ႏိုဝင္ဘာလ ၈ ရက္ေန႔ AA ႏွင့္ တိုက္ပြဲမ်ားအတြင္း ေသဆုံးသည့္ စစ္သား ၁၀ ဦးတြင္ ဗိုလ္ႀကီးရႈိင္းသူေအာင္ပါဝင္၊ အေလာင္းျပန္မရသျဖင့္ အသုဘမခ်ႏိုင္ဘဲ တရားနာအမွ်ေဝပြဲသာလုပ္ႏိုင္

ရန္ကုန္၊ ႏိုဝင္ဘာ ၁၁

ရခိုင္ျပည္နယ္တြင္ ႏိုဝင္ဘာလ ၈ ရက္ေန႔ ျဖစ္ပြားခဲ့ေသာ AA ႏွင့္ အၾကမ္းဖက္စစ္ေကာင္စီတိုက္ပြဲမ်ားတြင္ ေသဆုံးခဲ့သည့္ စစ္သား ၁၀ ဦးအနက္တြင္ မိတၱီလာမွ ဗိုလ္ႀကီး ရႈိင္းသူေအာင္ပါ ေသဆုံးသြားၿပီး အေလာင္းျပန္မရသျဖင့္ မိသားစုက တရားနာ အမွ်ေဝပြဲသာ လုပ္ႏိုင္ေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

ႏိုဝင္ဘာလ ၁၂ ရက္ေန႔ မႏၲေလးတိုင္း၊ မိတၳီလာၿမိဳ႕၊ မိတၱဗလရပ္ကြက္ရွိ ဗိုလ္ႀကီးရႈိင္းသူေအာင္၏ မိဘေနအိမ္တြက္ တရားနာအမွ်ေဝပြဲ ျပဳလုပ္မည္ျဖစ္ၿပီး ေသဆုံးသြားေသာ ဗိုလ္ႀကီးရႈိင္းသူေအာင္သည္ အသက္ ၃၁ ႏွစ္ရွိေနၿပီျဖစ္ေၾကာင္း သိရွိရသည္။

” သူ႔တပ္ရင္းေတာ့မသိဘူး။ ရခိုင္ဘက္တာဝန္နဲ႔ေျပာင္းသြားတယ္။ ႏိုဝင္ဘာလ ၇ ရက္ေန႔ည လျပည့္ေန႔ ည ၁၂ နာရီေလာက္ သူ႔အေဖနဲ႔ သူက ဖုန္းေျပာေသးတယ္။

အဲဒါ သူက အေဖေရ ေသနတ္သံေတြၾကားတယ္ ၿပီးမွ ျပန္ေခၚမယ္ဆိုၿပီး ဖုန္းခ်သြားတာ။ အဲဒီကတည္းက အဆက္အသြယ္မရေတာ့ဘဲ ေသသြားတာ။ ႏိုဝင္ဘာ ၈ ရက္ေန႔ တိုက္ပြဲေတြျဖစ္ေတာ့ အဲဒီမွာ ေသတာ” ဟု ရန္ကုန္ေခတ္သစ္၏ သတင္းရင္းျမစ္က ေျပာသည္။

ႏိုဝင္ဘာလ ၈ ရက္ေန႔ ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္၊ ပလက္ဝတြင္ တစ္ေန႔တည္း တိုက္ပြဲ ၅ ေနရာျဖစ္ပြားၿပီး စစ္ေကာင္စီဘက္မွ ၁၀ ဦးေသဆုံးၿပီး လက္နက္ခဲယမ္းမ်ား သိမ္း ဆည္းရမိေၾကာင္း ရခိုင္တပ္ေတာ္ AA က ႏိုဝင္ဘာလ ၉ ရက္ေန႔တြင္ သတင္းထုတ္ျပန္ခဲ့သည္။

========

နိုဝင်ဘာလ ၈ ရက်နေ့ AA နှင့် တိုက်ပွဲများအတွင်း သေဆုံးသည့် စစ်သား ၁၀ ဦးတွင် ဗိုလ်ကြီးရှိုင်းသူအောင်ပါဝင်၊ အလောင်းပြန်မရသဖြင့် အသုဘမချနိုင်ဘဲ တရားနာအမျှဝေပွဲသာလုပ်နိုင်

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ရခိုင်ပြည်နယ်တွင် နိုဝင်ဘာလ ၈ ရက်နေ့ ဖြစ်ပွားခဲ့သော AA နှင့် အကြမ်းဖက်စစ်ကောင်စီတိုက်ပွဲများတွင် သေဆုံးခဲ့သည့် စစ်သား ၁၀ ဦးအနက်တွင် မိတ္တီလာမှ ဗိုလ်ကြီး ရှိုင်းသူအောင်ပါ သေဆုံးသွားပြီး အလောင်းပြန်မရသဖြင့် မိသားစုက တရားနာ အမျှဝေပွဲသာ လုပ်နိုင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ မိတ္တဗလရပ်ကွက်ရှိ ဗိုလ်ကြီးရှိုင်းသူအောင်၏ မိဘနေအိမ်တွက် တရားနာအမျှဝေပွဲ ပြုလုပ်မည်ဖြစ်ပြီး သေဆုံးသွားသော ဗိုလ်ကြီးရှိုင်းသူအောင်သည် အသက် ၃၁ နှစ်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

” သူ့တပ်ရင်းတော့မသိဘူး။ ရခိုင်ဘက်တာဝန်နဲ့ပြောင်းသွားတယ်။ နိုဝင်ဘာလ ၇ ရက်နေ့ည လပြည့်နေ့ ည ၁၂ နာရီလောက် သူ့အဖေနဲ့ သူက ဖုန်းပြောသေးတယ်။

အဲဒါ သူက အဖေရေ သေနတ်သံတွေကြားတယ် ပြီးမှ ပြန်ခေါ်မယ်ဆိုပြီး ဖုန်းချသွားတာ။ အဲဒီကတည်းက အဆက်အသွယ်မရတော့ဘဲ သေသွားတာ။ နိုဝင်ဘာ ၈ ရက်နေ့ တိုက်ပွဲတွေဖြစ်တော့ အဲဒီမှာ သေတာ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝတွင် တစ်နေ့တည်း တိုက်ပွဲ ၅ နေရာဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်း ဆည်းရမိကြောင်း ရခိုင်တပ်တော် AA က နိုဝင်ဘာလ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *