ဗိုလ္မႉးတစ္ဦး၏ ဇနီးျဖစ္သူကို အမည္မသိအဖြဲ႕မွ ဖမ္းသြား၍ စစ္ေကာင္စီတပ္ လိုက္လံရွာေဖြေန

CJ Platform

ပခုကၠဴၿမိဳ႕နယ္ ၁ ရပ္ကြက္တြင္ ေအာင္ဆင္မင္း လက္ဖက္ အေၾကာ္မ်ိဳးစုံႏွင့္ စားေသာက္ကုန္လုပ္ငန္း၏ ပိုင္ရွင္ ဗိုလ္မႉးသူရိန္ထြန္း၏ ဇနီးျဖစ္သူကို ယေန႔ နံနက္ ၈နာရီခန႔္တြင္ အမည္မသိအဖြဲ႕တစ္ခုမွ ဖမ္းဆီးေခၚေဆာင္သြားသည္ဟု ေဒသခံမ်ားထံမွ သိရသည္။

ဖမ္းဆီးခံရသူမွာ ပခုကၠဴၿမိဳ႕နယ္တြင္ နာမည္ႀကီး တပ္ေထာက္ခံသူတစ္ဦးျဖစ္သည့္ ေဒၚဝတုတ္၏ သမီး၊ ဗိုလ္မႉးသူရိန္ထြန္း၏ဇနီး ေဒၚဟန္ေႏြဦး ျဖစ္သည္ဟု ၿမိဳ႕ခံတစ္ဦးက CJ PLATFORM ကိုေျပာသည္။

“မိန္းမတစ္ေယာက္ ေယာက္က်္ားေလးႏွစ္ေယာက္လာေခၚသြားတာ ဆိုင္ဖြင့္ေနတဲ့အခ်ိန္ ၊သူေယာက်ၤားက DSA 47 ေက်ာင္းဆင္း ဗိုလ္မႉးေလ အခု သူအေမက စစ္တပ္ကို အေၾကာင္းၾကားၿပီးရွာေနတယ္”ဟု ေျပာသည္။

အခင္းျဖစ္စဥ္အၿပီးတြင္ ေအာင္ဆင္မင္း လက္ဖက္ႏွင့္ အေၾကာ္မ်ိဳးစုံဆိုင္ကို ပိတ္ထားကာ စစ္ေကာင္စီတပ္မွ လုံၿခဳံေရးမ်ား ခ်ထားသည္ဟု သိရသည္။

လက္ရွိအေျခအေနတြင္ စစ္ေကာင္စီတပ္က မိသားစုဝင္မ်ားႏွင့္ ေတြ႕ဆုံကာ ပခုကၠဴၿမိဳ႕ေပၚတစ္ဝိုက္ စစ္ေဆးမႈေတြျပဳလုပ္ေနသည္ဟု ၿမိဳ႕ခံေတြဆီက သိရသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာ ၁၂ ရက္ကလည္း မုံ႐ြာမွ ေက်ာၿမိဳ႕သို႔ သြားေရာက္သည့္ စစ္ေကာင္စီတပ္မွ ဒုဗိုလ္မႉးႀကီး၏ ဇနီးျဖစ္သူကို ပုလဲၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ႏွင့္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕က ဖမ္းဆီး ေခၚေဆာင္သြားခဲ့သည့္ ျဖစ္စဥ္လည္းရွိသည္။

🖋️ကိုေပါက္

ဗိုလ်မှူးတစ်ဦး၏ ဇနီးဖြစ်သူကို အမည်မသိအဖွဲ့မှ ဖမ်းသွား၍ စစ်ကောင်စီတပ် လိုက်လံရှာဖွေနေ

CJ Platform

ပခုက္ကူမြို့နယ် ၁ ရပ်ကွက်တွင် အောင်ဆင်မင်း လက်ဖက် အကြော်မျိုးစုံနှင့် စားသောက်ကုန်လုပ်ငန်း၏ ပိုင်ရှင် ဗိုလ်မှူးသူရိန်ထွန်း၏ ဇနီးဖြစ်သူကို ယနေ့ နံနက် ၈နာရီခန့်တွင် အမည်မသိအဖွဲ့တစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူမှာ ပခုက္ကူမြို့နယ်တွင် နာမည်ကြီး တပ်ထောက်ခံသူတစ်ဦးဖြစ်သည့် ဒေါ်ဝတုတ်၏ သမီး၊ ဗိုလ်မှူးသူရိန်ထွန်း၏ဇနီး ဒေါ်ဟန်နွေဦး ဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ PLATFORM ကိုပြောသည်။

“မိန်းမတစ်ယောက် ယောက်ကျ်ားလေးနှစ်ယောက်လာခေါ်သွားတာ ဆိုင်ဖွင့်နေတဲ့အချိန် ၊သူယောင်္ကျားက DSA 47 ကျောင်းဆင်း ဗိုလ်မှူးလေ အခု သူအမေက စစ်တပ်ကို အကြောင်းကြားပြီးရှာနေတယ်”ဟု ပြောသည်။

အခင်းဖြစ်စဉ်အပြီးတွင် အောင်ဆင်မင်း လက်ဖက်နှင့် အကြော်မျိုးစုံဆိုင်ကို ပိတ်ထားကာ စစ်ကောင်စီတပ်မှ လုံခြုံရေးများ ချထားသည်ဟု သိရသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်က မိသားစုဝင်များနှင့် တွေ့ဆုံကာ ပခုက္ကူမြို့ပေါ်တစ်ဝိုက် စစ်ဆေးမှုတွေပြုလုပ်နေသည်ဟု မြို့ခံတွေဆီက သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်ကလည်း မုံရွာမှ ကျောမြို့သို့ သွားရောက်သည့် စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီး၏ ဇနီးဖြစ်သူကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည့် ဖြစ်စဉ်လည်းရှိသည်။

🖋️ကိုပေါက်

Leave a Reply

Your email address will not be published. Required fields are marked *