ယေန႔ ညလၾကတ္ခ်ိန္ သံပုံးတီး၍ အၾကမ္းဖက္ မင္းေအာင္လႈိင္ႏွင့္ စစ္ေကာင္စီက်ဆုံးေရး သံပုံးတီး သပိတ္ေမွာက္

ရန္ကုန္၊ ႏိုဝင္ဘာ ၈

ယေန႔ ညပိုင္း လၾကတ္ခ်ိန္တြင္ ျပည္သူ ၁ ဦးက သံပုံးတီး၍ အၾကမ္းဖက္ မင္းေအာင္လႈိင္ႏွင့္စစ္ေကာင္စီ က်ဆုံးေရး တစ္ကိုယ္ေတာ္ဆႏၵထုတ္ေဖာ္သည္။

လအျပည့္ၾကတ္ျခင္းျဖစ္စဥ္ ( Total Lunar Eclipse ) ကို ျမန္မာႏိုင္ငံက မနက္ျဖန္ ႏိုဝငါဘာလ ၈ ရက္တြင္ ျမင္ေတြ႕ရမည္ ျဖစ္ေၾကာင္း ျမန္မာ့နကၡတ္တာရာႏွင့္သိပၸံပညာဝါသနာရွင္မ်ားအသင္း က ထုတ္ျပန္ထားသည္

လ ၾကတ္သည့္ျဖစ္စဥ္ စတင္သည့္အခ်ိန္သည္ ျမန္မာႏိုင္ငံအပါအဝင္ အာရွႏိုင္ငံမ်ား၏ မြန္းလြဲပိုင္းအခ်ိန္ ၂ နာရီခန႔္တြင္ စတင္မည္ျဖစ္ၿပီး လအျပည့္ၾကတ္ျခင္းကို ညေန ၄ နာရီ ၄၆ မိနစ္ တြင္ ျမန္မာႏိုင္ငံကေန ျမင္ရဦးမည္ျဖစ္ေၾကာင္း၊

ျမန္မာႏိုင္ငံအတြက္ လထြက္ခ်ိန္ က ၅ နာရီ ၂၈ မိနစ္ ျဖစ္ၿပီး လအျပည့္ၾကတ္ျခင္းျဖစ္စဥ္ ၿပီးဆုံးခ်ိန္မွာ ညေန ၆ နာရီ ၁၁ မိနစ္ ျဖစ္ေၾကာင္း၊ယင္းေၾကာင့္ လအျပည့္ၾကတ္ျခင္း ျဖစ္စဥ္ကို မိနစ္ ၄၀ ခန႔္သာ ျမင္ေတြ႕ရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ကို ျမင္ေတြ႕ရရန္ အေရွ႕ဖက္ ေကာင္းကင္ကို မိုးကုတ္စက္ဝိုင္းအနီးထိ ျမင္ကြင္းရွင္းသည့္ အျမင့္တစ္ေနရာ ကေန ၾကည့္ရႈမွသာ ျမင္ႏိုင္မည္ ျဖစ္ေၾကာင္းႏွင့္ လၾကတ္ျခင္းျဖစ္စဥ္အစ အဆုံး ၅ နာရီ ၅၄ မိနစ္ ၾကာျမင့္မည္ ျဖစ္ေၾကာင္းလည္း အဆိုပါ အသင္းက သိရသည္။

လၾကတ္သည့္ျဖစ္စဥ္၌ အခ်ိဳ႕အခ်ိန္မ်ားတြင္ လက ေသြးနီေရာင္ေျပာင္းသြားတတ္ေၾကာင္း၊ ယင္းသို႔ အနီေရာင္ေျပာင္းသြားျခင္းမွာ ေနေရာင္က ကမာၻ႔ေလထုကို ျဖတ္သြားသည့္အခါ ေနေရာင္ထဲတြင္ပါရွိသည့္ အစိမ္း၊ အျပာ၊ မဲနယ္၊ ခရမ္း စေသာ အေရာင္မ်ား

ေလထုအတြင္း refract (အလင္းယိုင္) သြားျခင္းေၾကာင့္ က်န္ေနသည့္အနီေရာင္ကသာ လေပၚကိုက်ေရာက္သြားေသာေၾကာင့္ျဖစ္ေၾကာင္း၊ယင္းအျပင္ ကမာၻ႔ ေလထုအတြင္းရွိ ဖုန္မႈန႔္မ်ားႏွင့္ အမႈန္အမႊားမ်ား၊မီးခိုးမ်ားေၾကာင့္ အနီေရာင္အေနျဖင့္ ျမင္ရျခင္းလည္း ျဖစ္ႏိုင္ေၾကာင္း သိရသည္။crd

ယနေ့ ညလကြတ်ချိန် သံပုံးတီး၍ အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်ကောင်စီကျဆုံးရေး သံပုံးတီး သပိတ်မှောက်

ရန်ကုန်၊ နိုဝင်ဘာ ၈

ယနေ့ ညပိုင်း လကြတ်ချိန်တွင် ပြည်သူ ၁ ဦးက သံပုံးတီး၍ အကြမ်းဖက် မင်းအောင်လှိုင်နှင့်စစ်ကောင်စီ ကျဆုံးရေး တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သည်။

လအပြည့်ကြတ်ခြင်းဖြစ်စဉ် ( Total Lunar Eclipse ) ကို မြန်မာနိုင်ငံက မနက်ဖြန် နိုဝငါဘာလ ၈ ရက်တွင် မြင်တွေ့ရမည် ဖြစ်ကြောင်း မြန်မာ့နက္ခတ်တာရာနှင့်သိပ္ပံပညာဝါသနာရှင်များအသင်း က ထုတ်ပြန်ထားသည်

လ ကြတ်သည့်ဖြစ်စဉ် စတင်သည့်အချိန်သည် မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများ၏ မွန်းလွဲပိုင်းအချိန် ၂ နာရီခန့်တွင် စတင်မည်ဖြစ်ပြီး လအပြည့်ကြတ်ခြင်းကို ညနေ ၄ နာရီ ၄၆ မိနစ် တွင် မြန်မာနိုင်ငံကနေ မြင်ရဦးမည်ဖြစ်ကြောင်း၊

မြန်မာနိုင်ငံအတွက် လထွက်ချိန် က ၅ နာရီ ၂၈ မိနစ် ဖြစ်ပြီး လအပြည့်ကြတ်ခြင်းဖြစ်စဉ် ပြီးဆုံးချိန်မှာ ညနေ ၆ နာရီ ၁၁ မိနစ် ဖြစ်ကြောင်း၊ယင်းကြောင့် လအပြည့်ကြတ်ခြင်း ဖြစ်စဉ်ကို မိနစ် ၄၀ ခန့်သာ မြင်တွေ့ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကို မြင်တွေ့ရရန် အရှေ့ဖက် ကောင်းကင်ကို မိုးကုတ်စက်ဝိုင်းအနီးထိ မြင်ကွင်းရှင်းသည့် အမြင့်တစ်နေရာ ကနေ ကြည့်ရှုမှသာ မြင်နိုင်မည် ဖြစ်ကြောင်းနှင့် လကြတ်ခြင်းဖြစ်စဉ်အစ အဆုံး ၅ နာရီ ၅၄ မိနစ် ကြာမြင့်မည် ဖြစ်ကြောင်းလည်း အဆိုပါ အသင်းက သိရသည်။

လကြတ်သည့်ဖြစ်စဉ်၌ အချို့အချိန်များတွင် လက သွေးနီရောင်ပြောင်းသွားတတ်ကြောင်း၊ ယင်းသို့ အနီရောင်ပြောင်းသွားခြင်းမှာ နေရောင်က ကမ္ဘာ့လေထုကို ဖြတ်သွားသည့်အခါ နေရောင်ထဲတွင်ပါရှိသည့် အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်း စသော အရောင်များ

လေထုအတွင်း refract (အလင်းယိုင်) သွားခြင်းကြောင့် ကျန်နေသည့်အနီရောင်ကသာ လပေါ်ကိုကျရောက်သွားသောကြောင့်ဖြစ်ကြောင်း၊ယင်းအပြင် ကမ္ဘာ့ လေထုအတွင်းရှိ ဖုန်မှုန့်များနှင့် အမှုန်အမွှားများ၊မီးခိုးများကြောင့် အနီရောင်အနေဖြင့် မြင်ရခြင်းလည်း ဖြစ်နိုင်ကြောင်း သိရသည်။crd

 

Leave a Reply

Your email address will not be published. Required fields are marked *