တန္ေဆာင္တိုင္ မုန႔္ဖိုးမေပးတဲ့အိမ္ကို ခဲနဲ႔ထု၊အိမ္ရွင္က ျပန္ထုလို႔ မုန႔္ဖိုးေတာင္းသူ ႏွစ္ဦး ေခါင္းကြဲ

ႏိုဝင္ဘာ ၇၊ The Nation Voice

မေကြးမွာ တန္ေဆာင္တိုင္လျပည့္ေန႔တိုင္း မုန႔္ဖိုးေတာင္းတဲ့ ဓေလ့အရ အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ မုန႔္ဖိုးသြားေတာင္းသူေတြက မုန႔္ဖိုးမေပးတဲ့ အိမ္ကို ခဲနဲ႔ ထုလို႔ အိမ္ရွင္က ျပန္ထုရာ ႏွစ္ဦး ေခါင္းကြဲသြားတယ္လို႔ မေကြးက လူမႈကူညီေရးအသင္းေတြထံက သိရပါတယ္။

အဲဒီတန္ေဆာင္တိုင္ ဓေလ့အရ မုန႔္ဖိုးေတာင္းသူနဲ႔ အိမ္ရွင္တို႔ ပဋိပကၡျဖစ္ၿပီး ခဲနဲ႔ထုတဲ့ မုန႔္ဖိုးေတာင္းသူ ႏွစ္ဦးအနက္ တစ္ဦးကေတာ့ ေခါင္းကြဲသြားၿပီး တစ္ဦးကေတာ့ ဦးေခါင္းေၾကမြတဲ့ ဒဏ္ရာရရွိခဲ့ကာ မုန႔္ဖိုးအေတာင္းခံရတဲ့ အိမ္ရဲ႕ ေနအိမ္ရဲ႕ မွန္ျပတင္းေပါက္ေတြ ကြဲသြားတယ္လို႔ KS Rescue Magway (မေကြး လူမႈကူညီေရးအသင္း) က အသိေပးလာပါတယ္။

“မေကြးမွာက တန္ေဆာင္တိုင္ေရာက္ရင္ အိမ္ေရွ႕ေတြမွာ ၁၊၂၊၃ မုန႔္ဖိုးေပးပါဗ်ိဳ႕၊ ၄၊၅၊၆ မေပးရင္ အိမ္ကိုခဲနဲ႔ေပါက္။ အဲဒါကို အိမ္ရွင္က မေပးေတာ့ အိမ္ကိုခဲနဲ႔ထုေတာ့ လာေတာင္းတဲ့ကေလးေတြကို အိမ္ရွင္က ျပန္ထုတာ ႏွစ္ေယာက္ထိသြားတယ္”လို႔ မေကြးၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

အဲ့ဒီျဖစ္ရပ္ေၾကာင့္ တာဝန္ရွိသူေတြနဲ႔ ႏွစ္ဦးႏွစ္ဖက္ ကာယကံရွင္ေတြ၊ မိသားစုေတြက ေတြ႕ဆုံေျဖရွင္းေနၿပီး ခဲနဲ႔ထုသြားသူေတြဟာ မုန႔္ဖိုးေတာင္းသူေတြမဟုတ္ဘဲ အျခားသူေတြျဖစ္ေနတာ စိစစ္ေတြ႕ရွိရတယ္လို႔ KS Rescue Magway (မေကြး လူမႈကူညီေရးအသင္း)ကဆိုပါတယ္။

လက္ရွိမွာ ဒဏ္ရာရရွိသူေတြကို မေကြးတိုင္းျပည္သူ႔ေဆး႐ုံႀကီး အေရးေပၚဌာနကို ကူညီ ပို႔ေဆာင္ေပးခဲ့ၿပီး အိမ္ရွင္ မိသားစုနဲ႔ ကာယကံရွင္ မိဘ ၊ ရပ္ကြက္ တာဝန္ရွိသူေတြ ေျပလည္ေအာင္ ဆက္လက္ေျဖရွင္းေနၾကတယ္လို႔ သိရပါတယ္။

==========

တန်ဆောင်တိုင် မုန့်ဖိုးမပေးတဲ့အိမ်ကို ခဲနဲ့ထု၊အိမ်ရှင်က ပြန်ထုလို့ မုန့်ဖိုးတောင်းသူ နှစ်ဦး ခေါင်းကွဲ

နိုဝင်ဘာ ၇၊ The Nation Voice

မကွေးမှာ တန်ဆောင်တိုင်လပြည့်နေ့တိုင်း မုန့်ဖိုးတောင်းတဲ့ ဓလေ့အရ အာဏာသိမ်းပြီးနောက်ပိုင်းမှာ မုန့်ဖိုးသွားတောင်းသူတွေက မုန့်ဖိုးမပေးတဲ့ အိမ်ကို ခဲနဲ့ ထုလို့ အိမ်ရှင်က ပြန်ထုရာ နှစ်ဦး ခေါင်းကွဲသွားတယ်လို့ မကွေးက လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။

အဲဒီတန်ဆောင်တိုင် ဓလေ့အရ မုန့်ဖိုးတောင်းသူနဲ့ အိမ်ရှင်တို့ ပဋိပက္ခဖြစ်ပြီး ခဲနဲ့ထုတဲ့ မုန့်ဖိုးတောင်းသူ နှစ်ဦးအနက် တစ်ဦးကတော့ ခေါင်းကွဲသွားပြီး တစ်ဦးကတော့ ဦးခေါင်းကြေမွတဲ့ ဒဏ်ရာရရှိခဲ့ကာ မုန့်ဖိုးအတောင်းခံရတဲ့ အိမ်ရဲ့ နေအိမ်ရဲ့ မှန်ပြတင်းပေါက်တွေ ကွဲသွားတယ်လို့ KS Rescue Magway (မကွေး လူမှုကူညီရေးအသင်း) က အသိပေးလာပါတယ်။

“မကွေးမှာက တန်ဆောင်တိုင်ရောက်ရင် အိမ်ရှေ့တွေမှာ ၁၊၂၊၃ မုန့်ဖိုးပေးပါဗျို့၊ ၄၊၅၊၆ မပေးရင် အိမ်ကိုခဲနဲ့ပေါက်။ အဲဒါကို အိမ်ရှင်က မပေးတော့ အိမ်ကိုခဲနဲ့ထုတော့ လာတောင်းတဲ့ကလေးတွေကို အိမ်ရှင်က ပြန်ထုတာ နှစ်ယောက်ထိသွားတယ်”လို့ မကွေးမြို့ခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီဖြစ်ရပ်ကြောင့် တာဝန်ရှိသူတွေနဲ့ နှစ်ဦးနှစ်ဖက် ကာယကံရှင်တွေ၊ မိသားစုတွေက တွေ့ဆုံဖြေရှင်းနေပြီး ခဲနဲ့ထုသွားသူတွေဟာ မုန့်ဖိုးတောင်းသူတွေမဟုတ်ဘဲ အခြားသူတွေဖြစ်နေတာ စိစစ်တွေ့ရှိရတယ်လို့ KS Rescue Magway (မကွေး လူမှုကူညီရေးအသင်း)ကဆိုပါတယ်။

လက်ရှိမှာ ဒဏ်ရာရရှိသူတွေကို မကွေးတိုင်းပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ကူညီ ပို့ဆောင်ပေးခဲ့ပြီး အိမ်ရှင် မိသားစုနဲ့ ကာယကံရှင် မိဘ ၊ ရပ်ကွက် တာဝန်ရှိသူတွေ ပြေလည်အောင် ဆက်လက်ဖြေရှင်းနေကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *