က႐ုဏာ တရားကို အလြဲသုံးစား လုပ္ၾကသူေတြနဲ႔ ျမန္မာျပည္ရဲ႕ လက္ရွိ စိတ္မေကာင္းစရာ အေျခအေန

၁၉၇၀ – ၁၉၈၀ ခုႏွစ္ေလာက္က ျဖစ္မယ္ အခ်ိန္အတိအက် မမွတ္မိတာ ခြင့္လႊတ္ပါ

“Trigger Warning” အသက္ ၂၀ အ႐ြယ္ ေကာင္မေလးတစ္ေယာက္ သာေကတ တံတားေပၚကေန ခုန္ခ်သြားတယ္ ။

အဲ့ေခတ္က သတင္းစာဆရာတစ္ေယာက္က သတင္းတစ္ပုဒ္လို ေရးရမဲ့အစား ရသ ျဖစ္ေအာင္ ေရးလိုက္မိတယ္ ၊

အဲ့ေကာင္မေလးခုန္ခ်တဲ့အေၾကာင္းကို ဖြဲ႕ႏြဲ႕ စီကာပတ္ကုံးၿပီး

၀မ္းနည္း သနားစရာျဖစ္ေအာင္ ေရးလိုက္တာ ဖတ္မိတဲ့သူတိုင္း ၀မ္းနည္းသနား က႐ုဏာသက္ၾကတယ္။

ျပႆနာက ဘာျဖစ္လာလဲဆိုေတာ့ ေနာက္ရက္ ေနာက္ရက္ေတြမွာ အဲ့ဒီတံတားမွာ ခုန္ခ်တဲ့လူက တစတစမ်ားလာတယ္ ။

တစ္ရက္တစ္ရက္ ခုန္ခ်ဖို႔ ႀကံစည္တဲ့သူ ၄ ၅ ၆ ေယာက္အထိ ရွိလာေတာ့ ရဲစခန္းကပါ ရဲအေစာင့္ထားၿပီး ကင္းေစာင့္ရတဲ့အထိ ျဖစ္သြားတယ္ ။

ခုန္ခ်ဖို႔ ႀကံစည္ရင္း အထ မေျမာက္လိုက္တဲ့သူေတြကို ေမးစစ္ၾကတယ္ သူတို႔ ဘာျပန္ေျဖလဲဆိုေတာ့ အဲ့ေကာင္မေလး ခုန္ခ်တာကို လူေတြ ၀မ္းနည္းသနားၾကတယ္ ။

သူတို႔ ခုန္ခ်ရင္ သူတို႔ကိုလည္း လူေတြ အနည္းဆုံး သနားၾကလိမ့္မယ္ က႐ုဏာသက္ၾကမယ္ ထင္လို႔ပါတဲ့ ။

အဲဒါ တကယ္ျဖစ္ခဲ့တာ အခုကိစၥလည္း ဒီလိုပဲ။ ႀကံစည္ၾကတဲ့ကိစၥကို ကဗ်ာလိုလို စာလိုလို ေတြ ေရးတင္တယ္ ၊

တဖက္လွည့္နဲ႔ တိုက္တြန္းသလို ၊ အားေပးအားေျမႇာက္လုပ္သလို လုပ္ေနၾကတာ Community အတြက္ အဆိပ္အေတာက္ပဲ ။

မလုပ္သင့္တာေတြပါ ၊ ႀကံစည္တာ လြတ္ေျမာက္မႈ မဟုတ္ဘူး ၿငိမ္းခ်မ္းသြားတာလည္း မဟုတ္ဘူး ။

ဘ၀မွာ လက္ေျမႇာက္အရႈံးေပးခ်င္တဲ့အခါမ်ိဳး လူတိုင္းႀကဳံတယ္ ။ မႀကဳံဖူးတဲ့သူဆိုတာ မရွိပါဘူး လူတိုင္း ကိုယ္ဒုကၡ ကိုယ္အထုပ္နဲ႔ကိုယ္ခ်ည္းပဲ ။

လက္ေျမႇာက္အရႈံးေပးလိုက္တာ တကယ္အေျဖမဟုတ္ဘူး ။ အၿမဲတမ္း(အျမတမ္း) ေျပလည္သြားႏိုင္တဲ့ လမ္းတစ္ခုခုရွိတယ္ ။

ႀကံစည္တဲ့သူေတြ ေတြးေနၾက ၊ ငါ့အပူေတြ ငါဒုကၡေတြ တျခားသူေတြ နားမလည္ပါဘူး လို႔ ထင္ၾကတာ ေခါင္းရွင္းသြားတဲ့အခါ

ကိုယ္ႀကံစည္ဖို႔အထိ ေတြးခဲ့တဲ့ကိစၥက ဘာဆိုဘာမွမဟုတ္ေတာ့တာ ေတြ႕လိမ့္မယ္ ။

ခဏေလး လမ္းေပ်ာက္သြားတာပါ ႐ူးမိုက္ေနတဲ့အခ်ိန္ အဆုံးစြန္မလုပ္မိဖို႔ တားသင့္တား ရမွာပဲ

လူတိုင္း ေက်ာ္ျဖတ္ခဲ့တဲ့အခ်ိန္ေတြရွိတယ္ ထုတ္သာမေျပာၾကတာ .. အဆိုးဆုံးေတြအတြက္ေတာင္ အေျဖရွိပါတယ္ ဒါကို ယုံၾကည္ေစခ်င္တယ္ ။

(ႀကံစည္တဲ့ကိစၥ ကို ကဗ်ာလိုလို စာလိုလို လြတ္ေျမာက္ေၾကာင္းလိုလို က႐ုဏာသက္ေအာင္ ေရးေနတဲ့ ေကာင္ေတြကို -ဲတန္-ဲ ၊ တားတန္ တားၾကပါ )

