ALP ဗဟိုေကာ္မတီဝင္တဦး မဂၤလာဦးညမွာဖမ္းခံရ

ေျမလတ္အသံ၊ ႏိုဝင္ဘာ၁၀၊ ၂၀၂၂။

ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ(ALP)ရဲ႕ ဗဟိုေကာ္မတီဝင္ ခိုင္ျမသာမွာကို ႏိုဝင္ဘာ ၇ ရက္ ညပိုင္းအခ်ိန္မွာ ရကၡိဳင့္တပ္ေတာ္(AA)က ဖမ္းဆီးသြားခဲ့တယ္လို႔ ALP က ေျပာပါတယ္။

ခိုင္ျမသာမွာ အိႏၵိယႏိုင္ငံ မီဇိုရမ္ျမန္မာနယ္စပ္ ႐ြာသစ္ေကေက်း႐ြာမွာ မဂၤလာေဆာင္ၿပီးတဲ့ေန႔ ညေနပိုင္း ထမင္းစားဖို႔သြားခ်ိန္ AA က ဖမ္းဆီးသြားခဲ့တာျဖစ္တယ္လို႔ ALP ရဲ႕ ဒု-ဥကၠဌေဒၚေစာျမရာဇာလင္းက ေျမလတ္အသံကို ေျပာပါတယ္။

“ခိုင္ျမသာက အိႏၵိယႏိုင္ငံဖြား ရခိုင္လူမ်ိဳးတဦးျဖစ္တယ္။ သူက လူေကာင္းတေယာက္ပါ။ ေသာက္စားမူးယစ္တာေတြလည္း မရွိဘူး။ ႐ိုး႐ိုးသားသားနဲ႔ ရခိုင္ျပည္ေတာ္လွန္ေရးကို အငယ္ကတည္းကေန ကူညီလာတာ။

ဒီလိုလူကိုဖမ္းတာကို အင္မတန္မွ ရင္နာပါတယ္။ အဲဒီေန႔က သူ႔ရဲ႕ မဂၤလာေဆာင္တဲ့ေန႔ပါ။ သူက အိမ္ကိုထမင္းစားဖို႔ သြားတဲ့အခ်ိန္မွာ AA က ဖမ္းသြားတာ။ အဲဒါကို ပိုလို႔စိတ္မေကာင္း ျဖစ္ပါတယ္။ လူသားေတြရဲ႕ ဂုဏ္သိကၡာနဲ႔ လူ႔က်င့္ဝတ္ေတြကို ေတာ္လွန္ေရး သမားေတြက ပိုၿပီးေတာ့ ေဖာ္ေဆာင္ဖို႔လိုတယ္”လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လအတြင္းမွာလည္း ALPရဲ႕ ဗဟိုအလုပ္မႈေဆာင္ ခိုင္ေပၚလင္းနဲ႔ ပါတီမိသားစုဝင္ျဖစ္တဲ့ ၈ တန္းေက်ာင္းသား ေမာင္စိုးမင္းႏိုင္တို႔ကိုလည္း AA က ဖမ္းဆီးသြားခဲ့ၿပီးေနာက္ အခုအခ်ိန္ထိ ျပန္လြတ္လာတာ မရွိေသးဘူးလို႔လည္း သိရပါတယ္။

ဒါ့အျပင္ အခုႏွစ္ (၂၀၂၂) ၾသဂုတ္လက စၿပီး အခုလ ႏိုဝင္ဘာလ ၇ ရက္ အထိ ULA/AA က ဖမ္းဆီးထားတဲ့ ALP / ALA တပ္ဖြဲ႕ဝင္ စုစုေပါင္း ၁၇ ဦးအထိ ရွိေနၿပီျဖစ္တယ္လို႔ ေဒၚေစာျမရာဇာလင္းက ဆိုပါတယ္။

“ရခိုင္ျပည္ေတာ္လွန္ေရးမွာ တဖက္နဲ႔တဖက္ နစ္နာေစလိုတဲ့ပုံစံမ်ိဳးနဲ႔ ခရီးဆက္ေနတယ္ဆိုရင္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးဟာ ထိခိုက္တယ္။ ဒါေၾကာင့္ ဒီလိုလုပ္ေဆာင္ေနတာေတြကို ရပ္သင့္ၿပီလို႔ ေျပာခ်င္တယ္။”လို႔ ဆိုပါတယ္။

အခုလို ALP ရဲ႕ ဗဟိုေကာ္မတီဝင္ ခိုင္ျမသာကို ဖမ္းဆီးသြားတာနဲ႔ပတ္သက္လို႔ ULA/AA ဘက္က တစုံတရာထုတ္ျပန္ထားတာ မရွိေသးသလို AA ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကို ေျမလတ္အသံက ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံ ေျဖဆိုတာမရွိေသးပါဘူး။

ဓါတ္ပုံ – ALP ဗဟိုေကာ္မတီဝင္ ခိုင္ျမသာနဲ႔သူ႔ဇနီး

စာတည္း – ဇို

ေျမလတ္အသံ

ALP ဗဟိုကော်မတီဝင်တဦး မင်္ဂလာဦးညမှာဖမ်းခံရ

မြေလတ်အသံ၊ နိုဝင်ဘာ၁၀၊ ၂၀၂၂။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ရဲ့ ဗဟိုကော်မတီဝင် ခိုင်မြသာမှာကို နိုဝင်ဘာ ၇ ရက် ညပိုင်းအချိန်မှာ ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားခဲ့တယ်လို့ ALP က ပြောပါတယ်။

ခိုင်မြသာမှာ အိန္ဒိယနိုင်ငံ မီဇိုရမ်မြန်မာနယ်စပ် ရွာသစ်ကေကျေးရွာမှာ မင်္ဂလာဆောင်ပြီးတဲ့နေ့ ညနေပိုင်း ထမင်းစားဖို့သွားချိန် AA က ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ ALP ရဲ့ ဒု-ဥက္ကဌဒေါ်စောမြရာဇာလင်းက မြေလတ်အသံကို ပြောပါတယ်။

“ခိုင်မြသာက အိန္ဒိယနိုင်ငံဖွား ရခိုင်လူမျိုးတဦးဖြစ်တယ်။ သူက လူကောင်းတယောက်ပါ။ သောက်စားမူးယစ်တာတွေလည်း မရှိဘူး။ ရိုးရိုးသားသားနဲ့ ရခိုင်ပြည်တော်လှန်ရေးကို အငယ်ကတည်းကနေ ကူညီလာတာ။

ဒီလိုလူကိုဖမ်းတာကို အင်မတန်မှ ရင်နာပါတယ်။ အဲဒီနေ့က သူ့ရဲ့ မင်္ဂလာဆောင်တဲ့နေ့ပါ။ သူက အိမ်ကိုထမင်းစားဖို့ သွားတဲ့အချိန်မှာ AA က ဖမ်းသွားတာ။ အဲဒါကို ပိုလို့စိတ်မကောင်း ဖြစ်ပါတယ်။ လူသားတွေရဲ့ ဂုဏ်သိက္ခာနဲ့ လူ့ကျင့်ဝတ်တွေကို တော်လှန်ရေး သမားတွေက ပိုပြီးတော့ ဖော်ဆောင်ဖို့လိုတယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာလည်း ALPရဲ့ ဗဟိုအလုပ်မှုဆောင် ခိုင်ပေါ်လင်းနဲ့ ပါတီမိသားစုဝင်ဖြစ်တဲ့ ၈ တန်းကျောင်းသား မောင်စိုးမင်းနိုင်တို့ကိုလည်း AA က ဖမ်းဆီးသွားခဲ့ပြီးနောက် အခုအချိန်ထိ ပြန်လွတ်လာတာ မရှိသေးဘူးလို့လည်း သိရပါတယ်။

ဒါ့အပြင် အခုနှစ် (၂၀၂၂) သြဂုတ်လက စပြီး အခုလ နိုဝင်ဘာလ ၇ ရက် အထိ ULA/AA က ဖမ်းဆီးထားတဲ့ ALP / ALA တပ်ဖွဲ့ဝင် စုစုပေါင်း ၁၇ ဦးအထိ ရှိနေပြီဖြစ်တယ်လို့ ဒေါ်စောမြရာဇာလင်းက ဆိုပါတယ်။

“ရခိုင်ပြည်တော်လှန်ရေးမှာ တဖက်နဲ့တဖက် နစ်နာစေလိုတဲ့ပုံစံမျိုးနဲ့ ခရီးဆက်နေတယ်ဆိုရင် အမျိုးသားစည်းလုံးညီညွတ်ရေးဟာ ထိခိုက်တယ်။ ဒါကြောင့် ဒီလိုလုပ်ဆောင်နေတာတွေကို ရပ်သင့်ပြီလို့ ပြောချင်တယ်။”လို့ ဆိုပါတယ်။

အခုလို ALP ရဲ့ ဗဟိုကော်မတီဝင် ခိုင်မြသာကို ဖမ်းဆီးသွားတာနဲ့ပတ်သက်လို့ ULA/AA ဘက်က တစုံတရာထုတ်ပြန်ထားတာ မရှိသေးသလို AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို မြေလတ်အသံက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာမရှိသေးပါဘူး။

ဓါတ်ပုံ – ALP ဗဟိုကော်မတီဝင် ခိုင်မြသာနဲ့သူ့ဇနီး

စာတည်း – ဇို

မြေလတ်အသံ

Leave a Reply

Your email address will not be published. Required fields are marked *