Aung La Nsang နဲ့ Leandro Ataides တွဲဆိုင်း – ပွဲအချိန်နဲ့ ရုပ်သံလိုင်း

ONE: BATTLEGROUND ပြိုင်ပွဲရဲ့ ဒုတိယခေါင်ပွဲမှာ Aung La Nsang နဲ့ Leandro Ataides တို့က ထိုးသတ်ကြပါမယ်

စင်္ကာပူနိုင်ငံမှာ ကစားရမှာဖြစ်ပြီး အနိုင်ရတဲ့ ကစားသမားက မစ်ဒယ်ဝိတ်ချန်ပီယံလုခွင့်ရပါမယ် ပွဲအချိန်နဲ့ ရုပ်သံလိုင်းတွေကို ပြောပါမယ်

ဘယ်အချိန်မှာလဲ

ONE: BATTLEGROUND ပြိုင်ပွဲက ဇူလိုင်လ (၃၀) ရက်နေ့ (သောကြာနေ့) စင်္ကာပူစံတော်ချိန် ည (၈) နာရီ (၃၀) မိနစ်မှာ စပါမယ်

စင်္ကာပူစံတော်ချိန်က မြန်မာစံတော်ချိန်ထက် (၁) နာရီ (၃၀) မိနစ် စောပါတယ်။ မြန်မာစံတော်ချိန် ည (၇) နာရီမှာ ပွဲစပါပြီ။ Aung La Nsang နဲ့ Leandro Ataides တွဲဆိုင်းက ည (၁၀) နာရီဝန်းကျင်မှာ ဖြစ်ပါလိမ့်မယ်

ဘယ်လိုင်းမှာလဲ

SkyNet Sport 3 နဲ့ SkyNet Sports HD လိုင်းတွေမှာ ကြည့်နိုင်ပါတယ်။ ည (၇) နာရီထိုးတာနဲ့ တီဗီရှေ့မှာ ထိုင်လိုက်ပါ

ဖုန်းနဲ့ ဘယ်လိုကြည့်ရမလဲ

ဖုန်းနဲ့ဆိုရင် ONE Championship ရဲ့ YouTube Channel မှာ ကြည့်နိုင်ပါတယ်

YouTube Channel – bit.ly/3BPac5z

YouTube မှာ မကြည့်ချင်ရင် ONE Super App ကို Download ဆွဲပြီး ကြည့်လို့လည်းရတယ်

iOS – apple.co/3C1T5Of
Android – bit.ly/3rI8xdC

Application ကိုဖွင့်ပြီး Select Language မှာ English ကို ရွေးထားပါ။ iOS နဲ့ Android ဖုန်းတွေမှာ စမ်းသုံးပြီးပါပြီ မခက်ပါဘူး

ONE Championship ပွဲတွေကို အခမဲ့ကြည့်ရမှာပါ။ UFC ပွဲတွေလို ကျော်ခွပြီး ကြည့်စရာမလိုပါဘူး ONE Championship က သတ်မှတ်ထားတဲ့ ရုပ်သံလိုင်းမှာ ကြည့်ရုံပါပဲ စာဖတ်သူတွေ ဘေးကင်းပါစေ

ရေးသားထားတဲ့ သတင်းဆောင်းပါးတွေဟာ Myanmar Fight Edition ရဲ့ မူပိုင်ဖန်တီးမှုဖြစ်ပြီး ကူးယူဖော်ပြခြင်း လုံးဝ လုံးဝ ခွင့်မပြုပါ

Reference Source – ONE Championship
Photo Credit – ONE Championship

Leave a Reply

Your email address will not be published.