မြင်းခြံ၊ ပျားရွာမှ ကလေး ၄ ဦး၏ ဖခင် ကိုဇော်မျိုးနိုင်ကို စစ်တပ်က ပစ်သတ်၊ စစ်တပ်ရန်ကြောက်နေရ၍ သရဏဂုံမတင်ဘဲ မြေမြှုပ်သဂြိုလ်ရ

ရန်ကုန်၊ နိုဝင်ဘာ ၉

မန္တးလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျားကျေးရွာမှ ကလေးငယ် ၄ ဦး၏ ဖခင် ကိုဇော်မျိုးနိုင်ကို စစ်တပ်က ယနေ့ ပစ်သတ်လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က မြင်းခြံမြို့နယ် ပျားကျေးရွာရှိ လူနေအိမ်များကို မီးရှို့ခြင်း၊ ရမ်းသမ်းပစ်ခတ်ခြင်းများကြောင့် ပြည်သူ ၅၀၀၀ ကျော် တို့သည် တောတောင်များအတွင်း ညတွင်းချင်း ရှောင်တိမ်း‌ ရကြောင်း၊ မပြေးနိုင်သော ပြည်သူများကို ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း၊ နိုဝင်ဘာ ၉ ရက်နေ့ န့နက် ၆ နာရီ ၃၀ မိနစ်အချိန် အသက် ၃၃ နှစ်အရွယ် ကိုဇော်မျိုးနိုင်သည် ၎င်းရှောင်တိမ်းနေရာမှ ကျေးရွာအတွင်း နေအိမ်သို့ ပြည်လည် ဝင်ရောက်လာပြီး နွားများကို အစာကျွေးရန်နှင့် ပစ္စည်းအချို့ကို တင်ဆောင်ပြီး နွားလှည်းဖြင့် စစ်ဘေးရှောင်နေရာသို့ ပြန်လည် ထွက်ခွာစဉ် စစ်တပ်က ပစ်ခတ်သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရွာက အပြန် ရွှေသိမ်တော် ဘုရားအရောက်မှာ စစ်တပ်က ပစ်ခတ်လို့ ကိုဇော်မျိုးနိုင်ရဲ့ ခါးမှ ဆီးခုံကို ကျည်ဖောက်ထွက်သွားပြီး နေရာမှာ ပွဲချင်းပြီး သေဆုံးပါတယ်။ ပွဲချင်းပြီး သေဆုံးသွားပါသည်။ ကိုဇော်မျိုးနိုင်ရဲ့ ရုပ်အလောင်းကို ဘုန်းကြီးတွေ ဘာတွေ ပင့်ပြီး သရဏဂုံ မတင်ရဲပဲ ဖြစ်သလို မြေမြုပ်လိုက်ရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ကိုဇော်မျိုးနိုင်သည် တောင်ယာလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး အမွှာပူး (၂)ကြိမ် မွေးဖွားထားသော ကလေး ၄ ဦး ၏ ဖခင်ဖြစ်သည်။

အကြမ်းဖက်စစ်တပ်က ပျားကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်ပြီး ရွာကို မီးရှို့ခဲ့သဖြင့် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ကျွမ်းခဲ့ကြောင်း၊ မိန်းကလေးငယ် ၃ ဦးမှာလည်း စစ်တပ် ပစ်ခတ်သော ကျည်ထိမှန်၍ ဒဏ်ရာရရှိထားကြောင်း၊ ရွာထဲ ဝင်ခွင့်မရ၍ သေနတ်ကျည်ထိမှန်ထားသော မိန်းကလေးငယ် ၃ ဦးမှာလည်း ဆေးကုသခွင့်မရကြောင်း၊ ယခုအချိန်အထိ စစ်တပ်က ကျေးရွာအတွင်းသို့ ရွာသူ၊ ရွာသားများ ဝင်ရောက်ခွင့်မပြုဘဲ တွေ့သမျှလူ အားလုံးကို လိုက်လံပစ်ခတ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- မြင်းခြံ၊ ပျားကျေးရွာတွင် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကွယ်လွန်သူ ကိုဇော်မျိုးနိုင်။

ျမင္းၿခံ၊ ပ်ားရြာမွ ကေလး ၄ ဦး၏ ဖခင္ ကိုေဇာ္မ်ိဳးနိုင္ကို စစ္တပ္က ပစ္သတ္၊ စစ္တပ္ရန္ေၾကာက္ေနရ၍ သရဏဂုံမတင္ဘဲ ေျမျမႇုပ္သၿဂိဳလ္ရ

ရန္ကုန္၊ နိုဝင္ဘာ ၉

မႏၲးေလးတိုင္း၊ ျမင္းၿခံၿမိဳ႕နယ္၊ ပ်ားေက်းရြာမွ ကေလးငယ္ ၄ ဦး၏ ဖခင္ ကိုေဇာ္မ်ိဳးနိုင္ကို စစ္တပ္က ယေန႔ ပစ္သတ္လိုက္ေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုၾကသည္။

နိုဝင္ဘာလ ၈ ရက္ေန႔ ညေနပိုင္းတြင္ စစ္ေကာင္စီတပ္က ျမင္းၿခံၿမိဳ႕နယ္ ပ်ားေက်းရြာရွိ လူေနအိမ္မ်ားကို မီးရွို႔ျခင္း၊ ရမ္းသမ္းပစ္ခတ္ျခင္းမ်ားေၾကာင့္ ျပည္သူ ၅၀၀၀ ေက်ာ္ တို႔သည္ ေတာေတာင္မ်ားအတြင္း ညတြင္းခ်င္း ေရွာင္တိမ္း‌ ရေၾကာင္း၊ မေျပးနိုင္ေသာ ျပည္သူမ်ားကို ဖမ္းဆီးရိုက္ႏွက္ခဲ့ေၾကာင္း၊ နိုဝင္ဘာ ၉ ရက္ေန႔ န႔နက္ ၆ နာရီ ၃၀ မိနစ္အခ်ိန္ အသက္ ၃၃ ႏွစ္အရြယ္ ကိုေဇာ္မ်ိဳးနိုင္သည္ ၎ေရွာင္တိမ္းေနရာမွ ေက်းရြာအတြင္း ေနအိမ္သို႔ ျပည္လည္ ဝင္ေရာက္လာၿပီး ႏြားမ်ားကို အစာေကၽြးရန္ႏွင့္ ပစၥည္းအခ်ိဳ႕ကို တင္ေဆာင္ၿပီး ႏြားလွည္းျဖင့္ စစ္ေဘးေရွာင္ေနရာသို႔ ျပန္လည္ ထြက္ခြာစဥ္ စစ္တပ္က ပစ္ခတ္သတ္ျဖတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

“ရြာက အျပန္ ေရႊသိမ္ေတာ္ ဘုရားအေရာက္မွာ စစ္တပ္က ပစ္ခတ္လို႔ ကိုေဇာ္မ်ိဳးနိုင္ရဲ့ ခါးမွ ဆီးခုံကို က်ည္ေဖာက္ထြက္သြားၿပီး ေနရာမွာ ပြဲခ်င္းၿပီး ေသဆုံးပါတယ္။ ပြဲခ်င္းၿပီး ေသဆုံးသြားပါသည္။ ကိုေဇာ္မ်ိဳးနိုင္ရဲ့ ႐ုပ္အေလာင္းကို ဘုန္းႀကီးေတြ ဘာေတြ ပင့္ၿပီး သရဏဂုံ မတင္ရဲပဲ ျဖစ္သလို ေျမျမဳပ္လိုက္ရပါတယ္” ဟု ေဒသခံတစ္ဦးက ေျပာဆိုသည္။

ကိုေဇာ္မ်ိဳးနိုင္သည္ ေတာင္ယာလုပ္ငန္းလုပ္ကိုင္သူျဖစ္ၿပီး အမႊာပူး (၂)ႀကိမ္ ေမြးဖြားထားေသာ ကေလး ၄ ဦး ၏ ဖခင္ျဖစ္သည္။

အၾကမ္းဖက္စစ္တပ္က ပ်ားေက်းရြာအတြင္း ဝင္ေရာက္ပစ္ခတ္ၿပီး ရြာကို မီးရွို႔ခဲ့သျဖင့္ အိမ္ေၿခ ၂၀၀ ေက်ာ္ မီးေလာင္ကၽြမ္းခဲ့ေၾကာင္း၊ မိန္းကေလးငယ္ ၃ ဦးမွာလည္း စစ္တပ္ ပစ္ခတ္ေသာ က်ည္ထိမွန္၍ ဒဏ္ရာရရွိထားေၾကာင္း၊ ရြာထဲ ဝင္ခြင့္မရ၍ ေသနတ္က်ည္ထိမွန္ထားေသာ မိန္းကေလးငယ္ ၃ ဦးမွာလည္း ေဆးကုသခြင့္မရေၾကာင္း၊ ယခုအခ်ိန္အထိ စစ္တပ္က ေက်းရြာအတြင္းသို႔ ရြာသူ၊ ရြာသားမ်ား ဝင္ေရာက္ခြင့္မျပဳဘဲ ေတြ႕သမၽွလူ အားလုံးကို လိုက္လံပစ္ခတ္ေနေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- ျမင္းၿခံ၊ ပ်ားေက်းရြာတြင္ စစ္တပ္၏ ပစ္ခတ္သတ္ျဖတ္မႈေၾကာင့္ ကြယ္လြန္သူ ကိုေဇာ္မ်ိဳးနိုင္။

Leave a Reply

Your email address will not be published. Required fields are marked *