စစ္ဗိုလ္တဦးရဲ႕ မဂၤလာေဆာင္ လက္နက္ႀကီးနဲ႔ပစ္ခံရ

ယင္းမာပင္

စစ္ကိုင္းတိုင္း၊ ယင္းမာပင္ၿမိဳ႕ေပၚမွာ စစ္ဗိုလ္တဦးနဲ႔ ရဲေမတဦး မဂၤလာေဆာင္လုပ္ဖို႔ စုေဝးေနတဲ့ေနရာကို ေဒသခံကာကြယ္ေရးတပ္ေတြက ႏိုဝင္ဘာလ ၆ ရက္ ညပိုင္းမွာ လက္နက္ႀကီးနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။

မနက္မဂၤလာေဆာင္မွာ ေကြၽးေမြးဖို႔ ခ်က္ျပဳတ္ျပင္ဆင္ေနၾကခ်ိန္ ည ၈ နာရီေလာက္မွာ စတင္ပစ္ခတ္တိုက္ခိုက္ခဲ့တာလို႔ Bo Thurain-Yinmabinpdf တပ္ရင္းမႉး ဗိုလ္သူရိန္က ေျပာပါတယ္။

“ညက ခ်က္ျပဳတ္ၿပီး မနက္ အေကြၽးအေမြးလုပ္မယ္ သတင္းရလို႔ က်ေနာ္တို႔မဟာမိတ္အဖြဲ႕ေတြနဲ႔ ဘက္ေပါင္းစုံကေန လက္နက္ႀကီး နဲ႔ ည ၈ နာရီခြဲကေန စပစ္တာ။ ည ၁၂ နာရီ မိနစ္ ၂၀ အထိ ပစ္ခတ္ခဲ့တယ္။ လက္နက္ႀကီးနဲ႔ အလုံး ၅၀ ေလာက္ ပစ္ခတ္ႏိုင္ခဲ့တယ္” လို႔ ေျပာပါတယ္။

ခုလိုပစ္ခတ္ခံရတာေၾကာင့္ မဂၤလာေဆာင္ကို အႀကီးအက်ယ္မလုပ္ႏိုင္ပဲ အက်ဥ္းခ်ဳံးသာျပဳလုပ္ခဲ့ရတယ္လို႔လည္း ဗိုလ္သူရိန္က ဆက္ေျပာပါတယ္။

“မနက္ခင္းမွာေတာ့ က်ေနာ္တို႔ပစ္ခဲ့တဲ့ တည္ေနရာေတြမွာ စစ္သားေတြ ေျခရႈပ္ေနတယ္။ အင္အား ၂၀ေလာက္နဲ႔ ၿမိဳ႕ပတ္ပတ္လည္ လွည့္ၿပီးေတာ့ ကင္းေတြေစာင့္ေနတာေတာ့ က်ေနာ္တို႔ေတြ႕ရတယ္။ မဂၤလာေဆာင္အခမ္းအနားကိုေတာ့ ႀကီးႀကီးက်ယ္က်ယ္မလုပ္ျဖစ္ပဲ တိုးတိုးတိတ္တိတ္ ခိုးေၾကာင္ခိုးဝွက္ မဂၤလာေဆာင္လိုက္ရတဲ့ အေနအထား ျဖစ္သြားတယ္” လို႔ ေျပာပါတယ္။

တိုက္ခိုက္မႈေၾကာင့္ ထိခိုက္၊ ေသဆုံးအေျခအေနေတြကို မသိရေသးပဲ အဲ့ဒီေနရာအနီးမွာ စစ္ေကာင္စီတပ္ေတြရွိေနၿပီး၊ ၿမိဳ႕ပတ္ပတ္လည္မွာလည္း ကင္းပတ္ေနၾကတယ္လို႔ သိရပါတယ္။

သတင္း – ဒိန္းဂ်ား၊ စာတည္း – လင္း

ေျမလတ္အသံ

=============

စစ်ဗိုလ်တဦးရဲ့ မင်္ဂလာဆောင် လက်နက်ကြီးနဲ့ပစ်ခံရ

ယင်းမာပင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်မှာ စစ်ဗိုလ်တဦးနဲ့ ရဲမေတဦး မင်္ဂလာဆောင်လုပ်ဖို့ စုဝေးနေတဲ့နေရာကို ဒေသခံကာကွယ်ရေးတပ်တွေက နိုဝင်ဘာလ ၆ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မနက်မင်္ဂလာဆောင်မှာ ကျွေးမွေးဖို့ ချက်ပြုတ်ပြင်ဆင်နေကြချိန် ည ၈ နာရီလောက်မှာ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Bo Thurain-Yinmabinpdf တပ်ရင်းမှူး ဗိုလ်သူရိန်က ပြောပါတယ်။

“ညက ချက်ပြုတ်ပြီး မနက် အကျွေးအမွေးလုပ်မယ် သတင်းရလို့ ကျနော်တို့မဟာမိတ်အဖွဲ့တွေနဲ့ ဘက်ပေါင်းစုံကနေ လက်နက်ကြီး နဲ့ ည ၈ နာရီခွဲကနေ စပစ်တာ။ ည ၁၂ နာရီ မိနစ် ၂၀ အထိ ပစ်ခတ်ခဲ့တယ်။ လက်နက်ကြီးနဲ့ အလုံး ၅၀ လောက် ပစ်ခတ်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။

ခုလိုပစ်ခတ်ခံရတာကြောင့် မင်္ဂလာဆောင်ကို အကြီးအကျယ်မလုပ်နိုင်ပဲ အကျဉ်းချုံးသာပြုလုပ်ခဲ့ရတယ်လို့လည်း ဗိုလ်သူရိန်က ဆက်ပြောပါတယ်။

“မနက်ခင်းမှာတော့ ကျနော်တို့ပစ်ခဲ့တဲ့ တည်နေရာတွေမှာ စစ်သားတွေ ခြေရှုပ်နေတယ်။ အင်အား ၂၀လောက်နဲ့ မြို့ပတ်ပတ်လည် လှည့်ပြီးတော့ ကင်းတွေစောင့်နေတာတော့ ကျနော်တို့တွေ့ရတယ်။ မင်္ဂလာဆောင်အခမ်းအနားကိုတော့ ကြီးကြီးကျယ်ကျယ်မလုပ်ဖြစ်ပဲ တိုးတိုးတိတ်တိတ် ခိုးကြောင်ခိုးဝှက် မင်္ဂလာဆောင်လိုက်ရတဲ့ အနေအထား ဖြစ်သွားတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် ထိခိုက်၊ သေဆုံးအခြေအနေတွေကို မသိရသေးပဲ အဲ့ဒီနေရာအနီးမှာ စစ်ကောင်စီတပ်တွေရှိနေပြီး၊ မြို့ပတ်ပတ်လည်မှာလည်း ကင်းပတ်နေကြတယ်လို့ သိရပါတယ်။

သတင်း – ဒိန်းဂျား၊ စာတည်း – လင်း

မြေလတ်အသံ

Leave a Reply

Your email address will not be published. Required fields are marked *