အရက္ဝိုင္းသိမ္းခိုင္းတဲ့ အုပ္ႀကီးကို ရဲ ၃ ဦးက ဝိုင္း႐ိုက္လို႔ အုပ္ႀကီးသားအဖ ေဆး႐ုံေရာက္ကာ

ဧရာဝတီတိုင္းမ္

ႏိုဝင္ဘာလ ၁၁ ရက္

ဧရာဝတီတိုင္း၊ အဂၤပူၿမိဳ႕နယ္၊ ထူးဝေက်း႐ြာမွာ ႏိုဝင္ဘာလ ၈ ရက္ေန႔ ညက ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးနဲ႔ ရဲတပ္ဖြဲ႕ဝင္ ၃ ဦး ရန္ျဖစ္ရာက အုပ္ခ်ဳပ္ေရးမႉး ဦးေခါင္း ဒဏ္ရာရကာ ေဆး႐ုံတက္ေနရတယ္လို႔ သိရပါတယ္။

ႏိုဝင္ဘာလ ၈ ရက္ေန႔ညက ေက်း႐ြာမူလတန္းေက်ာင္းဆရာဦးေဇာ္ေဇာ္ေအာင္ရဲ႕ ေနအိမ္မွာ အုပ္ခ်ဳပ္ေရးမႉးဦးဖိုးေထာင္အပါအဝင္ ရဲ ၃ဦးနဲ႔အတူတကြ အရက္ေသာက္ ထမင္းခ်က္စားၾကၿပီးညဥ့္နက္ပိုင္းမွာ အုပ္ခ်ဳပ္ေရးမႉးက ဝိုင္းသိမ္းကာ အိမ္ျပန္ၾကဖို႔ေျပာရာမွ စကားမ်ားရန္ျဖစ္ခဲ့တာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

“တန္ေဆာင္တိုင္သူခိုးႀကီးမ်ားညက အုပ္ႀကီးရယ္၊ ႐ြာကေက်ာင္းဆရာရယ္၊ ရဲ ၃ ေယာက္ရယ္ အရက္ေသာက္ထမင္းခ်က္စားၾကရင္းစကားမ်ားၾကတာ။ ရဲသုံးေယာက္အျပန္ကိုအုပ္ႀကီးသားအဖက ေစာင့္ၿပီး႐ိုက္တာ။ ရဲေတြလက္ခ်က္နဲ႔သူတို႔သားအဖပဲေဆး႐ုံေရာက္သြားတယ္”လို႔ ေဒသခံတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာပါတယ္။

လက္ရွိမွာ ရဲ ၃ ဦး ဝိုင္း႐ိုက္တာခံရတဲ့ အုပ္ခ်ဳပ္ေရးမႉးဦးဖိုးေထာင္နဲ႔ သူ႔ရဲ႕သားျဖစ္သူတို႔ဟာ အဂၤပူၿမိဳ႕နယ္၊ ထူးႀကီးတိုက္နယ္ေဆး႐ုံမွာ ေဆးကုသမႈခံယူေနၿပီး ရဲတပ္ဖြဲ႕အႀကီးအကဲမ်ားက ႏွစ္ဦးႏွစ္ဖက္ ေျပလည္ေအာင္ ညႇိႏိူင္းေပးေနတယ္လို႔ေဒသခံေတြဆီကေန သိရပါတယ္။

Ayeyarwaddy_Times

========

အရက်ဝိုင်းသိမ်းခိုင်းတဲ့ အုပ်ကြီးကို ရဲ ၃ ဦးက ဝိုင်းရိုက်လို့ အုပ်ကြီးသားအဖ ဆေးရုံရောက်ကာ

ဧရာဝတီတိုင်းမ်

နိုဝင်ဘာလ ၁၁ ရက်

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ထူးဝကျေးရွာမှာ နိုဝင်ဘာလ ၈ ရက်နေ့ ညက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦး ရန်ဖြစ်ရာက အုပ်ချုပ်ရေးမှူး ဦးခေါင်း ဒဏ်ရာရကာ ဆေးရုံတက်နေရတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ညက ကျေးရွာမူလတန်းကျောင်းဆရာဦးဇော်ဇော်အောင်ရဲ့ နေအိမ်မှာ အုပ်ချုပ်ရေးမှူးဦးဖိုးထောင်အပါအဝင် ရဲ ၃ဦးနဲ့အတူတကွ အရက်သောက် ထမင်းချက်စားကြပြီးညဉ့်နက်ပိုင်းမှာ အုပ်ချုပ်ရေးမှူးက ဝိုင်းသိမ်းကာ အိမ်ပြန်ကြဖို့ပြောရာမှ စကားများရန်ဖြစ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တန်ဆောင်တိုင်သူခိုးကြီးများညက အုပ်ကြီးရယ်၊ ရွာကကျောင်းဆရာရယ်၊ ရဲ ၃ ယောက်ရယ် အရက်သောက်ထမင်းချက်စားကြရင်းစကားများကြတာ။ ရဲသုံးယောက်အပြန်ကိုအုပ်ကြီးသားအဖက စောင့်ပြီးရိုက်တာ။ ရဲတွေလက်ချက်နဲ့သူတို့သားအဖပဲဆေးရုံရောက်သွားတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာ ရဲ ၃ ဦး ဝိုင်းရိုက်တာခံရတဲ့ အုပ်ချုပ်ရေးမှူးဦးဖိုးထောင်နဲ့ သူ့ရဲ့သားဖြစ်သူတို့ဟာ အင်္ဂပူမြို့နယ်၊ ထူးကြီးတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ရဲတပ်ဖွဲ့အကြီးအကဲများက နှစ်ဦးနှစ်ဖက် ပြေလည်အောင် ညှိနိူင်းပေးနေတယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။

Ayeyarwaddy_Times

Leave a Reply

Your email address will not be published. Required fields are marked *