ဝက္လက္ၿမိဳ႕နယ္ထဲက ေ႐ႊပန္းကုံး စခန္းသိမ္း တိုက္ပြဲ

စစ္ကိုင္းတိုင္း၊ ဝက္လက္ၿမိဳ႕နယ္ ေ႐ႊပန္းကုံးစံျပေက်း႐ြာအတြင္းရွိ ေ႐ႊပန္းကုံးနယ္ေျမရဲစခန္းကို ဝင္ေရာက္ တိုက္ခိုက္ သိမ္းပိုက္ရာ စခန္းမႉးအပါအဝင္ (၆)ဦးေသေၾကာင္း Doing Ni Defence Force-Wetlet ၏ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဝင္ဘာလ(၇)ရက္ေန႔တြင္ သတင္းထုတ္ျပန္လာသည္။

အဆိုပါ စခန္းသိမ္းတိုက္ပြဲကို ၂၀၂၂ခုႏွစ္ ေအာက္တိုဘာလ(၁၇)ရက္ေန႔က ျပဳလုပ္ခဲ့ျခင္းျဖစ္ေသာ္လည္း အင္တာနက္ အခက္အခဲေၾကာင့္ ယေန႔မွသာ သတင္းဗီဒီယိုမွတ္တမ္းကို ထုတ္ျပန္ႏိုင္သည္ဟုလည္း အသိေပးထားရွိသည္။

စခန္းသိမ္း တိုက္ပြဲအတြင္း စစ္ေကာင္စီဘက္က အထိနာမႈ မ်ားေသာေၾကာင့္ စစ္ေကာင္စီတပ္က ေလးေၾကာင္ပစ္ကူျဖင့္ တိုက္ခိုက္ခဲ့ကာ ျပည္သူပူေပါင္းပါဝင္မႈနည္းၿပီး သတင္းေပါက္ၾကားမႈေၾကာင့္ စခန္းကို အလုံးစုံ မသိမ္းႏိုင္ခဲ့ေသာ္လည္း စခန္းမႉး အပါအဝင္ (၆)ဦးေသေၾကာင္း သိရသည္။

တိုက္ပြဲတြင္ ညီေနာင္မဟာမိတ္ျဖစ္သည့္ 96 Soliders မွ ရဲေဘာ္ တစ္ဦး က်ဆုံးခဲ့ရေၾကာင္း ထုတ္ျပန္ထားသည္။

TachileikNewsAgency

Video: Pyay Kyaw/DNDF – Wetlet

ဝက်လက်မြို့နယ်ထဲက ရွှေပန်းကုံး စခန်းသိမ်း တိုက်ပွဲ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရွှေပန်းကုံးစံပြကျေးရွာအတွင်းရှိ ရွှေပန်းကုံးနယ်မြေရဲစခန်းကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ရာ စခန်းမှူးအပါအဝင် (၆)ဦးသေကြောင်း Doing Ni Defence Force-Wetlet ၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့က  နိုဝင်ဘာလ(၇)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ၂၀၂၂ခုနှစ် အောက်တိုဘာလ(၁၇)ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း အင်တာနက် အခက်အခဲကြောင့် ယနေ့မှသာ သတင်းဗီဒီယိုမှတ်တမ်းကို ထုတ်ပြန်နိုင်သည်ဟုလည်း အသိပေးထားရှိသည်။

စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာမှု များသောကြောင့် စစ်ကောင်စီတပ်က လေးကြောင်ပစ်ကူဖြင့် တိုက်ခိုက်ခဲ့ကာ ပြည်သူပူပေါင်းပါဝင်မှုနည်းပြီး သတင်းပေါက်ကြားမှုကြောင့် စခန်းကို အလုံးစုံ မသိမ်းနိုင်ခဲ့သော်လည်း စခန်းမှူး အပါအဝင် (၆)ဦးသေကြောင်း သိရသည်။

တိုက်ပွဲတွင် ညီနောင်မဟာမိတ်ဖြစ်သည့် 96 Soliders မှ ရဲဘော် တစ်ဦး ကျဆုံးခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

TachileikNewsAgency

Video: Pyay Kyaw/DNDF – Wetlet

Leave a Reply

Your email address will not be published. Required fields are marked *