ဧရာ၀တီတိုင္းတြင္ မင္းေအာင္လႈိင္ ခိုင္းေစခ်က္အရ ေနၾကာ မျဖစ္မေန စိုက္ပ်ိဳးရမည္ဟု အမိန႔္ထုတ္၊ အာဏာႏွင့္ရာထူး အေနၾကာေစေရး ေနၾကာစိုက္သည့္ ယၾတာဟု ရႈျမင္၍ ေတာင္သူမ်ားက မစိုက္လိုၾက

ရန္ကုန္၊ ႏိုဝင္ဘာ ၉

အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္၏ ၫႊန္ၾကားခိုင္းေစခ်က္အရ ဧရာ၀တီတိုင္းတြင္ ေတာင္သူ လယ္ သမားမ်ားအေနျဖင့္ ေနၾကာ သီးႏွံမ်ား မျဖစ္မေန စိုက္ပ်ိဳးရမည္ျဖစ္ၿပီး မစိုက္ပ်ိဳးလွ်င္ လယ္ေျမမ်ား သိမ္း ဆည္းခံရမည္ျဖစ္သည့္အျပင္ အေရးယူခံရမည္ဟု ၿခိမ္းေျခာက္လာေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

“ဧရာဝတီ တိုင္းမွာ ပဲစိုက္ရာသီမွာ ေနၾကာ မျဖစ္မေန ထည့္စိုက္ခိုင္းလို႔ထည့္စိုက္ဖို႔ လုပ္ေနၾကရပါတယ္။အ ရင္ကတည္းက ေနၾကာစိုက္ခဲ့ဖူးတယ္။ ၿပီးေတာ့ အဆင္မေျပၾကလို႔ မစိုက္ၾကေတာ့တာ ၾကာလွေနပါၿပီ။ စိုက္ခိုင္းတဲ့ ရည္႐ြယ္ခ်က္က ျပည္တြင္း စားသုံးဆီ လိုအပ္ခ်က္ကို ျဖည့္ႏိုင္ဖို႔ဆိုတာထက္ ယၾတာ ျဖစ္ဖို႔မ်ားပါတယ္” ဟု ဧရာ၀တီတိုင္းစိုက္ပ်ိဳးေရးဌာနမွ သတင္းရင္းျမစ္က ေျပာသည္။

ေအာက္တိုဘာလ ၂၅ ရက္ေန႔ ဟသၤာတၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက ေက်း႐ြာအုပ္ခ်ဳပ္ေရးမႈးမ်ားကို ဆင့္ေခၚၿပီး ေနၾကာ မျဖစ္မေန စိုက္ပ်ိဳးၾကေရး ေတာင္ သူမ်ားကို အသိေပး၊ ဖိအားေပးရန္ ေျပာဆိုေၾကာင္း၊ ေနၾကာကို စီမံခ်က္ျဖင့္ စိုက္ပ်ိဳးရာတြင္ ေနၾကာ မ်ိဳးေစ့ကို ၁ဧကလွ်င္ ၂၅၀၀၀ က်ပ္ျဖင့္ မ်ိဳးေစ့ဝယ္ယူရမည္ျဖစ္ေၾကာင္း သိရွိရသည္။

“လက္ရွိ ကိုင္းေတာင္သူေတြကလည္း ေဆာင္းသီႏွံေတြ စိုက္ပ်ိဳးၿပီးစီးကုန္ၿပီ ျဖစ္တဲ့အတြက္ ေနၾကာ မျဖစ္မေနစိုက္ဖို႔အတင္းအက်ပ္ဖိအားေပးလာရင္ ပဋိပကၡ ျဖစ္လာႏိုင္ပါတယ္။ မ်ိဳးေစ့ကိုလည္း စိုက္တဲ့ေတာင္သူကပဲ အကုန္ အက် ခံ စရိတ္ခံၿပီး စိုက္ခိုင္းတယ္။

အခ်ိန္တန္ရင္ ဘယ္ေစ်းနဲ႔ ျပန္သိမ္းမယ္လို႔လည္း အာမခံခ်က္မေပးဘူး။ ေတာင္ သူေတြကလည္း စိုက္ဖို႔ကို စိတ္မဝင္စားၾကပါဘူး။ ရႈံးဖို႔ေသခ်ာေနလို႔ပါ။ လက္ရွိစိုက္ေနတဲ့ သီးႏွံကေစ်းေကာင္းရ တဲ့သီးႏွံအမ်ိဳးအစား ျငဳတ္ခင္း၊ ဂ်ပန္ပဲယင္းနီ ၊ ဂ်ပန္ပဲတီစိမ္းနီ၊ ပဲပုပ္တို႔ကိုအားထားစိုက္ပ်ိဳးထားတာပါ။

အဲဒီလို ပဲမ်ိဳး ေတြက အခ်ိန္တန္ေပါက္ေစ်း ပဲယင္းဆိုရင္ ၁ တင္းကို ၇၀၀၀၀ က်ပ္ဝန္းက်င္။ ပဲဒီစိမ္းနီဆို ၁ သိန္းဝန္းက်င္နဲ႔ေရာင္း ရတဲ့သီးႏွံေတြပါ။ ေနၾကာစိုက္ရင္ က်ေနာ္တို႔ ဝင္ေငြတင္မဟုတ္ဘူး စီးပြားေရးတစ္ခုလုံးထိခိုက္မွာပါ” ဟု ေတာင္ သူတစ္ဦးက ေျပာသည္။

ေနၾကာမစိုက္ပ်ိဳးလွ်င္ လယ္ေျမမ်ားသိမ္းဆည္းမည္ဟု ၿခိမ္းေျခာက္မႈမ်ားရွိေနရာ ေတာင္သူမ်ားက စစ္တပ္၏ ဖိအားကို စိတ္ညစ္ေနၾကသည္ဟု သိရွိရသည္။

“စိုက္ပ်ိဳးလို ျခင္းမရွိတဲ့ ေတာင္သူေတြကို ႏိုင္ငံေတာ္ စီမံကိန္းသီးႏွံ ေနၾကာ မစိုက္ပ်ိဳးရင္ လယ္ေျမပိုင္ဆိုင္ခြင့္အေထာက္ အထားဆုံး ရႈံးႏိုင္တယ္ဆိုၿပီး ၿခိမ္းေျခာက္ေျပာဆိုေနပါတယ္။ မအလ က အာဏာသိမ္း ကာလ ၾကာေစဖို႔ အေနၾကာေစဖို႔ ေနၾကာ စိုက္ခိုင္းေနတယ္လို႔ ထင္ျမင္လို႔ ေတာင္သူ လယ္ သမားေတြက စိုက္ပ်ိဳးလို ျခင္းမရွိပါဘူး။

ေနၾကာကို သီးညႇပ္ စိုက္ပ်ိဳးျခင္းနဲ႔ သီးသန႔္စိုက္ပ်ိဳးရျခင္း ႏွစ္မ်ိဳး နဲ႔ စိုက္ရမယ္လို႔ အမိန႔္ေပးပါတယ္။ စိုက္ပ်ိဳးေရး ေျမစာရင္းဌာနအဖြဲ႕ေတြကလည္း လယ္ဧက အလိုက္ ေနၾကာစိုက္ဧကေတြ ခြဲေဝတြက္ခ်က္ ၿပီး စာရင္းမ်ားျပဳစုတာေတြ လုပ္ေနၾကတယ္။

က်ေနာ္တို႔ေတာ့ မအလ အာဏာ႐ူးတာနဲ႔ ဒုကၡေရာက္ေနရပါတယ္” ဟု ဟသၤာတၿမိဳ႕နယ္မွ ေတာင္သူတစ္ဦးက သုံးသပ္ေျပာဆိုသည္။

=============

ဧရာ၀တီတိုင်းတွင် မင်းအောင်လှိုင် ခိုင်းစေချက်အရ နေကြာ မဖြစ်မနေ စိုက်ပျိုးရမည်ဟု အမိန့်ထုတ်၊ အာဏာနှင့်ရာထူး အနေကြာစေရေး နေကြာစိုက်သည့် ယတြာဟု ရှုမြင်၍ တောင်သူများက မစိုက်လိုကြ

ရန်ကုန်၊ နိုဝင်ဘာ ၉

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ညွှန်ကြားခိုင်းစေချက်အရ ဧရာ၀တီတိုင်းတွင် တောင်သူ လယ် သမားများအနေဖြင့် နေကြာ သီးနှံများ မဖြစ်မနေ စိုက်ပျိုးရမည်ဖြစ်ပြီး မစိုက်ပျိုးလျှင် လယ်မြေများ သိမ်း ဆည်းခံရမည်ဖြစ်သည့်အပြင် အရေးယူခံရမည်ဟု ခြိမ်းခြောက်လာကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဧရာဝတီ တိုင်းမှာ ပဲစိုက်ရာသီမှာ နေကြာ မဖြစ်မနေ ထည့်စိုက်ခိုင်းလို့ထည့်စိုက်ဖို့ လုပ်နေကြရပါတယ်။အ ရင်ကတည်းက နေကြာစိုက်ခဲ့ဖူးတယ်။ ပြီးတော့ အဆင်မပြေကြလို့ မစိုက်ကြတော့တာ ကြာလှနေပါပြီ။ စိုက်ခိုင်းတဲ့ ရည်ရွယ်ချက်က ပြည်တွင်း စားသုံးဆီ လိုအပ်ချက်ကို ဖြည့်နိုင်ဖို့ဆိုတာထက် ယတြာ ဖြစ်ဖို့များပါတယ်” ဟု ဧရာ၀တီတိုင်းစိုက်ပျိုးရေးဌာနမှ သတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်ချုပ်ရေးမှုးများကို ဆင့်ခေါ်ပြီး နေကြာ မဖြစ်မနေ စိုက်ပျိုးကြရေး တောင် သူများကို အသိပေး၊ ဖိအားပေးရန် ပြောဆိုကြောင်း၊ နေကြာကို စီမံချက်ဖြင့် စိုက်ပျိုးရာတွင် နေကြာ မျိုးစေ့ကို ၁ဧကလျှင် ၂၅၀၀၀ ကျပ်ဖြင့် မျိုးစေ့ဝယ်ယူရမည်ဖြစ်ကြောင်း သိရှိရသည်။

