ဘုံကထိန္ပြဲမွာ လုံၿခဳံေရးယူေနတဲ့ ရဲတစ္ဦး ဝိုင္းဝန္းထိုးႀကိတ္ခံရ

ဧရာဝတီတိုင္းမ္

​ႏိုဝင္ဘာလ ၉ ရက္

ဧရာဝတီတိုင္း၊ ဇလြန္ၿမိဳ႕မွ ႏိုဝင္ဘာလ ၇ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ ဘုံကထိန္ပြဲလွည့္လည္ပြဲမွာ လုံၿခဳံေရးယူေပးေနတဲ့ ရဲတစ္ဦး ဝိုင္းဝန္းထိုးႀကိတ္ခံခဲ့ရတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

ဇလြန္ၿမိဳ႕ေပၚမွာ ျပဳလုပ္တဲ့ ဘုံကထိန္ပြဲမွာ လုံၿခဳံေရးနဲ႔ လမ္းရွင္းေပးရတဲ့ တာဝန္ယူထားတဲ့ ရဲတစ္ဦးကို ဘုံကထိန္လွည့္လည္ပြဲမွာ ပါဝင္သူေတြက ဝိုင္းဝန္းထိုးႀကိတ္ခဲ့လို႔ စစ္ေကာင္စီတပ္သားေတြက ေသနတ္ပစ္ေဖာက္ကာ လူစုခြဲခဲ့ရတယ္လို႔ မ်က္ျမင္ေတြ႕ရွိသူေတြက ေျပာပါတယ္။

“မေန႔ ကထိန္လွည့္ေနတုန္း ၁၀ ခြဲေလာက္မွာ ဝ႐ုန္းသုန္းကားေတြ ျဖစ္ၿပီး လမ္းရွင္းေပးတဲ့ ရဲကို ဝိုင္းၿပီးထိုးၾကတာ။ သူမွာက အရွည္တစ္လက္ပါတယ္။ ပစ္လို႔မရေအာင္နင္းထားတယ္ေျပာတယ္။

သိပ္မၾကာဘူး လုံၿခဳံေရးေတြေရာက္လာၿပီး ေသနတ္တစ္ခ်က္ မိုးေပၚေထာင္ပစ္မွ လူစုကြဲသြားၾကတာ။ အထိုးခံရတဲ့ ရဲက ဆိုင္ကယ္ေတြဖမ္းၿပီး ပိုက္ဆံေတာင္းေနၾက” လို႔ ဘုံကထိန္ပြဲမွာ ပါဝင္ခဲ့တဲ့ ဇလြန္ၿမိဳ႕ခံတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာပါတယ္။

ထိုးႀကိတ္ခံရတဲ့ ရဲဟာ ဇလြန္ၿမိဳ႕ေပၚမွာ ဆိုင္ကယ္ေတြကို ယာဥ္စည္းကမ္း၊လမ္းစည္းကမ္းအေၾကာင္းျပ ပိုက္ဆံေတာင္းေနသူျဖစ္ၿပီး သူ႔ကို မေက်နပ္သူေတြ အမ်ားအျပားရွိတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

ဇလြန္ၿမိဳ႕က ဘုံကထိန္လွည့္လည္ပြဲမွာ ပေဒသာပင္အေရအတြက္မွာလည္း ၅၀ ဝန္းက်င္သာ ရွိခဲ့တာေၾကာင့္ အရင္ႏွစ္ေတြထက္ ပိုနည္းခဲ့ၿပီး အရင္ႏွစ္ေတြကလို စည္ကားမႈမရွိခဲ့ဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

ေတာ္လွန္ေရး လႈပ္ရွားမႈေတြ အားနည္းတဲ့ ဧရာဝတီတိုင္းမွာ စစ္ေကာင္စီက လုံၿခဳံေရးအင္အားအမ်ားအျပားသုံးကာ တန္ေဆာင္တိုင္ကာလအတြင္း ပြဲလမ္းသဘင္မ်ားျပဳလုပ္လွ်က္ရွိေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

Ayeyarwaddy_Times

ဘုံကထိန်ပွဲမှာ လုံခြုံရေးယူနေတဲ့ ရဲတစ်ဦး ဝိုင်းဝန်းထိုးကြိတ်ခံရ

ဧရာဝတီတိုင်းမ်

နိုဝင်ဘာလ ၉ ရက်

ဧရာဝတီတိုင်း၊ ဇလွန်မြို့မှ နိုဝင်ဘာလ ၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဘုံကထိန်ပွဲလှည့်လည်ပွဲမှာ လုံခြုံရေးယူပေးနေတဲ့ ရဲတစ်ဦး ဝိုင်းဝန်းထိုးကြိတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇလွန်မြို့ပေါ်မှာ ပြုလုပ်တဲ့ ဘုံကထိန်ပွဲမှာ လုံခြုံရေးနဲ့ လမ်းရှင်းပေးရတဲ့ တာဝန်ယူထားတဲ့ ရဲတစ်ဦးကို ဘုံကထိန်လှည့်လည်ပွဲမှာ ပါဝင်သူတွေက ဝိုင်းဝန်းထိုးကြိတ်ခဲ့လို့ စစ်ကောင်စီတပ်သားတွေက သေနတ်ပစ်ဖောက်ကာ လူစုခွဲခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

“မနေ့ ကထိန်လှည့်နေတုန်း ၁၀ ခွဲလောက်မှာ ဝရုန်းသုန်းကားတွေ ဖြစ်ပြီး လမ်းရှင်းပေးတဲ့ ရဲကို ဝိုင်းပြီးထိုးကြတာ။ သူမှာက အရှည်တစ်လက်ပါတယ်။ ပစ်လို့မရအောင်နင်းထားတယ်ပြောတယ်။

သိပ်မကြာဘူး လုံခြုံရေးတွေရောက်လာပြီး သေနတ်တစ်ချက် မိုးပေါ်ထောင်ပစ်မှ လူစုကွဲသွားကြတာ။ အထိုးခံရတဲ့ ရဲက ဆိုင်ကယ်တွေဖမ်းပြီး ပိုက်ဆံတောင်းနေကြ” လို့ ဘုံကထိန်ပွဲမှာ ပါဝင်ခဲ့တဲ့ ဇလွန်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ထိုးကြိတ်ခံရတဲ့ ရဲဟာ ဇလွန်မြို့ပေါ်မှာ ဆိုင်ကယ်တွေကို ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအကြောင်းပြ ပိုက်ဆံတောင်းနေသူဖြစ်ပြီး သူ့ကို မကျေနပ်သူတွေ အများအပြားရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဇလွန်မြို့က ဘုံကထိန်လှည့်လည်ပွဲမှာ ပဒေသာပင်အရေအတွက်မှာလည်း ၅၀ ဝန်းကျင်သာ ရှိခဲ့တာကြောင့် အရင်နှစ်တွေထက် ပိုနည်းခဲ့ပြီး အရင်နှစ်တွေကလို စည်ကားမှုမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တော်လှန်ရေး လှုပ်ရှားမှုတွေ အားနည်းတဲ့ ဧရာဝတီတိုင်းမှာ စစ်ကောင်စီက လုံခြုံရေးအင်အားအများအပြားသုံးကာ တန်ဆောင်တိုင်ကာလအတွင်း ပွဲလမ်းသဘင်များပြုလုပ်လျှက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Ayeyarwaddy_Times

Leave a Reply

Your email address will not be published. Required fields are marked *