မူဆယ္မွာ ကေလးငယ္ တစ္ဦး ‌ေဆာ့ကစားရင္း ေခ်ာ္လဲလို႔ မ်က္လုံးထဲ အကင္တုတ္ စိုက္ဝင္မႈ တစ္ခု ျဖစ္ပြား

ႏိုဝငာၻ ၁၁

ရွမ္းျပည္နယ္ မူဆယ္ရွိ ကေလးငယ္တစ္ဦး ‌ေဆာ့ကစားရင္း ေခ်ာ္လဲလို႔ မ်က္လုံးထဲ အကင္တုတ္ စိုက္ဝင္မႈ တစ္ခု ျဖစ္ပြားခဲ့ေၾကာင္း ႏွလုံးလွ ပရဟိတလူမႈကူညီေရး အသင္းမွသိရပါတယ္။

အဆိုပါ ျဖစ္စဥ္သည္ ႏိုဝင္ဘာ ၁၀ ရက္ေန႔က ျဖစ္ပြားခဲ့တာျဖစ္ၿပီး ကေလးအခ်င္းခ်င္း ေဆာ့ကစားရာမွ အကင္တုတ္ မ်က္စိထဲ စိုက္ဝင္မႈျဖစ္ခဲ့တာလို႔ ေျပာပါတယ္။

ႏွလုံးလွ ပရဟိတလူမႈကူညီေရးအသင္းက “မေန႔ကျဖစ္သည္ ကေလးငယ္မ်ားအား ဂ႐ု တစိုက္ၾကည့္ရႈရန္လိုအပ္ပါသည္။အသင္း႐ုံးသို႔ဖုန္းဆက္အကူအညီေတာင္းခံလာ ေသာ ေၾကာင့္ အခ်ိန္ႏွင့္တေျပးညီ မူဆယ္မွလားရႈိးသို႔ပို႔ေဆာင္ေပးခဲ့ရပါတယ္။

အျမန္ဆုံးျပန္ ေကာင္းပါေစကေလးေရ ဘာမွမျဖစ္ပါေစနဲ႔။အသားကင္ဒုတ္ထိုးမိတာကေလး အခ်င္း ခ်င္း ေဆာ့ကစားၿပီးျဖစ္တာပါ” လို႔ ေျပာၾကားထားပါတယ္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး မိသားစုနဲ႔ နီးစပ္သူ တစ္ဦးက “ထိုးမိတဲ့ ဘက္မ်က္စိကေတာ့ေကာင္းေကာင့္ဖြင့္ပါၿပီဘာမွမျဖစ္တဲ့ဖက္က မ်က္စိဖြင့္မရလို႔ ဒီမနက္ကဘဲ မႏၲေလး မွာသြားၿပီးဆက္ကုသရမွာပါ။

ခေလးကအရင္လိုျပန္ေဆာ့ေပမယ့္ ဘာမွမျဖစ္တဲ့ဖက္ ဖြင့္လို႔မရဘူးျဖစ္ေနတယ္” လို႔ ေျပာၾကားထားပါတယ္။

=========

မူဆယ်မှာ ကလေးငယ် တစ်ဦး ‌ဆော့ကစားရင်း ချော်လဲလို့ မျက်လုံးထဲ အကင်တုတ် စိုက်ဝင်မှု တစ်ခု ဖြစ်ပွား

ႏိုဝင္ဘာ ၁၁

ရှမ်းပြည်နယ် မူဆယ်ရှိ ကလေးငယ်တစ်ဦး ‌ဆော့ကစားရင်း ချော်လဲလို့ မျက်လုံးထဲ အကင်တုတ် စိုက်ဝင်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း နှလုံးလှ ပရဟိတလူမှုကူညီရေး အသင်းမှသိရပါတယ်။

အဆိုပါ ဖြစ်စဉ်သည် နိုဝင်ဘာ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ကလေးအချင်းချင်း ဆော့ကစားရာမှ အကင်တုတ် မျက်စိထဲ စိုက်ဝင်မှုဖြစ်ခဲ့တာလို့ ပြောပါတယ်။

နှလုံးလှ ပရဟိတလူမှုကူညီရေးအသင်းက “မနေ့ကဖြစ်သည် ကလေးငယ်များအား ဂရု တစိုက်ကြည့်ရှုရန်လိုအပ်ပါသည်။အသင်းရုံးသို့ဖုန်းဆက်အကူအညီတောင်းခံလာ သော ကြောင့် အချိန်နှင့်တပြေးညီ မူဆယ်မှလားရှိုးသို့ပို့ဆောင်ပေးခဲ့ရပါတယ်။

အမြန်ဆုံးပြန် ကောင်းပါစေကလေးရေ ဘာမှမဖြစ်ပါစေနဲ့။အသားကင်ဒုတ်ထိုးမိတာကလေး အချင်း ချင်း ဆော့ကစားပြီးဖြစ်တာပါ” လို့ ပြောကြားထားပါတယ်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မိသားစုနဲ့ နီးစပ်သူ တစ်ဦးက “ထိုးမိတဲ့ ဘက်မျက်စိကတော့ကောင်းကောင့်ဖွင့်ပါပြီဘာမှမဖြစ်တဲ့ဖက်က မျက်စိဖွင့်မရလို့ ဒီမနက်ကဘဲ မန္တလေး မှာသွားပြီးဆက်ကုသရမှာပါ။

ခလေးကအရင်လိုပြန်ဆော့ပေမယ့် ဘာမှမဖြစ်တဲ့ဖက် ဖွင့်လို့မရဘူးဖြစ်နေတယ်” လို့ ပြောကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *