
TachileikNewsAgency





TachileikNewsAgency

YBS ၆၁ ယာဉ်လိုင်းပေါ် လူတစ်စုက သံတုတ်များဖြင့် တက်ရိုက်ကာ ဖုန်းများလုယူ

TachileikNewsAgency

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၌ နိုဝင်ဘာလ ၈ ရက်နေ့၊ ညနေပိုင်းက YBS ၆၁ ယာဉ်လိုင်းပေါ် လူတစ်စုက သံတုတ်များဖြင့် တက်ရိုက်ကာ ဖုန်းများလုယူသွားကြောင်း ဒေသခံများထံမှ သိရသည်။

မရမ်းကုန်း၊ ၁ ရပ်ကွက်၊ သမိုင်းဈေးဘူတာရုံလမ်းမကြီးပေါ် ဘုရင့်နောင်မီးပွိုင့်ဘက်သို့သွားနေသည့် ၎င်း YBS ကားကို လူတစ်စု ၇ ဦးခန့် ကားပေါ်သို့တက်လာကာ ခရီးသည်များအား သံတုတ်များဖြင့် ရိုက်နှက်၍ ဖုန်းများလုယူသွားခဲ့ကြခြင်း ဖြစ်သည်။

လုယက်ယူသွားပြီးနောက် ယင်းလိုင်းကား၏နောက်မှ ကပ်လိုက်လာသော Taxi Probox အဖြူရောင် ကားပေါ်သို့တက်၍ သမိုင်း ၇ လမ်းထဲသို့ ထွက်ပြေးသွားကြသည်ဟု ဆိုသည်။

ယင်းလုယက်ခံရသော ခရီးသည်များထဲမှ ‌ခေါင်းထိ ၁ ဦး၊ သတိလစ် ၁ ဦးရရှိခဲ့သည်ဟုလည်း သိရသည်။

TachileikNewsAgency

Leave a Reply

Your email address will not be published. Required fields are marked *