

နိုဝင္ဘာ ၁၀





========

အကြည်တော် ဘယ်လို ဆုံးခဲ့ရလဲ ပြောလာတဲ့ အစ်ကို ကိုဆန်း

စာရေးဆရာအကြည်တော်ကို နိုဝင်ဘာ ၁၁ ရက်နေ့ နေ့လယ် ရေဝေးသုဿာန်မှာ သြင်္ဂိုလ်မည်

ႏိုဝင္ဘာ ၁၀

စာရေးဆရာအကြည်တော်ကို နိုဝင်ဘာ ၁၁ ရက်နေ့ နေ့လယ်မှာ ရန်ကုန်မြို့ ရေဝေးသုဿာန်မှာ သြင်္ဂိုလ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

မြန်မာပြည်ရဲ့ နာမည်ကျော် ဝတ္တုစာရေးဆရာ တစ်ဦးဖြစ်သည့် ဆရာအကြည်တော် (ဦးစောကြည်ဖြူ -၅၁ ) နှစ် သည် နိုဝင်ဘာ ၉ ရက်နေ့ ည ၈ နာရီခွဲက ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

စာရေးဆရာအကြည်တော်ရဲ့ အစ်ကိုကြီး ဖြစ်သူ ပန်းချီဆရာကိုမိုးက ” ညီငယ်အကြည်တော်ရဲ့လူ့ဘဝ တွင်နောက်ဆုံး နေထိုင်ခွင့် ရခဲ့သော နောက်ဆုံးနေ့နှင့်လူ့ဘဝ မှ နောက်ဆုံး ထွက်ခွာမည့် နေ့နဲ့နောက်ဆုံး ခရီးပါရပ်နီး ရပ်ဝေးမှဆွေမျိုး မိသင်္ဂဟများအားအားလုံးကိုအသိပေး ဖိတ်မဏ္ဍကပြုလိုက်ရပါတယ်ဗျာ” လို့ ပြောကြားထားပါတယ်။

ဆရာတော် အကြည်တော်ရဲ့ နာရေးအခမ်းအနားကို လိုက်ပါပို့ဆောင်လိုသူတွေအတွက် ရန်ကုန်မြို့ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ၂၆ ရပ်ကွက် မြတ်မင်္ဂလာလမ်း အိမ်အမှတ် ၁၁၇ ကနေ ရေဝေးသုဿာန်ကို နေ့လယ် ၂ နာရီမှာ ထွက်ခွာမယ်လို့ မိသားစု အသိုင်းအဝန်းက ပြောကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *