




=============

ယနေ့ စာရေးဆရာ အကြည်တော်ရဲ့ နောက်ဆုံးခရီးမြင် ကွင်း

စာရေးဆရာ အကြည်တော် (ခေါ်) ဦးစောကြည်ဖြူ၏ ဈာပနအား ယနေ့ ညနေ ၃နာရီတွင် ရေးဝေးသုသာန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆရာအကြည်တော်၏ နောက်ဆုံးခရီးအား အနုပညာရှင်များ ဆရာအကြည်တော်၏ စာဖတ်ပရိသတ်များစွာ လိုက်လံ ပို့ဆောင်ခဲ့ကြသည်။

ဆရာအကြည်တော်သည် နိုဝင်ဘာ ၉ရက်နေ့ ည၈နာရီ ၃၀မိနစ်ခန့်တွင် မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ်အတွင်း ဆုံးပါးခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၅၁နှစ် ရှိပြီဖြစ်သည်။

ဟာသဝတ္ထုများ၊ ကဗျာစာပေများစွာ ရေးသားခဲ့သည့် စာရေးဆရာအကြည်တော်သည် စာပေလောကသို့ ၁၉၈၈ ခုနှစ်မှစတင်ပြီး ကိုကိုကြီး ကလောင်အမည်ဖြင့် စတင်ဝင်ရောက်လာခဲ့ပြီး ၂၀၀၃ ခုနှစ်၌ အကြည်တော် နာမည်ဖြင့် ဟာသလုံးချင်းဝတ္ထုများ စတင်ရေးသားထုတ်ဝေကာ ဟာသလုံးချင်းဝတ္ထုများစွာကို ရေးသားခဲ့သူဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *