ကုန္ပါပီကြာ…ရန္ကုန္ၿမိဳ႕က PDF ၂၁ ဦးေတာင္တဲ့

ရန္ကုန္ၿမိဳ႕က PDF ၂၁ ဦး အဖမ္းခံရ

ရန္ကုန္တိုင္း ဒလၿမိဳ႕နယ္က PDF ၂၁ ဦးကို ေအာက္တိုဘာလ ၁၈ ရက္ေန႔ကေန ၂၄ ရက္ေန႔အတြင္း လက္နက္ခဲယမ္းေတြနဲ႔အတူ ဖမ္းဆီးရမိခဲ့တယ္လို႔

စစ္ေကာင္စီ ထိန္းခ်ဳပ္ထားတဲ့ ႏိုင္ငံပိုင္မီဒီယာေတြက ႏိုဝင္ဘာလ ၃ ရက္ မေန႔ညပိုင္းက ထုတ္ျပန္ပါတယ္။

အဖမ္းခံရသူ ၂၁ ဦးထဲမွာ အမ်ိဳးသား ