊ အၾကပ္ငယ္၊ အၾကပ္ႀကီး၊ အရာခံဗိုလ္ စတဲ့စစ္သင္တန္းေတြ ဖြင့္လွစ္သင္ၾကားေနတဲ့

သင္တန္းေက်ာင္းတခုျဖစ္ေပမယ့္ စစ္အာဏာ သိမ္းၿပီးတဲ့ေနာက္မွာေတာ့ သပိတ္က်င္းၿမိဳ႕နယ္အတြင္း အေျချပဳလႈပ္ရွားေနတဲ့ ေဒသကာကြယ္ေရးတပ္ဖြဲ႕ေတြ – PDF နဲ႔ ရင္ဆိုင္တိုက္ပြဲေတြျဖစ္ပြားေနလို႔

အဲ့ဒီ ေလ့က်င့္ေရးေက်ာင္းက သေႏၶသင္တန္းနည္းျပ အရာရွိ၊ အျခားအဆင့္ေတြအပါအဝင္ သင္တန္းတက္ေရာက္ေနတဲ့ သင္တန္း သား စစ္ေကာင္စီတပ္သားေတြပါ သပိတ္က်င္းၿမိဳ႕နယ္အတြင္းကို စစ္ေၾကာင္းထိုးေနရတယ္လို႔ တပ္တြင္း သတင္းရင္းျမစ္ေတြက ဆိုပါတယ္

ဗိုလ္မႉး ေဇာ္ထက္ေအာင္ စစ္တကၠသိုလ္ DSA အမွတ္စဥ္ ၄၆ ဆင္း အရာရွိတဦးျဖစ္ၿပီးေတာ့ တတက ၁၃ ေလ့က်င့္ေရးတပ္ကိုမေရာက္ရွိခင္က စစ္ေကာင္စီတပ္ အမ်ိဳးသမီးတပ္ၾကပ္ႀကီး/စာေရးေတြ သင္တန္း တက္ေရာက္တဲ့

ေမွာ္ဘီၿမိဳ႕အေျခစိုက္ အမွတ္ ၄ အရာခံႏွင့္အၾကပ္ႀကီးသင္ေက်ာင္း ရကသ ၄ ေလ့က်င့္ေရးတပ္နဲ႔ ဗန္းေမာ္ၿမိဳ႕အေျခစိုက္ ခလရ ၂၃၆ တပ္ရင္းေတြကေန ေျပာင္းေ႐ႊ႕လာတာလို႔သိရပါတယ္

လက္ရွိ စစ္ေကာင္စီတပ္မွာေတာ့ DSA အမွတ္စဥ္ ၄၆ ဆင္းေတြဟာ စစ္ဦးစီးမႉး ပထမတန္း G-1 နဲ႔ တပ္ရင္းမႉးအဆင့္ေတြျဖစ္ၿပီး thayဆုံးခဲ့သူ ဗိုလ္မႉး ေဇာ္ထက္ေအာင္က ဗန္းေမာ္ၿမိဳ႕က

တိုက္ခိုက္ေရးတပ္မွာ ျပစ္မႈျဖစ္လို႔ ရာထူးတိုးမရရွိခဲ့ဘဲ ေလ့က်င့္ေရးတပ္ တတက ၁၃ ကိုျပန္လည္ပို႔ေဆာင္ခံခဲ့ရတာလို႔ တပ္သတင္းရင္းျမစ္ကေျပာပါတယ္

စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ စစ္ေကာင္စီတပ္ဟာ ႏိုင္ငံအႏွံ႔ ေတာ္လွန္ေရးအင္အားစုေတြရဲ႕ ခုခံေတာ္လွန္စစ္ေတြကို ရင္ဆိုင္ေနရလို႔ တိုက္ခိုက္ေရးတပ္ေတြသာမက စစ္လက္႐ုံးေလ့က်င့္ေရးတပ္ေတြအပါအဝင္ ကပစ၊ BE ၊ GE၊ Eme ၊ ေဆးတပ္ဖြဲ႕စတဲ့စစ္လက္႐ုံးတပ္ေတြကိုပါ ထုတ္ႏႈတ္သုံးစြဲၿပီး ရင္ဆိုင္လာရတာျဖစ္ပါ တယ္ Crd- Ayeyarwaddy Times

သပိတ်ကျင်း တတက ၁၃ လေ့ကျင့်ရေးတပ်က ဗိုလ်မှူး ဇော်ထက်အောင် thaနတ် ဒဏ်ရာနဲ့ မနေ့ကဆုံးပါး

ဧရာဝတီတိုင်းမ်၊ နိုဝင်ဘာလ ၁၁ ရက် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာအခြေ စိုက် အမှတ် ၁၃ စစ်ကောင်စီတပ်တန်းမြှင့်လေ့ကျင့်ရေး ကျောင်း တတက ၁၃ တပ်က ဗိုလ်မှူး ဇော်ထက်အောင်ဟာ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက ဆုံးခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်

thayဆုံးခဲ့သူဟာ သပိတ်ကျင်း တတက ၁၃ စစ်ကောင်စီတပ်က အုပ်ချုပ်မှုအရာရှိ ဗိုလ်မှူး ဇော်ထက်အောင် ဆိုသူဖြစ်ပြီး သပိတ်ကျင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲ

တခုမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ – PDF တွေဘက်က ပစ်လိုက်တဲ့ thaနတ်ထိမှန်ဒဏ်ရာနဲ့ ဆုံးသွားခဲ့တာလို့ တပ်တွင်းသတင်းရင်းမြစ်များထံက သိရပါတယ်

