စမ္းေခ်ာင္း၊ ကြၽန္းေတာလမ္းမႀကီးေပၚရွိ ကြၽန္း/ေျမာက္အုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ ဗုံးေပါက္၊ သာေကတြင္လည္း က်ယ္ ေလာင္ေသာ ေပါက္ကြဲသံျဖင့္ ဗုံးကြဲမႈျဖစ္၊ ပုသိမ္ၿမိဳ႕ေရေပၚေစ်းတြင္လည္း ဗုံးေပါက္ၿပီး တန္ေဆာင္တိုင္ပြဲပ်က္

ရန္ကုန္၊ ႏိုဝင္ဘာ ၇

ရန္ကုန္တိုင္း၊ စမ္းေခ်ာင္းၿမိဳ႕နယ္ႏွင့္ သာေကတၿမိဳ႕နယ္တြင္ ယေန႔ညပိုင္း ဗုံးေပါက္ကြဲေၾကာင္း ေဒသခံ ျပည္သူမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုၾကသည္။
ႏိုဝင္ဘာလ ၇ ရက္ေန႔ ညေန ၆ နာရီ ၄၀ မိနစ္အခ်ိန္ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ကြၽန္းေတာလမ္းႀကီး၊ ကြၽန္းေတာေျမာက္ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးအနီးတြင္ ဗုံးေပါက္ ကြဲသံထြက္ေပၚလာျခင္းျဖစ္‌ေၾကာင္း သိရွိရသည္။

“ဗုံးေပါက္သံၾကားတယ္။ လူေတာ့မထိဘူးလို႔ သိရတယ္။ စစ္တပ္နဲ႔ရဲေတာ့ ေရာက္လာတယ္။ လူေတြကေတာ့ သူတို႔လာရင္ အထဲျပန္ဝင္ၿပီး ေခ်ာင္းၾကည့္ေပါ့” ဟု ကြၽန္းေတာလမ္းတြင္ ေနထိုင္သူတစ္ဦးက ေျပာသည္။

အလားတူ သာေကတၿမိဳ႕နယ္တြင္ ယေန႔ည ၉ နာရီ ၁၀ မိနစ္အခ်ိန္ ဗုံးေပါက္ ကြဲသံ အလြန္က်ယ္ေလာင္စြာ ၾကားရေၾကာင္း ေဒသခံမ်ားက ေျပာဆိုၾကသည္။

“သာေကတမွာဗုံးေပါက္တာ အိမ္ေတာင္တုန္တယ္။ ေတာ္ေတာ္လည္း ဗုံးက ျပင္းတယ္။ အက်ယ္ႀကီး အသံက ။ ျမင္ေတာ္သာကေနၾကားလိုက္တာ။ ၄ ရပ္ ကြက္ထဲက အုပ္ခ်ဳပ္ေရးမႉး႐ုံးမ်ားလား မသိဘူး” ဟု သာေကတ ေဒသခံတစ္ဦးက ေျပာဆိုသည္။

ထို႔အတူ ႏိုဝင္ဘာလ ၆ ရက္ေန႔ ညေန ၆ နာရီ ေက်ာ္အခ်ိန္ ဧရာ၀တီတိုင္း၊ ပုသိမ္ၿမိဳ႕၊ ေရေပၚေစ်းတြင္ ယေန႔ ဗုံးေပါက္ကြဲသျဖင့္ လူ ၁ ဦး ထိခိုက္ဒဏ္ရရွိၿပီး တန္ ေဆာင္တိုင္ပြဲ ပ်က္သြားေၾကာင္း၊ လူ႐ုတ္႐ုတ္သဲသဲျဖစ္ၿပီး စစ္တပ္ႏွင့္ရဲမ်ားက အိတ္မ်ားကို အဓိက ထား စစ္ေဆးေၾကာင္း ေဒသခံမ်ားက ေျပာဆိုသည္။

“ပုသိမ္မွာ ေရေပၚေစ်းမွာဗုံးေပါက္တာ ၁ေယာက္ထိတယ္။ စစ္တပ္က ကမ္း နား၊ ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ။ အခုကမ္း နားမွာ စစ္ေဆးေရးေတြ အရမ္းစစ္ေနတယ္။ လုံၿခဳံေရးခ်ထားတဲ့ၾကားက ဗုံးေပါက္လို႔ တင္းၿပီးေတာ့ လူေတြနဲ႔ အိတ္ေတြကို လိုက္စစ္ေနတာ” ဟု ပုသိမ္ေဒသခံတစ္ဦးက ေျပာဆိုသည္။

ဓာတ္ပုံ- ႏိုဝင္ဘာလ ၁ ရက္ေန႔ ပုသိမ္ၿမိဳ႕တြင္ စစ္ေဆးေရးလုပ္ေနေသာ အၾကမ္း ဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား။

===========

စမ်းချောင်း၊ ကျွန်းတောလမ်းမကြီးပေါ်ရှိ ကျွန်း/မြောက်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်၊ သာကေတွင်လည်း ကျယ် လောင်သော ပေါက်ကွဲသံဖြင့် ဗုံးကွဲမှုဖြစ်၊ ပုသိမ်မြို့ရေပေါ်စျေးတွင်လည်း ဗုံးပေါက်ပြီး တန်ဆောင်တိုင်ပွဲပျက်

ရန်ကုန်၊ နိုဝင်ဘာ ၇

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်နှင့် သာကေတမြို့နယ်တွင် ယနေ့ညပိုင်း ဗုံးပေါက်ကွဲကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန် စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းကြီး၊ ကျွန်းတောမြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဗုံးပေါက် ကွဲသံထွက်ပေါ်လာခြင်းဖြစ်‌ကြောင်း သိရှိရသည်။

“ဗုံးပေါက်သံကြားတယ်။ လူတော့မထိဘူးလို့ သိရတယ်။ စစ်တပ်နဲ့ရဲတော့ ရောက်လာတယ်။ လူတွေကတော့ သူတို့လာရင် အထဲပြန်ဝင်ပြီး ချောင်းကြည့်ပေါ့” ဟု ကျွန်းတောလမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

အလားတူ သာကေတမြို့နယ်တွင် ယနေ့ည ၉ နာရီ ၁၀ မိနစ်အချိန် ဗုံးပေါက် ကွဲသံ အလွန်ကျယ်လောင်စွာ ကြားရကြောင်း ဒေသခံများက ပြောဆိုကြသည်။

“သာကေတမှာဗုံးပေါက်တာ အိမ်တောင်တုန်တယ်။ တော်တော်လည်း ဗုံးက ပြင်းတယ်။ အကျယ်ကြီး အသံက ။ မြင်တော်သာကနေကြားလိုက်တာ။ ၄ ရပ် ကွက်ထဲက အုပ်ချုပ်ရေးမှူးရုံးများလား မသိဘူး” ဟု သာကေတ ဒေသခံတစ်ဦးက ပြောဆိုသည်။

ထို့အတူ နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီ ကျော်အချိန် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ ရေပေါ်စျေးတွင် ယနေ့ ဗုံးပေါက်ကွဲသဖြင့် လူ ၁ ဦး ထိခိုက်ဒဏ်ရရှိပြီး တန် ဆောင်တိုင်ပွဲ ပျက်သွားကြောင်း၊ လူရုတ်ရုတ်သဲသဲဖြစ်ပြီး စစ်တပ်နှင့်ရဲများက အိတ်များကို အဓိက ထား စစ်ဆေးကြောင်း ဒေသခံများက ပြောဆိုသည်။

“ပုသိမ်မှာ ရေပေါ်စျေးမှာဗုံးပေါက်တာ ၁ယောက်ထိတယ်။ စစ်တပ်က ကမ်း နား၊ မြို့တော်ခန်းမရှေ့မှာ။ အခုကမ်း နားမှာ စစ်ဆေးရေးတွေ အရမ်းစစ်နေတယ်။ လုံခြုံရေးချထားတဲ့ကြားက ဗုံးပေါက်လို့ တင်းပြီးတော့ လူတွေနဲ့ အိတ်တွေကို လိုက်စစ်နေတာ” ဟု ပုသိမ်ဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- နိုဝင်ဘာလ ၁ ရက်နေ့ ပုသိမ်မြို့တွင် စစ်ဆေးရေးလုပ်နေသော အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Leave a Reply

Your email address will not be published. Required fields are marked *