(Min Khat Aung)

===========

ကရုဏာ တရားကို အလွဲသုံးစား လုပ်ကြသူတွေနဲ့ မြန်မာပြည်ရဲ့ လက်ရှိ စိတ်မကောင်းစရာ အခြေအနေ

၁၉၇၀ – ၁၉၈၀ ခုနှစ်လောက်က ဖြစ်မယ် အချိန်အတိအကျ မမှတ်မိတာ ခွင့်လွှတ်ပါ

“Trigger Warning” အသက် ၂၀ အရွယ် ကောင်မလေးတစ်ယောက် သာကေတ တံတားပေါ်ကနေ ခုန်ချသွားတယ် ။

အဲ့ခေတ်က သတင်းစာဆရာတစ်ယောက်က သတင်းတစ်ပုဒ်လို ရေးရမဲ့အစား ရသ ဖြစ်အောင် ရေးလိုက်မိတယ် ၊

အဲ့ကောင်မလေးခုန်ချတဲ့အကြောင်းကို ဖွဲ့နွဲ့ စီကာပတ်ကုံးပြီး

၀မ်းနည်း သနားစရာဖြစ်အောင် ရေးလိုက်တာ ဖတ်မိတဲ့သူတိုင်း ၀မ်းနည်းသနား ကရုဏာသက်ကြတယ်။

ပြဿနာက ဘာဖြစ်လာလဲဆိုတော့ နောက်ရက် နောက်ရက်တွေမှာ အဲ့ဒီတံတားမှာ ခုန်ချတဲ့လူက တစတစများလာတယ် ။

တစ်ရက်တစ်ရက် ခုန်ချဖို့ ကြံစည်တဲ့သူ ၄ ၅ ၆ ယောက်အထိ ရှိလာတော့ ရဲစခန်းကပါ ရဲအစောင့်ထားပြီး ကင်းစောင့်ရတဲ့အထိ ဖြစ်သွားတယ် ။

ခုန်ချဖို့ ကြံစည်ရင်း အထ မမြောက်လိုက်တဲ့သူတွေကို မေးစစ်ကြတယ် သူတို့ ဘာပြန်ဖြေလဲဆိုတော့ အဲ့ကောင်မလေး ခုန်ချတာကို လူတွေ ၀မ်းနည်းသနားကြတယ် ။

သူတို့ ခုန်ချရင် သူတို့ကိုလည်း လူတွေ အနည်းဆုံး သနားကြလိမ့်မယ် ကရုဏာသက်ကြမယ် ထင်လို့ပါတဲ့ ။

အဲဒါ တကယ်ဖြစ်ခဲ့တာ အခုကိစ္စလည်း ဒီလိုပဲ။ ကြံစည်ကြတဲ့ကိစ္စကို ကဗျာလိုလို စာလိုလို တွေ ရေးတင်တယ် ၊

တဖက်လှည့်နဲ့ တိုက်တွန်းသလို ၊ အားပေးအားမြှောက်လုပ်သလို လုပ်နေကြတာ Community အတွက် အဆိပ်အတောက်ပဲ ။

မလုပ်သင့်တာတွေပါ ၊ ကြံစည်တာ လွတ်မြောက်မှု မဟုတ်ဘူး ငြိမ်းချမ်းသွားတာလည်း မဟုတ်ဘူး ။

ဘ၀မှာ လက်မြှောက်အရှုံးပေးချင်တဲ့အခါမျိုး လူတိုင်းကြုံတယ် ။ မကြုံဖူးတဲ့သူဆိုတာ မရှိပါဘူး လူတိုင်း ကိုယ်ဒုက္ခ ကိုယ်အထုပ်နဲ့ကိုယ်ချည်းပဲ ။

လက်မြှောက်အရှုံးပေးလိုက်တာ တကယ်အဖြေမဟုတ်ဘူး ။ အမြဲတမ်း(အမြတမ်း) ပြေလည်သွားနိုင်တဲ့ လမ်းတစ်ခုခုရှိတယ် ။

ကြံစည်တဲ့သူတွေ တွေးနေကြ ၊ ငါ့အပူတွေ ငါဒုက္ခတွေ တခြားသူတွေ နားမလည်ပါဘူး လို့ ထင်ကြတာ ခေါင်းရှင်းသွားတဲ့အခါ

ကိုယ်ကြံစည်ဖို့အထိ တွေးခဲ့တဲ့ကိစ္စက ဘာဆိုဘာမှမဟုတ်တော့တာ တွေ့လိမ့်မယ် ။

ခဏလေး လမ်းပျောက်သွားတာပါ ရူးမိုက်နေတဲ့အချိန် အဆုံးစွန်မလုပ်မိဖို့ တားသင့်တား ရမှာပဲ

လူတိုင်း ကျော်ဖြတ်ခဲ့တဲ့အချိန်တွေရှိတယ် ထုတ်သာမပြောကြတာ .. အဆိုးဆုံးတွေအတွက်တောင် အဖြေရှိပါတယ် ဒါကို ယုံကြည်စေချင်တယ် ။

(ကြံစည်တဲ့ကိစ္စ ကို ကဗျာလိုလို စာလိုလို လွတ်မြောက်ကြောင်းလိုလို ကရုဏာသက်အောင် ရေးနေတဲ့ ကောင်တွေကို -ဲတန်-ဲ ၊ တားတန် တားကြပါ )

(Min Khat Aung)

Leave a Reply

Your email address will not be published. Required fields are marked *