မေန႔ညက ဆံုးသြားတဲ့ စာေရးဆရာ အၾကည္ေတာ္ရဲ႕ ပံုရိပ္မ်ား

စာေရးဆရာ အၾကည္ေတာ္ရဲ႕ နာေရးကို ေရေဝးမွာ ျပဳလုပ္မယ္

မဲေခါင္၊ ႏိုဝင္ဘာ ၁၀

စာေရးဆရာ အၾကည္ေတာ္ရဲ႕ နာေရးအခမ္းအနားကို မနက္ျဖန္ ႏိုဝင္ဘာ ၁၁ ရက္ ေရးေဝးသုႆန္မွာ ျပဳလုပ္မွာျဖစ္တယ္လို႔ သိရပါတယ္။

စာေရးဆရာ အၾကည္ေတာ္ဟာ ပင္လုံေဆး႐ုံမွာ ေဆးကုသမႈ ခံယူေနရင္းနဲ႔ မေန႔ ႏိုဝင္ဘာ ၉ ရက္၊ ညပိုင္းမွာ ကြယ္လြန္ခဲ့တာပဲ ျဖစ္ပါတယ္။

ေတာင္ဒဂုံ၊ (၂၆)ရပ္ကြက္၊ ျမတ္မဂၤလာလမ္းရွိ ေနအိမ္ကေန မြန္းလြဲ (၂) နာရီမွာ ထြက္ခြာမွာျဖစ္တယ္လို႔ အၾကည္ေတာ္ရဲ႕ မိသားစုက အသိေပးထားပါတယ္။

အၾကည္ေတာ္ဟာ စက္တင္ဘာ ေနာက္ဆုံးအပတ္မွာ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ ေဆးကုသမႈ သြားေရာက္ခံယူၿပီး ျမန္မာႏိုင္ငံကို ျပန္လည္ေရာက္ရွိကာ အေရးေပၚ ေဆးကုသမႈ ခံယူခဲ့တာပဲ ျဖစ္ပါတယ္။

အၾကည္ေတာ္ဟာ ဟာသစာေပေတြေရးသားခဲ့ၿပီး သူေရးသားခဲ့တဲ့ ဝတၳဳေတြထဲက တခ်ိဳ႕ကို ႐ုပ္ရွင္ ဗီဒီယိုေတြအျဖစ္ ျပန္လည္႐ိုက္ကူးခံခဲ့ရပါတယ္။

မၾကာေသးမီကလည္း သူကိုယ္တိုင္႐ြတ္ဆိုထားတဲ့ ကဗ်ာနဲ႔ ဂီတ ေပါင္းစပ္ထားတဲ့ ကဗ်ာဂီတ အယ္လ္ဘမ္ကို ထုတ္ေဝထားပါတယ္။

MeKongNews

မနေ့ညက ဆုံးသွားတဲ့ စာရေးဆရာ အကြည်တော်ရဲ့ ပုံရိပ်များ

စာရေးဆရာ အကြည်တော်ရဲ့ နာရေးကို ရေဝေးမှာ ပြုလုပ်မယ်

မဲခေါင်၊ နိုဝင်ဘာ ၁၀

စာရေးဆရာ အကြည်တော်ရဲ့ နာရေးအခမ်းအနားကို မနက်ဖြန် နိုဝင်ဘာ ၁၁ ရက် ရေးဝေးသုဿန်မှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

စာရေးဆရာ အကြည်တော်ဟာ ပင်လုံဆေးရုံမှာ ဆေးကုသမှု ခံယူနေရင်းနဲ့ မနေ့ နိုဝင်ဘာ ၉ ရက်၊ ညပိုင်းမှာ ကွယ်လွန်ခဲ့တာပဲ ဖြစ်ပါတယ်။

တောင်ဒဂုံ၊ (၂၆)ရပ်ကွက်၊ မြတ်မင်္ဂလာလမ်းရှိ နေအိမ်ကနေ မွန်းလွဲ (၂) နာရီမှာ ထွက်ခွာမှာဖြစ်တယ်လို့ အကြည်တော်ရဲ့ မိသားစုက အသိပေးထားပါတယ်။

အကြည်တော်ဟာ စက်တင်ဘာ နောက်ဆုံးအပတ်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆေးကုသမှု သွားရောက်ခံယူပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိကာ အရေးပေါ် ဆေးကုသမှု ခံယူခဲ့တာပဲ ဖြစ်ပါတယ်။

အကြည်တော်ဟာ ဟာသစာပေတွေရေးသားခဲ့ပြီး သူရေးသားခဲ့တဲ့ ဝတ္ထုတွေထဲက တချို့ကို ရုပ်ရှင် ဗီဒီယိုတွေအဖြစ် ပြန်လည်ရိုက်ကူးခံခဲ့ရပါတယ်။

မကြာသေးမီကလည်း သူကိုယ်တိုင်ရွတ်ဆိုထားတဲ့ ကဗျာနဲ့ ဂီတ ပေါင်းစပ်ထားတဲ့ ကဗျာဂီတ အယ်လ်ဘမ်ကို ထုတ်ဝေထားပါတယ်။

MeKongNews

Leave a Reply

Your email address will not be published. Required fields are marked *