အၾကမ္းဖက္စစ္တပ္က တိုက္ခိုက္ေရးရဟတ္ယာဥ္ ၁၂၀ မမ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနေပမယ့္ တစ္လက္မမွ် ေနာက္မဆုတ္ဘူးလို႔ KNLA ဆို

ႏိုဝင္ဘာ ၁၀၊ The Nation Voice

အၾကမ္းဖက္စစ္တပ္ရဲ႕အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္ (ေမာ္လၿမိဳင္) ေဝၚေလဗ်ဴဟာမွာ အေျချပဳထားတဲ့ Mi -35 P အမ်ိဳးအစား တိုက္ခိုက္ေရးရဟတ္ယာဥ္ျဖင့္ ပူးေပါင္းတပ္ဖြဲေတြကို ဘလက္တိုေက်း႐ြာနဲ႔ အနီးဝန္းက်င္ကို ႏွစ္ႀကိမ္ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ KNLA တပ္ရင္း (၂၇) ေကာ္ဘရာစစ္ေၾကာင္းက ထုတ္ျပန္ပါတယ္။

အဲဒီလို ရဟတ္ယာဥ္နဲ႔ တိုက္ခိုက္ေနခ်ိန္အတြင္း မဂၤလာဒုံေလတပ္စခန္းက MPA ATR (42) အမ်ိဳးအစား ေလယာဥ္အမွတ္ (၀၀၀၆) ကင္းေထာက္ ေလယာဥ္နဲ႔ ေလးေက့ေကာ္၊ ဖလူး၊ မင္းလက္ပံ၊ သဲျဖဴေခ်ာင္း၊ လူခို၊ ဘလက္တို၊ ေသ့ေဘာ့ဘိုး ေက်း႐ြာအနီးဝန္းက်င္ေဒသေတြကို ကင္းေထာက္ ပ်ံသန္းခဲ့ေသးတယ္လို႔လည္း ဆိုပါတယ္။

အၾကမ္းဖက္ စစ္တပ္ရဲ႕ တပ္မ (၄၄) လက္ေအာက္ခံ တပ္ေတြကို KNLA တပ္ရင္း (၂၇) ေကာ္ဘရာပူးေပါင္းစစ္ေၾကာင္း၊ တပ္မဟာ လုံၿခဳံေရးစစ္ေၾကာင္း တပ္ခြဲ (၂) ၊ Federal Wings ဒ႐ုန္းအဖြဲ၊ ေရာင္နီတပ္ခြဲ ဒ႐ုန္းအဖြဲ စတဲ့ ပူးေပါင္းတပ္ဖြဲေတြက ႐ြတ္႐ြတ္ခြၽံခြၽံ တိုက္ခိုက္ေနတယ္လို႔ ထုတ္ျပန္ထားပါတယ္။

ဒီေန႔ ႏွစ္ဖက္တိုက္ပြဲအတြင္း အၾကမ္းဖက္စစ္ေကာင္စီ တပ္ေတြက (၁၂၀) မမ လက္နက္ႀကီးေတြနဲ႔ ပူးေပါင္းတပ္ဖြဲေတြကို ပစ္ခတ္ျခင္း၊ ရဟတ္ယာဥ္ေတြနဲ႔ ေျခမႈန္းတိုက္ခိုက္ခဲ့ေပမယ့္ ပူးေပါင္းတပ္ဖြဲေတြဘက္က တစ္လက္မ မွ် ေနာက္မဆုတ္ပဲ မေလ်ာ့ေသာ လုံ႔လနဲ႔ တိုက္ပြဲဝင္ေနနတယ္လို႔ ဆိုပါတယ္။

စစ္ေကာင္စီတပ္ေတြဘက္ကို ဒ႐ုန္းတပ္ဖြဲ႕ေတြက ဗုံးႀကဲတိုက္ခိုက္လ်က္ရွိရာ အၾကမ္းဖက္စစ္ေကာင္စီတပ္ေတြ ထိခိုက္ေသဆုံးမႈေတြရွိေပမယ့္ အေရအတြက္ အတိအက်ကို စစ္ေျမျပင္ အေျခအေနေတြအရ အတည္မျပဳႏိုင္ေသးဘူးလို႔လည္း ဆိုပါတယ္။

အၾကမ္းဖက္စစ္တပ္က တိုက္ခိုက္ေရးရဟတ္ယာဥ္ ၁၂၀ မမ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနေပမယ့္ တစ္လက္မမွ် ေနာက္မဆုတ္ဘူးလို႔ KNLA ဆို

==========

အကြမ်းဖက်စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပေမယ့် တစ်လက်မမျှ နောက်မဆုတ်ဘူးလို့ KNLA ဆို

နိုဝင်ဘာ ၁၀၊ The Nation Voice

အကြမ်းဖက်စစ်တပ်ရဲ့အရှေ့တောင်တိုင်း စစ်ဌာနချုပ် (မော်လမြိုင်) ဝေါ်လေဗျူဟာမှာ အခြေပြုထားတဲ့ Mi -35 P အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ပူးပေါင်းတပ်ဖွဲတွေကို ဘလက်တိုကျေးရွာနဲ့ အနီးဝန်းကျင်ကို နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

အဲဒီလို ရဟတ်ယာဉ်နဲ့ တိုက်ခိုက်နေချိန်အတွင်း မင်္ဂလာဒုံလေတပ်စခန်းက MPA ATR (42) အမျိုးအစား လေယာဉ်အမှတ် (၀၀၀၆) ကင်းထောက် လေယာဉ်နဲ့ လေးကေ့ကော်၊ ဖလူး၊ မင်းလက်ပံ၊ သဲဖြူချောင်း၊ လူခို၊ ဘလက်တို၊ သေ့ဘော့ဘိုး ကျေးရွာအနီးဝန်းကျင်ဒေသတွေကို ကင်းထောက် ပျံသန်းခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက် စစ်တပ်ရဲ့ တပ်မ (၄၄) လက်အောက်ခံ တပ်တွေကို KNLA တပ်ရင်း (၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း တပ်ခွဲ (၂) ၊ Federal Wings ဒရုန်းအဖွဲ၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ စတဲ့ ပူးပေါင်းတပ်ဖွဲတွေက ရွတ်ရွတ်ချွံချွံ တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီနေ့ နှစ်ဖက်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်တွေက (၁၂၀) မမ လက်နက်ကြီးတွေနဲ့ ပူးပေါင်းတပ်ဖွဲတွေကို ပစ်ခတ်ခြင်း၊ ရဟတ်ယာဉ်တွေနဲ့ ခြေမှုန်းတိုက်ခိုက်ခဲ့ပေမယ့် ပူးပေါင်းတပ်ဖွဲတွေဘက်က တစ်လက်မ မျှ နောက်မဆုတ်ပဲ မလျော့သော လုံ့လနဲ့ တိုက်ပွဲဝင်နေနတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဘက်ကို ဒရုန်းတပ်ဖွဲ့တွေက ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ထိခိုက်သေဆုံးမှုတွေရှိပေမယ့် အရေအတွက် အတိအကျကို စစ်မြေပြင် အခြေအနေတွေအရ အတည်မပြုနိုင်သေးဘူးလို့လည်း ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပေမယ့် တစ်လက်မမျှ နောက်မဆုတ်ဘူးလို့ KNLA ဆို

Leave a Reply

Your email address will not be published. Required fields are marked *