





==========

ထိုင်းထီနှစ်စောင်တွဲ ထိုင်းဘတ်ငွေ(12)သန်း ကံထူးရှင်ဇနီးမောင်နှံက ဘတ်(11)သန်းကိုမြန်မာပြည်ပို့ပြီးကျန်ငွေ( 1 )သန်းကို နေရာစုံလိုက်လှူ

ထိုင်းထီနှစ်စောင်တွဲ ထိုင်းဘတ်ငွေ(12)သန်း ကံထူးရှင်ဇနီးမောင်နှံက ဘတ်(11)သန်းကိုမြန်မာပြည်ပို့ပြီးကျန်ငွေ( 1 )သန်းကို နေရာစုံလိုက်လှူသွားတဲ့ စိတ်ဓာတ်ကိုလေးစားလို့ ဒီပိုစ့်လေးဖြင့် ဂုဏ်ပြုလိုက်ရပါသည်

မဟာချိုင်ဝပ်ထစ် ရွှေတိဂုံစေတီပုံတူတည်နေသော နေရာသို့ ဘိလပ်မြေအိတ်များ AAC ဂေဟာတွင် ခိုလှုံနေသော အခက်အခဲရှိ မြန်မာလုပ်သားများအားအလှူလခမရသော AAC အမာခံအဖွဲ့သားများကိုတစ်ဦးချင်းထောက်ပံ့ငွေ ပေးခြင်းခြေလက်မသန်စွမ်းသူများအတွက်

သုံးစွဲရန်လှူပေးခြင်းAAC ဂေဟာရှိ ကိုယ်ဝန်ဆောင်မိခင်များအားထောက်ပံခြင်း AACဂေဟာရှိ ခင်ပွန်းသေဆုံးသူ အမျိုးသမီးများအား ထောက်ပံ့ခြင်း သူငယ်ချင်းမိတ်ဆွေများနှင့်

မြန်မာပြည်တွင်း ထောက်ပံ့ရေး အတွက်ဆန်ဆီခေါက်ဆွဲ ငါး သေတ္တာဗူးများAAC ရုံးရှိအခက်အခဲရှိ လုပ်သားများ အတွက် ထိုင်ဘတ်ငွေ (100000)ဘတ် မြန်မာပြည်မှာ အမှုများရင်ဆိုင်ဖြေရှင်းနေသည့်AAC ဦးဆောင်သူ အမှုကိစ္စများတွင် အသုံးပြုရန်

သုံးသောင်းဘတ် သီးသန့်ထောက်ပံ့ပေးခြင်းအိမ်ပြန်ချင်တဲ့ လုပ်သားများ လမ်းစရိတ်ကားခ အစား အသောက်များကို တာဝန်ယူပြီးလှူသွားပေးတဲ့ထိုင်းထီ ကံထူးရှင် ဇနီးမောင်နှံရဲ့ ကုသိုလ်အားလုံးကို သာဓုခေါ်ပေး သူတိုင်း နောက်အပတ် ထိုင်းထီများကံထူးရှင်များဖြစ်နိုင်ကြပါစေ

Leave a Reply

Your email address will not be published. Required fields are marked *