“လက်ရှိ ကိုင်းတောင်သူတွေကလည်း ဆောင်းသီနှံတွေ စိုက်ပျိုးပြီးစီးကုန်ပြီ ဖြစ်တဲ့အတွက် နေကြာ မဖြစ်မနေစိုက်ဖို့အတင်းအကျပ်ဖိအားပေးလာရင် ပဋိပက္ခ ဖြစ်လာနိုင်ပါတယ်။ မျိုးစေ့ကိုလည်း စိုက်တဲ့တောင်သူကပဲ အကုန် အကျ ခံ စရိတ်ခံပြီး စိုက်ခိုင်းတယ်။

အချိန်တန်ရင် ဘယ်စျေးနဲ့ ပြန်သိမ်းမယ်လို့လည်း အာမခံချက်မပေးဘူး။ တောင် သူတွေကလည်း စိုက်ဖို့ကို စိတ်မဝင်စားကြပါဘူး။ ရှုံးဖို့သေချာနေလို့ပါ။ လက်ရှိစိုက်နေတဲ့ သီးနှံကစျေးကောင်းရ တဲ့သီးနှံအမျိုးအစား ငြုတ်ခင်း၊ ဂျပန်ပဲယင်းနီ ၊ ဂျပန်ပဲတီစိမ်းနီ၊ ပဲပုပ်တို့ကိုအားထားစိုက်ပျိုးထားတာပါ။

အဲဒီလို ပဲမျိုး တွေက အချိန်တန်ပေါက်စျေး ပဲယင်းဆိုရင် ၁ တင်းကို ၇၀၀၀၀ ကျပ်ဝန်းကျင်။ ပဲဒီစိမ်းနီဆို ၁ သိန်းဝန်းကျင်နဲ့ရောင်း ရတဲ့သီးနှံတွေပါ။ နေကြာစိုက်ရင် ကျနော်တို့ ဝင်ငွေတင်မဟုတ်ဘူး စီးပွားရေးတစ်ခုလုံးထိခိုက်မှာပါ” ဟု တောင် သူတစ်ဦးက ပြောသည်။

နေကြာမစိုက်ပျိုးလျှင် လယ်မြေများသိမ်းဆည်းမည်ဟု ခြိမ်းခြောက်မှုများရှိနေရာ တောင်သူများက စစ်တပ်၏ ဖိအားကို စိတ်ညစ်နေကြသည်ဟု သိရှိရသည်။

“စိုက်ပျိုးလို ခြင်းမရှိတဲ့ တောင်သူတွေကို နိုင်ငံတော် စီမံကိန်းသီးနှံ နေကြာ မစိုက်ပျိုးရင် လယ်မြေပိုင်ဆိုင်ခွင့်အထောက် အထားဆုံး ရှုံးနိုင်တယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုနေပါတယ်။ မအလ က အာဏာသိမ်း ကာလ ကြာစေဖို့ အနေကြာစေဖို့ နေကြာ စိုက်ခိုင်းနေတယ်လို့ ထင်မြင်လို့ တောင်သူ လယ် သမားတွေက စိုက်ပျိုးလို ခြင်းမရှိပါဘူး။

နေကြာကို သီးညှပ် စိုက်ပျိုးခြင်းနဲ့ သီးသန့်စိုက်ပျိုးရခြင်း နှစ်မျိုး နဲ့ စိုက်ရမယ်လို့ အမိန့်ပေးပါတယ်။ စိုက်ပျိုးရေး မြေစာရင်းဌာနအဖွဲ့တွေကလည်း လယ်ဧက အလိုက် နေကြာစိုက်ဧကတွေ ခွဲဝေတွက်ချက် ပြီး စာရင်းများပြုစုတာတွေ လုပ်နေကြတယ်။

ကျနော်တို့တော့ မအလ အာဏာရူးတာနဲ့ ဒုက္ခရောက်နေရပါတယ်” ဟု ဟင်္သာတမြို့နယ်မှ တောင်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *