ေျမာင္ႏွင့္ ေရစႀကိဳ အစပ္ရွိ ေက်း႐ြာ ၂ ႐ြာကို စစ္တပ္က ယေန႔ ညပိုင္းအထိ မီးတင္ရႈိ႕ေနၿပီး ေထာင္ႏွင့္ခ်ီေသာ ျပည္သူမ်ား ထြက္ေျပး တိမ္းေရွာင္ေနရ

ရန္ကုန္၊ ႏိုဝင္ဘာ ၇

ေျမာင္ၿမိဳ႕နယ္ႏွင့္ ေရစႀကိဳၿမိဳ႕နယ္ အစပ္ရွိ ေက်း႐ြာ ၂ ႐ြာကို အၾကမ္းဖက္ စစ္တပ္က ယေန႔ ညပိုင္းထိ မီးတင္ရႈိ႕ေနေၾကာင္း ေဒသခံျပည္သူမ်ား ထံမွ သိရသည္။

ႏိုဝင္ဘာလ ၇ ရက္ေန႔ နံနက္ပိုင္းတြင္ အင္အား ၃၀၀ ခန္႔ပါ အၾကမ္းဖက္ စစ္တပ္ စစ္ေၾကာင္းသည္ ေရစႀကိဳၿမိဳ႕နယ္ရွိ ဆင္ေျခရာ႐ြာႏွင့္ ေျမာင္ၿမိဳ႕နယ္ရွိ နႏြန္းကိုင္းေက်း႐ြာတို႔ကို ဝင္ေရာက္ စီးနင္းၿပီး မီးရႈိ႕ဖ်က္ဆီးေနျခင္းျဖစ္ေၾကာင္း သိရသည္။

” တိုက္ပြဲမျဖစ္ဘူး။ နံနက္ပိုင္းေလာက္က အင္အား ၃၀၀ ေလာက္ပါနဲ႔ စစ္ေခြးေတြ ႐ြာ၂ ႐ြာကို ဝင္စီးၿပီး မြန္းလြဲ ပိုင္းေလာက္တည္းက ျပည္သူပိုင္ ေနအိမ္ေတြကို မီးရႈိ႕ဖ်က္ဆီးေနတာ အခုညပိုင္းအထိကို ရႈိ႕ေနတုန္းပဲ စစ္ေခြးေတြ အခုထိရွိေသးတယ္” ဟု ေဒသခံ ျပည္သူ တစ္ဦးကေျပာဆိုသည္။

အၾကမ္းဖက္ စစ္တပ္ စစ္ေၾကာင္းသည္ ဆင္ေျခရာ႐ြာႏွင့္ နႏြန္းကိုင္းေက်း႐ြာတြင္ လက္ရွိခ်ိန္ထိ တပ္စြဲထားၿပီး ေက်း႐ြာအတြင္း ပ်က္စီးဆုံးရႈံးမႈ အေျခအေနကို အတည္မျပဳႏိုင္ေသးလဲ လက္ရွိခ်ိန္တြင္ အနီးအနားရွိ ေက်း႐ြာ ၅ ႐ြာမွ ေထာင္ႏွင့္ခ်ီေသာ ျပည္သူမ်ားသည္ ေဘးလြတ္ရာသို႔ ထြက္ေျပးေနရေၾကာင္း သိရသည္။

=========

မြောင်နှင့် ရေစကြို အစပ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က ယနေ့ ညပိုင်းအထိ မီးတင်ရှို့နေပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ နိုဝင်ဘာ ၇

မြောင်မြို့နယ်နှင့် ရေစကြိုမြို့နယ် အစပ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းထိ မီးတင်ရှို့နေကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် အင်အား ၃၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေစကြိုမြို့နယ်ရှိ ဆင်ခြေရာရွာနှင့် မြောင်မြို့နယ်ရှိ နနွန်းကိုင်းကျေးရွာတို့ကို ဝင်ရောက် စီးနင်းပြီး မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

” တိုက်ပွဲမဖြစ်ဘူး။ နံနက်ပိုင်းလောက်က အင်အား ၃၀၀ လောက်ပါနဲ့ စစ်ခွေးတွေ ရွာ၂ ရွာကို ဝင်စီးပြီး မွန်းလွဲ ပိုင်းလောက်တည်းက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာ အခုညပိုင်းအထိကို ရှို့နေတုန်းပဲ စစ်ခွေးတွေ အခုထိရှိသေးတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆင်ခြေရာရွာနှင့် နနွန်းကိုင်းကျေးရွာတွင် လက်ရှိချိန်ထိ တပ်စွဲထားပြီး ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးလဲ လက်ရှိချိန်တွင် အနီးအနားရှိ ကျေးရွာ ၅ ရွာမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *