အလႉအတန္းကာလေတြ ၿပီးတဲ့ေနာက္ ေ႐ႊေဈးကြက္ အေရာင္းအဝယ္ ေအးၿပီး ေ႐ႊေဈးႏႈန္းလည္း တရိပ္ရိပ္ ျပန္က်လာလိမ့္မယ္လို႔ ရန္ကုန္ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း YGEA ဥကၠဌ ဦးမ်ိဳးျမင့္က Myanma Platform သတင္းမွာ ေျပာဆိုထားပါတယ္။

ၿပီးခဲ့တဲ့ေအာက္တိုဘာလကုန္ပိုင္းက ရန္ကုန္က ေ႐ႊဆိုင္အားလုံးကို အေခါက္ေ႐ႊ တစ္က်ပ္သားေဈး က်ပ္ ၂၅၃၀၀၀၀ နဲ႔ ေရာင္းေပးဖို႔ YGEA အသင္းက ပန္ၾကားခဲ့ၿပီး ဒီေန႔ ႏိုဝင္ဘာ ၁၀ အထိေတာ့ ျပင္ပေ႐ႊေဈးက က်ပ္ ၂၆ သိန္း ၈ ေသာင္းပတ္လည္မွာ တည္ရွိေနပါတယ္။

YGEA ဥကၠဌ ဦးမ်ိဳးျမင့္အေျပာအရ ေ႐ႊေဈးဟာ ခပ္ျဖည္းျဖည္း ျပန္က်လာလိမ့္မယ္လို႔ သိရၿပီး လတ္တေလာမွာ ကမာၻ႔ေ႐ႊေဈး အတက္အက် ျဖစ္ေနလို႔ ျပည္တြင္းေ႐ႊေဈး အက်ဘက္ ေရာက္ခ်ိန္မွာ ကမာၻ႔ေ႐ႊေဈး ျပန္တက္လာတယ္လို႔ ဆိုပါတယ္။

ၿပီးေတာ့..ေဒၚလာေဈးကလည္း သိပ္မၿငိမ္ဘဲ လက္ရွိ ေ႐ႊေဈး ျမင့္တက္ေနတာကလည္း ပစၥည္းျပတ္လို႔ မဟုတ္ေၾကာင္း၊ အရင္က ေကာလာဟလေတြကို ယုံၿပီး လုဝယ္ၾကတာနဲ႔ ေဈးတက္ခဲ့တာ ျဖစ္ေၾကာင္း၊ အခုေတာ့ ပစၥည္းလည္း ေပါၿပီး ေ႐ႊကုန္သည္ေတြကလည္း ေကာလာဟလေတြကို သိပ္မယုံၾကေတာ့ေၾကာင္း.. ၊

လက္ရွိမွာအေရာင္းအဝယ္ေတြ ေအးေနၿပီး ေ႐ႊလုပ္ငန္းေတြက ေနာက္လမွာ ပုံမွန္ ျပန္စေတာ့မွာ ျဖစ္ေၾကာင္း၊ အခုေတာ့ မိုးေကာင္းေနၿပီး ေရနည္းနည္း မ်ားေနလို႔ ေ႐ႊလုပ္ငန္းေတြ မစႏိုင္ေသးေၾကာင္း ဦးမ်ိဳးျမင့္က ေျပာပါတယ္။

ဒီရက္ပိုင္းမွာကမာၻ႔ေ႐ႊေဈးက တစ္ေအာင္စကို ေဒၚလာ ၁၇၀၀ အထက္ ျမင့္တက္ေနၿပီး ျပည္တြင္းေ႐ႊေဈးကလည္း ၁၆ ပဲရည္ အေခါက္ေ႐ႊ တစ္က်ပ္သားကို ၂၆ သိန္း ၇ ေသာင္းနဲ႔ ၂၆ သိန္း ၈ ေသာင္းၾကားမွာ ရွိေနပါတယ္။ YGEA ကေတာ့ ရည္ၫႊန္းေ႐ႊေဈးကို က်ပ္ သိန္း ၂၀ အထက္မွာ သတ္မွတ္ထားပါတယ္။

===========

အလှူအတန်းကာလတွေ ပြီးတဲ့နောက် ရွှေဈေးကွက် အရောင်းအဝယ် အေးပြီး ရွှေဈေးနှုန်းလည်း တရိပ်ရိပ် ပြန်ကျလာလိမ့်မယ်လို့ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း YGEA ဥက္ကဌ ဦးမျိုးမြင့်က Myanma Platform သတင်းမှာ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းက ရန်ကုန်က ရွှေဆိုင်အားလုံးကို အခေါက်ရွှေ တစ်ကျပ်သားဈေး ကျပ် ၂၅၃၀၀၀၀ နဲ့ ရောင်းပေးဖို့ YGEA အသင်းက ပန်ကြားခဲ့ပြီး ဒီနေ့ နိုဝင်ဘာ ၁၀ အထိတော့ ပြင်ပရွှေဈေးက ကျပ် ၂၆ သိန်း ၈ သောင်းပတ်လည်မှာ တည်ရှိနေပါတယ်။

YGEA ဥက္ကဌ ဦးမျိုးမြင့်အပြောအရ ရွှေဈေးဟာ ခပ်ဖြည်းဖြည်း ပြန်ကျလာလိမ့်မယ်လို့ သိရပြီး လတ်တလောမှာ ကမ္ဘာ့ရွှေဈေး အတက်အကျ ဖြစ်နေလို့ ပြည်တွင်းရွှေဈေး အကျဘက် ရောက်ချိန်မှာ ကမ္ဘာ့ရွှေဈေး ပြန်တက်လာတယ်လို့ ဆိုပါတယ်။

ပြီးတော့..ဒေါ်လာဈေးကလည်း သိပ်မငြိမ်ဘဲ လက်ရှိ ရွှေဈေး မြင့်တက်နေတာကလည်း ပစ္စည်းပြတ်လို့ မဟုတ်ကြောင်း၊ အရင်က ကောလာဟလတွေကို ယုံပြီး လုဝယ်ကြတာနဲ့ ဈေးတက်ခဲ့တာ ဖြစ်ကြောင်း၊ အခုတော့ ပစ္စည်းလည်း ပေါပြီး ရွှေကုန်သည်တွေကလည်း ကောလာဟလတွေကို သိပ်မယုံကြတော့ကြောင်း.. ၊

လက်ရှိမှာအရောင်းအဝယ်တွေ အေးနေပြီး ရွှေလုပ်ငန်းတွေက နောက်လမှာ ပုံမှန် ပြန်စတော့မှာ ဖြစ်ကြောင်း၊ အခုတော့ မိုးကောင်းနေပြီး ရေနည်းနည်း များနေလို့ ရွှေလုပ်ငန်းတွေ မစနိုင်သေးကြောင်း ဦးမျိုးမြင့်က ပြောပါတယ်။

ဒီရက်ပိုင်းမှာကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ဒေါ်လာ ၁၇၀၀ အထက် မြင့်တက်နေပြီး ပြည်တွင်းရွှေဈေးကလည်း ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို ၂၆ သိန်း ၇ သောင်းနဲ့ ၂၆ သိန်း ၈ သောင်းကြားမှာ ရှိနေပါတယ်။ YGEA ကတော့ ရည်ညွှန်းရွှေဈေးကို ကျပ် သိန်း ၂၀ အထက်မှာ သတ်မှတ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *