အခ်ဳပ္သားလာပို႔တဲ့ ရဲေတြ လက္ပစ္ဗုံးနဲ႔တိုက္ခိုက္ခံရလို႔ ၄ ဦးခန႔္ဒဏ္ရာရ

ေပါက္၊ ႏိုဝင္ဘာ ၉၊ ၂၀၂၂။

မေကြးတိုင္း၊ ေပါက္ၿမိဳ႕တရား႐ုံးအတြင္းရွိ ရဲေတြ ႏိုဝင္ဘာလ ၉ ရက္ ဒီေန႔ ေန႔လည္ပိုင္းမွာ လက္ပစ္ဗုံးနဲ႔တိုက္ခိုက္ခံရၿပီး ၄ ဦးခန႔္ ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

အဲ့ဒီရဲေတြက ဖမ္းဆီးခံထားရသူေတြကို အခ်ဳပ္ကားနဲ႔လာပို႔တာျဖစ္ၿပီး အခ်ဳပ္ကားနားမွာရွိေနခ်ိန္ ဒီေန႔ ေန႔လည္ ၁၂ နာရီ ၁၅ မိနစ္ေလာက္မွာ တိုက္ခိုက္ခဲ့တာလို႔ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္-ၿမိဳင္ၿမိဳ႕နယ္ ဗိုလ္လက္ယာက ေျပာပါတယ္။

“တရား႐ုံးေရာက္ေတာ့ အခ်ဳပ္ကားေပၚက ဆင္းဆင္းခ်င္း မပစ္ေသးဘူး။ တရား႐ုံးအခ်ဳပ္ထဲကို တရားခံေတြထည့္ၿပီး အခ်ဳပ္ကားနား ရဲ ၇ ေကာင္ ျပန္ေရာက္မွ ဗုံးနဲ႔ပစ္တာ။ လက္ပစ္ဗုံးက အခ်ဳပ္ကားေအာက္ကို ဝင္သြားၿပီး ေပါက္ကြဲတာ။ ဒဏ္ရာရတာ သုံးေလးေယာက္ေတာ့ ရွိမယ္။ ေသဆုံးမႈကေတာ့ ေျပာမရေသးဘူး” လို႔ ေျပာပါတယ္။

လက္ပစ္ဗုံးပစ္သြင္းၿပီးေနာက္မွာလည္း ကာကြယ္ေရးရဲေဘာ္ေတြဘက္က ေသနတ္ေတြနဲ႔ ထပ္မံပစ္ခတ္ခဲ့ၿပီး၊ ခုေတာ့ လုံၿခဳံတဲ့ေနရာကို ေရာက္ရွိေနၿပီလို႔လည္း ဗိုလ္လက္ယာက ေျပာပါတယ္။

ဒါ့အျပင္ လက္ရွိအခ်ိန္ထိ ေပါက္ၿမိဳ႕အဝင္အထြက္ေတြမွာ စစ္သားနဲ႔ ရဲေတြက စစ္ေဆးမႈေတြ လုပ္ေနတယ္လို႔လည္း သိရပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၆ ရက္ကလည္း ၿမိဳင္ၿမိဳ႕နယ္၊ သရက္ကြေက်း႐ြာက ေတာင္သူေတြရဲ႕ေျမပဲခင္းေတြကေန ေျမပဲ ေဖာ္ေနတဲ့ ပ်ဴေစာထီးတဦးကို ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ – ၿမိဳင္ၿမိဳ႕နယ္ တပ္ဖြဲ႕ဝင္ေတြက ေသနတ္နဲ႔ပစ္ၿပီး ရွင္းလင္းခဲ့ပါေသးတယ္။

သတင္း – ဒိန္းဂ်ား၊ စာတည္း – လင္း

ေျမလတ္အသံ

အချုပ်သားလာပို့တဲ့ ရဲတွေ လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံရလို့ ၄ ဦးခန့်ဒဏ်ရာရ

ပေါက်၊ နိုဝင်ဘာ ၉၊ ၂၀၂၂။

မကွေးတိုင်း၊ ပေါက်မြို့တရားရုံးအတွင်းရှိ ရဲတွေ နိုဝင်ဘာလ ၉ ရက် ဒီနေ့ နေ့လည်ပိုင်းမှာ လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံရပြီး ၄ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီရဲတွေက ဖမ်းဆီးခံထားရသူတွေကို အချုပ်ကားနဲ့လာပို့တာဖြစ်ပြီး အချုပ်ကားနားမှာရှိနေချိန် ဒီနေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်လောက်မှာ တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ် ဗိုလ်လက်ယာက ပြောပါတယ်။

“တရားရုံးရောက်တော့ အချုပ်ကားပေါ်က ဆင်းဆင်းချင်း မပစ်သေးဘူး။ တရားရုံးအချုပ်ထဲကို တရားခံတွေထည့်ပြီး အချုပ်ကားနား ရဲ ၇ ကောင် ပြန်ရောက်မှ ဗုံးနဲ့ပစ်တာ။ လက်ပစ်ဗုံးက အချုပ်ကားအောက်ကို ဝင်သွားပြီး ပေါက်ကွဲတာ။ ဒဏ်ရာရတာ သုံးလေးယောက်တော့ ရှိမယ်။ သေဆုံးမှုကတော့ ပြောမရသေးဘူး” လို့ ပြောပါတယ်။

လက်ပစ်ဗုံးပစ်သွင်းပြီးနောက်မှာလည်း ကာကွယ်ရေးရဲဘော်တွေဘက်က သေနတ်တွေနဲ့ ထပ်မံပစ်ခတ်ခဲ့ပြီး၊ ခုတော့ လုံခြုံတဲ့နေရာကို ရောက်ရှိနေပြီလို့လည်း ဗိုလ်လက်ယာက ပြောပါတယ်။

ဒါ့အပြင် လက်ရှိအချိန်ထိ ပေါက်မြို့အဝင်အထွက်တွေမှာ စစ်သားနဲ့ ရဲတွေက စစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်ကလည်း မြိုင်မြို့နယ်၊ သရက်ကွကျေးရွာက တောင်သူတွေရဲ့မြေပဲခင်းတွေကနေ မြေပဲ ဖော်နေတဲ့ ပျူစောထီးတဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – မြိုင်မြို့နယ် တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်ပြီး ရှင်းလင်းခဲ့ပါသေးတယ်။

သတင်း – ဒိန်းဂျား၊ စာတည်း – လင်း

မြေလတ်အသံ

Leave a Reply

Your email address will not be published. Required fields are marked *