ၾကည့္ ပီးၾကပီလား… 😋ယေန႔ ျပည္သူမ်ားကို ဖမ္းလာသည့္ စခ ေတြရဲ႕ကားကို အနီးကပ္ ဝိုင္းဗ်င္းၾကတဲ့ ႐ုပ္သံ

သထုံတြင္ ျပည္သူမ်ားကို ဖမ္းဆီးလာသည့္ကား ၾကားျဖတ္တိုက္ခိုက္ခံရၿပီး ဒုတပ္ရင္းမႉး ခ်စ္ဝင္းသူ အပါအဝင္ ၃ ဦးေသဆုံး (႐ုပ္/သံ)

ဧရာဝတီတိုင္းမ္

(သထုံ)၊ ႏိုဝင္ဘာလ ၁၀ ရက္

မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္၊ ဝင္းစိန္ေက်း႐ြာတြင္ ႏိုဝင္ဘာလ ၁၀ ရက္ နံနက္ ၅နာရီ ၃၀ မိနစ္၌ ျပည္သူအားမတရားဖမ္းဆီးလာသည့္ စစ္ေကာင္စီကားကို သထုံျပည္သူ႔ကာကြယ္ေရးတပ္မွ တားဆီးတိုက္ခိုက္ခဲ့ေၾကာင္း သထုံ PDF ထံကသိရသည္။

ဝင္းစိန္ေက်း႐ြာတြင္ေနထိုင္သည့္ ေဒသခံမ်ားအားဖမ္းဆီးလာသည့္ ေလ့က်င့္ေရး၉ ဒုတပ္ရင္းမႉးဗိုလ္မႉးခ်စ္ဝင္းသူဦးေဆာင္သည့္ကားအား ၾကားျဖတ္တားဆီးပစ္ခတ္ခဲ့ရာ ၃ ဦးေသဆုံးၿပီး တစ္ဦးမွာထြက္ေျပးလြတ္ေျမာက္သြားၿပီး ဖမ္းဆီးခံျပည္သူမ်ားမွာ လြတ္ေျမာက္ခဲ့ေၾကာင္း သိရပါသည္။

“သူတို႔က႐ြာကသူေတြဖမ္းလာတာ၊ ကြၽန္ေတာ္တို႔ကသတင္းရေတာ့ အဲ့ဒီနားရွိေနတာနဲ႔တားပီး ပစ္ခဲ့တာ၊ သူတို႔ဘက္ကျပန္မပစ္ႏိုင္ဘူး၊ ကားေပၚပါလာတဲ့စစ္ေကာင္စီဘက္က ၄ ေယာက္မွာ ဗိုလ္မႉးအပါ ၃ေယာက္ေသသြားတယ္၊ တေယာက္ကေတာ့ထြက္ေျပးသြားတယ္၊

ခုေတာ့သူတို႔ဘက္ကအေလာင္းေတြျပန္သယ္သြားၿပီး ႐ြာထဲရွာေဖြတာေတြလုပ္ေနတယ္”ဟု သထုံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕တာဝန္ရွိသူမွ ဧရာဝတီတိုင္းမ္ကိုေျပာသည္။

ေသဆုံးခဲ့သည့္ ဗိုလ္ရင္းမႉးခ်စ္ဝင္းသူမွာ ထုံးဘိုေလးေက်း႐ြာမီးရႈိ႕မႈအားအဓိကဦးေဆာင္သူျဖစ္ၿပီး တက္ႂကြလႈပ္ရွားသူမ်ားအားဖမ္းဆီးျခင္း၊ မူးယစ္ေဆးေမွာင္ခိုႏွင့္ကားေမွာင္ခိုလုပ္ငန္းမ်ားလုပ္ကိုင္ေနေၾကာင္း သိရွိရသည္။

အဆိုပါ ပစ္ခတ္မႈေၾကာင့္ စစ္ေကာင္စီမွအင္အား ၅၀ ဝန္းက်င္ျဖင့္ အဆိုပါပစ္ခတ္မႈအနီးတြင္ရွာေဖြမႈမ်ားျပဳလုပ္ေနၿပီး ျပည္သူ႔ကာကြယ္ေရးရဲေဘာ္မ်ားမွာလုံၿခဳံရာသို႔ဆုတ္ခြာႏိုင္ခဲ့ေၾကာင္း သိရသည္။

ဒါ့ျပင္ သထုံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕သည္ ေအာက္တိုဘာလ ၂၆ ရက္ေန႔တြင္လည္း ဘီယာဆိုင္ထိုင္ေနသည့္ ေထာင္မႉးေက်း႐ြာအုပ္စု နယ္ထိန္းေအာင္ထြန္းဝင္းအား ပစ္ခတ္ရွင္းလင္းခဲ့ပါေသးသည္။

Ayeyarwaddy_Times

========

ကြည့် ပီးကြပီလား… 😋ယနေ့ ပြည်သူများကို ဖမ်းလာသည့် စခ တွေရဲ့ကားကို အနီးကပ် ဝိုင်းဗျင်းကြတဲ့ ရုပ်သံ

သထုံတွင် ပြည်သူများကို ဖမ်းဆီးလာသည့်ကား ကြားဖြတ်တိုက်ခိုက်ခံရပြီး ဒုတပ်ရင်းမှူး ချစ်ဝင်းသူ အပါအဝင် ၃ ဦးသေဆုံး (ရုပ်/သံ)

ဧရာဝတီတိုင်းမ်

(သထုံ)၊ နိုဝင်ဘာလ ၁၀ ရက်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာတွင် နိုဝင်ဘာလ ၁၀ ရက် နံနက် ၅နာရီ ၃၀ မိနစ်၌ ပြည်သူအားမတရားဖမ်းဆီးလာသည့် စစ်ကောင်စီကားကို သထုံပြည်သူ့ကာကွယ်ရေးတပ်မှ တားဆီးတိုက်ခိုက်ခဲ့ကြောင်း သထုံ PDF ထံကသိရသည်။

ဝင်းစိန်ကျေးရွာတွင်နေထိုင်သည့် ဒေသခံများအားဖမ်းဆီးလာသည့် လေ့ကျင့်ရေး၉ ဒုတပ်ရင်းမှူးဗိုလ်မှူးချစ်ဝင်းသူဦးဆောင်သည့်ကားအား ကြားဖြတ်တားဆီးပစ်ခတ်ခဲ့ရာ ၃ ဦးသေဆုံးပြီး တစ်ဦးမှာထွက်ပြေးလွတ်မြောက်သွားပြီး ဖမ်းဆီးခံပြည်သူများမှာ လွတ်မြောက်ခဲ့ကြောင်း သိရပါသည်။

“သူတို့ကရွာကသူတွေဖမ်းလာတာ၊ ကျွန်တော်တို့ကသတင်းရတော့ အဲ့ဒီနားရှိနေတာနဲ့တားပီး ပစ်ခဲ့တာ၊ သူတို့ဘက်ကပြန်မပစ်နိုင်ဘူး၊ ကားပေါ်ပါလာတဲ့စစ်ကောင်စီဘက်က ၄ ယောက်မှာ ဗိုလ်မှူးအပါ ၃ယောက်သေသွားတယ်၊ တယောက်ကတော့ထွက်ပြေးသွားတယ်၊

ခုတော့သူတို့ဘက်ကအလောင်းတွေပြန်သယ်သွားပြီး ရွာထဲရှာဖွေတာတွေလုပ်နေတယ်”ဟု သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

သေဆုံးခဲ့သည့် ဗိုလ်ရင်းမှူးချစ်ဝင်းသူမှာ ထုံးဘိုလေးကျေးရွာမီးရှို့မှုအားအဓိကဦးဆောင်သူဖြစ်ပြီး တက်ကြွလှုပ်ရှားသူများအားဖမ်းဆီးခြင်း၊ မူးယစ်ဆေးမှောင်ခိုနှင့်ကားမှောင်ခိုလုပ်ငန်းများလုပ်ကိုင်နေကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ကောင်စီမှအင်အား ၅၀ ဝန်းကျင်ဖြင့် အဆိုပါပစ်ခတ်မှုအနီးတွင်ရှာဖွေမှုများပြုလုပ်နေပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များမှာလုံခြုံရာသို့ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဒါ့ပြင် သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အောက်တိုဘာလ ၂၆ ရက်နေ့တွင်လည်း ဘီယာဆိုင်ထိုင်နေသည့် ထောင်မှူးကျေးရွာအုပ်စု နယ်ထိန်းအောင်ထွန်းဝင်းအား ပစ်ခတ်ရှင်းလင်းခဲ့ပါသေးသည်။

Ayeyarwaddy_Times

Leave a Reply

Your email address will not be published. Required fields are marked *