ဗိုလ်မှူး ဇော်ထက်အောင် က ရင်ဘတ်ကို မှန်ထားတာ ထိတာတော့နည်းနည်းကြာပြီလို့ သိရတယ်၊ ပြင်းတယ် ဖြစ်တာကတော့ PDF နဲ့ဘဲ ဖြစ်တာ၊ ဘယ်တိုက်ပွဲလည်းတော့ သေချာမသိဘူး ဖြစ်ဖြစ်ချင်းတော့ တန်းမရှောဘူး

အစကပြန်သက်သာတယ်ထင်ရတာ မနေ့က အခြေအနေပြန်ဆိုးလာလို့ ပြင်ဦးလွင်ကနေ ရန်ကုန် ကုတင် ၁၀၀၀ စစ်ဆေးရုံကြီးကို လွှဲဖို့လုပ်နေတုန်း thayသွားတာ လို့ တတက ၁၃ တပ်နဲ့နီးစပ်တဲ့ မန္တလေး၊နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် – လပခ တပ်တွင်း သတင်းရင်းမြစ်က ပြောပါတယ်

သပိတ်ကျင်းမြို့နယ် အမှတ် ၁၃ စစ်တပ်တန်းမြှင့်လေ့ ကျင့်ရေးကျောင်း တတက ၁၃ ဟာ စစ်ကောင်စီတပ်ရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) စစ်တိုင်းကွပ်ကဲမှုဖြစ်တဲ့

မန္တလေးနဲ့မကွေးတိုင်းအတွင်း စစ်ကောင်စီတပ် ရင်းတွေ အပါအဝင် မြန်မာပြည်အထက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေက အခြားအဆင့် စစ်ကောင်စီ တပ် သားတွေကို အကြပ်လောင်း၊ အကြပ်ငယ်၊ အကြပ်ကြီး၊ အရာခံဗိုလ် စတဲ့စစ်သင်တန်းတွေ ဖွင့်လှစ်သင်ကြားနေတဲ့

သင်တန်းကျောင်းတခုဖြစ်ပေမယ့် စစ်အာဏာ သိမ်းပြီးတဲ့နောက်မှာတော့ သပိတ်ကျင်းမြို့နယ်အတွင်း အခြေပြုလှုပ်ရှားနေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ – PDF နဲ့ ရင်ဆိုင်တိုက်ပွဲတွေဖြစ်ပွားနေလို့

အဲ့ဒီ လေ့ကျင့်ရေးကျောင်းက သန္ဓေသင်တန်းနည်းပြ အရာရှိ၊ အခြားအဆင့်တွေအပါအဝင် သင်တန်းတက်ရောက်နေတဲ့ သင်တန်း သား စစ်ကောင်စီတပ်သားတွေပါ သပိတ်ကျင်းမြို့နယ်အတွင်းကို စစ်ကြောင်းထိုးနေရတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်

ဗိုလ်မှူး ဇော်ထက်အောင် စစ်တက္ကသိုလ် DSA အမှတ်စဉ် ၄၆ ဆင်း အရာရှိတဦးဖြစ်ပြီးတော့ တတက ၁၃ လေ့ကျင့်ရေးတပ်ကိုမရောက်ရှိခင်က စစ်ကောင်စီတပ် အမျိုးသမီးတပ်ကြပ်ကြီး/စာရေးတွေ သင်တန်း တက်ရောက်တဲ့

မှော်ဘီမြို့အခြေစိုက် အမှတ် ၄ အရာခံနှင့်အကြပ်ကြီးသင်ကျောင်း ရကသ ၄ လေ့ကျင့်ရေးတပ်နဲ့ ဗန်းမော်မြို့အခြေစိုက် ခလရ ၂၃၆ တပ်ရင်းတွေကနေ ပြောင်းရွှေ့လာတာလို့သိရပါတယ်

လက်ရှိ စစ်ကောင်စီတပ်မှာတော့ DSA အမှတ်စဉ် ၄၆ ဆင်းတွေဟာ စစ်ဦးစီးမှူး ပထမတန်း G-1 နဲ့ တပ်ရင်းမှူးအဆင့်တွေဖြစ်ပြီး thayဆုံးခဲ့သူ ဗိုလ်မှူး ဇော်ထက်အောင်က ဗန်းမော်မြို့က

တိုက်ခိုက်ရေးတပ်မှာ ပြစ်မှုဖြစ်လို့ ရာထူးတိုးမရရှိခဲ့ဘဲ လေ့ကျင့်ရေးတပ် တတက ၁၃ ကိုပြန်လည်ပို့ဆောင်ခံခဲ့ရတာလို့ တပ်သတင်းရင်းမြစ်ကပြောပါတယ်

စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ နိုင်ငံအနှံ့ တော်လှန်ရေးအင်အားစုတွေရဲ့ ခုခံတော်လှန်စစ်တွေကို ရင်ဆိုင်နေရလို့ တိုက်ခိုက်ရေးတပ်တွေသာမက စစ်လက်ရုံးလေ့ကျင့်ရေးတပ်တွေအပါအဝင် ကပစ၊ BE ၊ GE၊ Eme ၊ ဆေးတပ်ဖွဲ့စတဲ့စစ်လက်ရုံးတပ်တွေကိုပါ ထုတ်နှုတ်သုံးစွဲပြီး ရင်ဆိုင်လာရတာဖြစ်ပါ တယ် Crd- Ayeyarwaddy Times

Leave a Reply

Your email address will not be published. Required fields are marked *