သီခ်င္းဆိုရင္း မိုက္လုရာက စကားမ်ားရန္ျဖစ္ၿပီး လူသတ္မႈျဖစ္

ရန္ကုန္၊ ႏိုဝင္ဘာ ၈

ပဲခူးတိုင္း၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္၊ ေလွတုန္းေက်း႐ြာမွာ ဒီေန႔မနက္အေစာပိုင္းက ေက်း႐ြာသားအခ်င္းခ်င္း စကားမ်ားရန္ျဖစ္ၿပီး လူသတ္မႈျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္

ဒီေန႔ ႏိုဝင္ဘာလ ၈ ရက္ မနက္ ၁ နာရီခန႔္က ေလွတုန္းေက်း႐ြာမွာ စပါးရိတ္သိမ္းၿပီးတဲ့ အထိမ္းအမွတ္နဲ႔ ေပ်ာ္ပြဲစား ျပဳလုပ္ကာ သီခ်င္းဆိုေနစဥ္ အဲဒီေက်း႐ြာက ဦးမ်ိဳးလြင္နဲ႔ ကိုေက်ာ္ခိုင္တို႔ဟာ သီခ်င္းဆိုေနရင္း မိုက္လုရာက စကားမ်ားရန္ျဖစ္ခဲ့ၾကတယ္လို႔ သိရပါတယ္။

အဲ့ဒီလို စကားမ်ားရန္ျဖစ္ရာ ဦးမ်ိဳးလြင္က တစ္႐ြာတည္းေနထိုင္သူ ကိုေက်ာ္ခိုင္ကို အ႐ိုးအသြား ၆ လက္မခန႔္ရွိတဲ့ ဓားေျမႇာင္နဲ႔ ထိုးလိုက္ရာ ဓားထိုးခံရသူ ကိုေက်ာ္ခိုင္မွာ အခင္းျဖစ္ေနရာမွာပဲ ေသဆုံးသြားတယ္လို႔ သိရပါတယ္။

အဲ့ဒီျဖစ္စဥ္မွာ ဓားနဲ႔ ထိုးခဲ့တဲ့ ဦးမ်ိဳးလြင္ဟာ ထြက္ေျပးသြားေပမယ့္ မနက္ပိုင္းမွာေတာ့ ရဲတပ္ဖြဲ႕က ျပန္ဖမ္းမိသြားခဲ့ၿပီး လူသတ္မႈနဲ႔ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

#Mercury_Media
#Mercury_Local_News

===========

သီချင်းဆိုရင်း မိုက်လုရာက စကားများရန်ဖြစ်ပြီး လူသတ်မှုဖြစ်

ရန်ကုန်၊ နိုဝင်ဘာ ၈

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ လှေတုန်းကျေးရွာမှာ ဒီနေ့မနက်အစောပိုင်းက ကျေးရွာသားအချင်းချင်း စကားများရန်ဖြစ်ပြီး လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်

ဒီနေ့ နိုဝင်ဘာလ ၈ ရက် မနက် ၁ နာရီခန့်က လှေတုန်းကျေးရွာမှာ စပါးရိတ်သိမ်းပြီးတဲ့ အထိမ်းအမှတ်နဲ့ ပျော်ပွဲစား ပြုလုပ်ကာ သီချင်းဆိုနေစဉ် အဲဒီကျေးရွာက ဦးမျိုးလွင်နဲ့ ကိုကျော်ခိုင်တို့ဟာ သီချင်းဆိုနေရင်း မိုက်လုရာက စကားများရန်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီလို စကားများရန်ဖြစ်ရာ ဦးမျိုးလွင်က တစ်ရွာတည်းနေထိုင်သူ ကိုကျော်ခိုင်ကို အရိုးအသွား ၆ လက်မခန့်ရှိတဲ့ ဓားမြှောင်နဲ့ ထိုးလိုက်ရာ ဓားထိုးခံရသူ ကိုကျော်ခိုင်မှာ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်မှာ ဓားနဲ့ ထိုးခဲ့တဲ့ ဦးမျိုးလွင်ဟာ ထွက်ပြေးသွားပေမယ့် မနက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့က ပြန်ဖမ်းမိသွားခဲ့ပြီး လူသတ်မှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

#Mercury_Media
#Mercury_Local_News

Leave a Reply

Your email address will not be published. Required fields are marked *