စစ္တပ္အတြက္ ဆီသယ္လာသည့္သေဘၤာဟု သတင္း ထြက္ေနတဲ့ ဆီတင္သေဘၤာတစ္စီး ရန္ကုန္ျမစ္အတြင္း ေပါက္ကြဲမႈျဖစ္ၿပီး မီးေလာင္ေန၊

ရန္ကုန္၊ ႏိုဝင္ဘာ ၁၀

ရန္ကုန္တိုင္း၊ ရန္ကုန္ျမစ္အတြင္း ဆီတင္သေဘၤာတစ္စီး ေပါက္ကြဲမႈျဖစ္ၿပီး မီးေလာင္ေနသျဖင့္ ၿငိမ္းသတ္ေနေၾကာင္း မီးသတ္တပ္ဖြဲ႕ႏွင့္ ရန္ကုန္ၿမိဳ႕ခံမ်ားထံမွ သိရွိရသည္

ႏိုဝင္ဘာလ ၁၀ ရက္ေန႔ မြန္းလြဲ ၂ နာရီ ၃၅ မိနစ္အခ်ိန္ ရန္ကုန္တိုင္း၊ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ လင္းစေဒါင္းတံတားအနီး၊ ရန္ကုန္ျမစ္အတြင္း သေဘၤာ ၁ စီး မီးေလာင္မႈျဖစ္ပြား၍ မီးၿငိမ္းသတ္ေနဆဲျဖစ္ေၾကာင္း မီးသတ္တပ္ဖြဲ႕၏ အဆိုအရ သိရွိရသည္။

“သံလ်က္စြန္းဘက္မွာ ​ေရတပ္အတြက္ ဆီတင္လာတဲ့သေဘၤာ မီး​ေလာင္တာလို႔ၾကားတယ္။ ေသခ်ာေတာ့မသိဘူး။ ဒီဘက္မွာ အဲဒီလိုေျပာေနၾကတာ” ဟု ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္ သတင္းရင္းျမစ္က ေျပာသည္။

ေဒသခံတစ္ဦးကမူ ရန္ကုန္ျမစ္အတြင္း ဆီတင္သေဘၤာသည္ ေပါက္ကြဲမႈ မ်ားျဖစ္ပြားၿပီးမွ မီးထေလာင္ျခင္းျဖစ္ေၾကာင္း၊ ေပါက္ကြဲသံေၾကာင့္ ရန္ကုန္ၿမိဳ႕ရွိ တိုက္တာမ်ား ျပတင္းေပါက္မွန္မ်ား တုန္ခါသြားေၾကာင္း သိရွိရသည္။

“ေပါက္ကြဲသံေၾကာင့္ ျပတင္းမွန္ေတြ တုန္ခါသြားတယ္” ဟု ရန္ကုန္ၿမိဳ႕ခံတစ္ဦးက ဆိုသည္။

စစ်တပ်အတွက် ဆီသယ်လာသည့်သင်္ဘောဟု သတင်း ထွက်နေတဲ့ ဆီတင်သင်္ဘောတစ်စီး ရန်ကုန်မြစ်အတွင်း ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်နေ၊

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ရန်ကုန်တိုင်း၊ ရန်ကုန်မြစ်အတွင်း ဆီတင်သင်္ဘောတစ်စီး ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်နေသဖြင့် ငြိမ်းသတ်နေကြောင်း မီးသတ်တပ်ဖွဲ့နှင့် ရန်ကုန်မြို့ခံများထံမှ သိရှိရသည်

နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်အချိန် ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ လင်းစဒေါင်းတံတားအနီး၊ ရန်ကုန်မြစ်အတွင်း သင်္ဘော ၁ စီး မီးလောင်မှုဖြစ်ပွား၍ မီးငြိမ်းသတ်နေဆဲဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့၏ အဆိုအရ သိရှိရသည်။

“သံလျက်စွန်းဘက်မှာ ရေတပ်အတွက် ဆီတင်လာတဲ့သင်္ဘော မီးလောင်တာလို့ကြားတယ်။ သေချာတော့မသိဘူး။ ဒီဘက်မှာ အဲဒီလိုပြောနေကြတာ” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင် သတင်းရင်းမြစ်က ပြောသည်။

ဒေသခံတစ်ဦးကမူ ရန်ကုန်မြစ်အတွင်း ဆီတင်သင်္ဘောသည် ပေါက်ကွဲမှု များဖြစ်ပွားပြီးမှ မီးထလောင်ခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲသံကြောင့် ရန်ကုန်မြို့ရှိ တိုက်တာများ ပြတင်းပေါက်မှန်များ တုန်ခါသွားကြောင်း သိရှိရသည်။

“ပေါက်ကွဲသံကြောင့် ပြတင်းမှန်တွေ တုန်ခါသွားတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *