ရဲစခန္း ၄၀ မမ ျဖင့္ ပစ္ခတ္ခံရၿပီး ရဲလိုင္းခန္း မီးေလာင္ ၊ သံတံတားလုံၿခဳံေရး ဂိတ္တြင္ ပစ္ခတ္မႈျဖစ္ပြား

ရန္ကုန္၊ ႏိုဝင္ဘာ ၈

မြန္ျပည္နယ္ က်ိဳက္ထိုၿမိဳ႕နယ္ သိမ္ဇရပ္ၿမိဳ႕ ရဲစခန္းကို ႏိုဝင္ဘာ ၇ ရက္ေန႔ (တန္ေဆာင္မုန္းလျပည့္) ညေန ၆ နာရီခြဲ အခ်ိန္တြင္ ၄၀ မမ ျဖင့္ ပစ္ခတ္ခံရၿပီး စခန္းအတြင္း ရဲလိုင္းခန္းမီးေလာင္သြားေၾကာင္း ေဒသခံမ်ား ထံမွ သိရွိရသည္။

“လူေတြက တန္ေဆာင္တိုင္ည ဆိုေတာ့ ေဗ်ာက္အိုးေဖာက္တယ္ပဲ ထင္ေနတာ ။ ေနာက္မွ ေသနတ္သံေတြ ဆက္တိုက္ထြက္လာေတာ့ လမ္းေပၚမွာ ရွိတဲ့ လူေတြ အိမ္ထဲ ေျပးဝင္ၾကရတာေပါ့။ စခန္းထဲက မီးေတာက္ကို‌ ေတြ႕ေနရတယ္ေလ။ လိုင္းခန္းမီးေလာင္သြားတယ္” ဟု ေဒသခံ တစ္ဦးက ေျပာၾကားသည္။

ရဲစခန္းကို ၄၀ မမ ႏွစ္လုံးဆက္တိုက္ပစ္ခတ္ခံရျခင္းျဖစ္ၿပီး စခန္းအတြင္း ေသနတ္သံမ်ားလည္း ၾကားရၿပီး ေနာက္ထပ္လည္း ၄၀ မမ ႏွစ္ခ်က္ ထပ္မံ ပစ္ခံရေၾကာင္း၊ သိမ္ဇရပ္ရွိ စစ္ေကာင္စီဝင္မ်ား၏ လက္နက္ႀကီးထိုင္ထားသည့္ေနရာမွ လက္နက္ႀကီးသံမ်ား ဆက္တိုက္ရမ္းသမ္းပစ္ခတ္ခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

“ေသတာ သတင္းမသိရေသးဘူ။ ညဘက္ဆိုေတာ့ ေနာက္ၿပီး သူတို႔က တစ္ခုခုဆို လူနာေရာ အေလာင္းေရာ ရွိလာရင္ တပ္ထဲပဲ ေခၚသြားတယ္” ဟု Kyaikhto Information Team က ရန္ကုန္ေခတ္သစ္သို႔ ေျပာၾကားသည္။

ထို႔ျပင္ ႏိုဝင္ဘာ ၇ ရက္ေန႔ ည ၁၀ နာရိ ၈ မိနစ္ အခ်ိန္တြင္လည္း က်ိဳက္ထိုႏွင့္ ဘီးလင္းအစပ္ စစ္ေကာင္စီတပ္ တပ္စြဲထားသည့္ သံတံတားဂိတ္တြင္လည္း ၄၀ မမ ျဖင့္ ပစ္ခတ္ခံရေၾကာင္း၊ ပစ္ခတ္သံအၿပီး ၁၅ မိနစ္ခန႔္ အျပန္ အလွန္ တိုက္ပြဲငယ္ပုံစံ ျဖစ္ပြားခဲ့ေၾကာင္း၊ အၾကမ္းဖက္စစ္ေကာင္စီဘက္မွ ၆၀ မမ၊ ၈၀ မမ ၊ ၁၂၀ မမ တို႔ျဖင့္ အခ်က္ေပါင္းမ်ားစြာ ရမ္းသမ္းပစ္ခတ္ခဲ့၍ အဓိဌာန္ေတာင္ နားသို႔ လက္နက္ႀကီးက်ည္ဆန္အခ်ိဳ႕ က်ေရာက္သြားခဲ့ေၾကာင္း Kyaikhto Information Teamက ေျပာသည္။

“သံတံတားဂိတ္မွာ ပစ္ေနၾကတာ ေၾကာက္စရာႀကီး၊ ေျမေတြပါ တုန္တယ္။ ပထမ ႏွစ္ခ်က္က ကိုယ့္ဘက္က ပစ္တာ ျဖစ္မယ္။ ႏွစ္ခ်က္ၾကားၿပီး လက္ နက္ငယ္ေတြ ဆက္တိုက္ပစ္တာ ၁၅ မိနစ္ေလာက္ ၾကာမယ္” ဟု ေဒသခံတစ္ဦးက ေျပာၾကားသည္။

ဓာတ္ပုံ- သိမ္ျဖဴဇရပ္နယ္ေျမရဲစခန္း။

ရဲစခန်း ၄၀ မမ ဖြင့် ပစ်ခတ်ခံရပြီး ရဲလိုင်းခန်း မီးလောင် ၊ သံတံတားလုံခြုံရေး ဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွား

ရန်ကုန်၊ နိုဝင်ဘာ ၈

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ရဲစခန်းကို နိုဝင်ဘာ ၇ ရက်နေ့ (တန်ဆောင်မုန်းလပြည့်) ညနေ ၆ နာရီခွဲ အချိန်တွင် ၄၀ မမ ဖြင့် ပစ်ခတ်ခံရပြီး စခန်းအတွင်း ရဲလိုင်းခန်းမီးလောင်သွားကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

“လူတွေက တန်ဆောင်တိုင်ည ဆိုတော့ ဗျောက်အိုးဖောက်တယ်ပဲ ထင်နေတာ ။ နောက်မှ သေနတ်သံတွေ ဆက်တိုက်ထွက်လာတော့ လမ်းပေါ်မှာ ရှိတဲ့ လူတွေ အိမ်ထဲ ပြေးဝင်ကြရတာပေါ့။ စခန်းထဲက မီးတောက်ကို‌ တွေ့နေရတယ်လေ။ လိုင်းခန်းမီးလောင်သွားတယ်” ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။

ရဲစခန်းကို ၄၀ မမ နှစ်လုံးဆက်တိုက်ပစ်ခတ်ခံရခြင်းဖြစ်ပြီး စခန်းအတွင်း သေနတ်သံများလည်း ကြားရပြီး နောက်ထပ်လည်း ၄၀ မမ နှစ်ချက် ထပ်မံ ပစ်ခံရကြောင်း၊ သိမ်ဇရပ်ရှိ စစ်ကောင်စီဝင်များ၏ လက်နက်ကြီးထိုင်ထားသည့်နေရာမှ လက်နက်ကြီးသံများ ဆက်တိုက်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“သေတာ သတင်းမသိရသေးဘူ။ ညဘက်ဆိုတော့ နောက်ပြီး သူတို့က တစ်ခုခုဆို လူနာရော အလောင်းရော ရှိလာရင် တပ်ထဲပဲ ခေါ်သွားတယ်” ဟု Kyaikhto Information Team က ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ထို့ပြင် နိုဝင်ဘာ ၇ ရက်နေ့ ည ၁၀ နာရိ ၈ မိနစ် အချိန်တွင်လည်း ကျိုက်ထိုနှင့် ဘီးလင်းအစပ် စစ်ကောင်စီတပ် တပ်စွဲထားသည့် သံတံတားဂိတ်တွင်လည်း ၄၀ မမ ဖြင့် ပစ်ခတ်ခံရကြောင်း၊ ပစ်ခတ်သံအပြီး ၁၅ မိနစ်ခန့် အပြန် အလှန် တိုက်ပွဲငယ်ပုံစံ ဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၆၀ မမ၊ ၈၀ မမ ၊ ၁၂၀ မမ တို့ဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့၍ အဓိဌာန်တောင် နားသို့ လက်နက်ကြီးကျည်ဆန်အချို့ ကျရောက်သွားခဲ့ကြောင်း Kyaikhto Information Teamက ပြောသည်။

“သံတံတားဂိတ်မှာ ပစ်နေကြတာ ကြောက်စရာကြီး၊ မြေတွေပါ တုန်တယ်။ ပထမ နှစ်ချက်က ကိုယ့်ဘက်က ပစ်တာ ဖြစ်မယ်။ နှစ်ချက်ကြားပြီး လက် နက်ငယ်တွေ ဆက်တိုက်ပစ်တာ ၁၅ မိနစ်လောက် ကြာမယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ဓာတ်ပုံ- သိမ်ဖြူဇရပ်နယ်မြေရဲစခန်း။

Leave a Reply

Your email address will not be published. Required fields are marked *