YBS 61 ကားေပၚမွာ သံတုတ္မ်ားကိုင္ေဆာင္ၿပီး ခရီးသည္ေတြကို ႐ိုက္ႏွက္လုယက္သူမ်ားအား ဖမ္းမိ

ႏိုဝင္ဘာ ၉

မရမ္းကုန္းၿမိဳ႕နယ္အတြင္းမွာ YBS 61 ယာဥ္လိုင္းကားေပၚ သံတုတ္မ်ားျဖင့္ ခရီးသည္မ်ားကို ႐ိုက္ႏွက္ၿပီး ဖုန္းလုယူခဲ့သူမ်ားအား ဖမ္းဆီးရမိခဲ့ၿပီျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕နဲ႔နီးစပ္တဲ့အသိုင္းအဝိုင္းထံက သိရပါတယ္။

ႏိုဝင္ဘာလ ၈ရက္ေန႔က ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္အတြင္းရွိ သမိုင္းေဈးဘူတာလမ္းမွာ YBS 61 ကားေပၚ သံတုတ္မ်ားကိုင္ေဆာင္ၿပီး ခရီးသည္မ်ားကို ႐ိုက္ႏွက္ကာ ဖုန္းလုယက္သည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

အဆိုပါျဖစ္စဥ္မွ ဘတ္စ္ကားေပၚတက္ၿပီး ႐ိုက္ႏွက္လုယက္သူ ၇ဦးနဲ႔ လုယက္သူမ်ားစီးလာတဲ့ ပ႐ိုေဘာက္စ္ကား GG/5704 အား ေမာင္းႏွင္လာသူတစ္ဦးျဖင့္ စုစုေပါင္း ၈ဦးတို႔ကို ဖမ္းဆီးရမိထားၿပီျဖစ္တယ္လို႔ ဆိုပါတယ္။

ဖမ္းဆီးရမိခဲ့သည့္ ၈ဦးမွာ မင္းသိန္းႏိုင္(ခ)ကတုံး၊ ေအာင္မ်ိဳးသန႔္(ခ)ရွီးဗားကမား၊ လႈိင္ၿဖိဳးေမာင္၊ ၿဖိဳးေမာင္၊ မ်ိဳးမင္းေအာင္၊ ထြန္းထြန္းဦး(ခ)ဖိုးသၾကၤန္၊ ေအာင္ေက်ာ္ဆန္း(ခ)ဆီတုံးနဲ႔ ဝင္းထူး(ခ)ဆံရွည္တို႔ျဖစ္တယ္လို႔ သိရပါတယ္။

လုယက္သူမ်ားသည္ YBS 61 ယာဥ္လိုင္းကားေနာက္မွ ကပ္လိုက္လာေသာ ပ႐ိုေဘာက္စ္အျဖဴေရာင္ကားေပၚသို႔ တက္ၿပီး သမိုင္း ၇လမ္းထဲသို႔ ထြက္ေျပးခဲ့ကာ လုယက္မႈေၾကာင့္ ခရီးသည္အခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့တာလည္းျဖစ္ပါတယ္။

YBS 61 ကားပေါ်မှာ သံတုတ်များကိုင်ဆောင်ပြီး ခရီးသည်တွေကို ရိုက်နှက်လုယက်သူများအား ဖမ်းမိ

နိုဝင်ဘာ ၉

မရမ်းကုန်းမြို့နယ်အတွင်းမှာ YBS 61 ယာဉ်လိုင်းကားပေါ် သံတုတ်များဖြင့် ခရီးသည်များကို ရိုက်နှက်ပြီး ဖုန်းလုယူခဲ့သူများအား ဖမ်းဆီးရမိခဲ့ပြီဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းထံက သိရပါတယ်။

နိုဝင်ဘာလ ၈ရက်နေ့က ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ သမိုင်းဈေးဘူတာလမ်းမှာ YBS 61 ကားပေါ် သံတုတ်များကိုင်ဆောင်ပြီး ခရီးသည်များကို ရိုက်နှက်ကာ ဖုန်းလုယက်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဆိုပါဖြစ်စဉ်မှ ဘတ်စ်ကားပေါ်တက်ပြီး ရိုက်နှက်လုယက်သူ ၇ဦးနဲ့ လုယက်သူများစီးလာတဲ့ ပရိုဘောက်စ်ကား GG/5704 အား မောင်းနှင်လာသူတစ်ဦးဖြင့် စုစုပေါင်း ၈ဦးတို့ကို ဖမ်းဆီးရမိထားပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိခဲ့သည့် ၈ဦးမှာ မင်းသိန်းနိုင်(ခ)ကတုံး၊ အောင်မျိုးသန့်(ခ)ရှီးဗားကမား၊ လှိုင်ဖြိုးမောင်၊ ဖြိုးမောင်၊ မျိုးမင်းအောင်၊ ထွန်းထွန်းဦး(ခ)ဖိုးသင်္ကြန်၊ အောင်ကျော်ဆန်း(ခ)ဆီတုံးနဲ့ ဝင်းထူး(ခ)ဆံရှည်တို့ဖြစ်တယ်လို့ သိရပါတယ်။

လုယက်သူများသည် YBS 61 ယာဉ်လိုင်းကားနောက်မှ ကပ်လိုက်လာသော ပရိုဘောက်စ်အဖြူရောင်ကားပေါ်သို့ တက်ပြီး သမိုင်း ၇လမ်းထဲသို့ ထွက်ပြေးခဲ့ကာ လုယက်မှုကြောင့် ခရီးသည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *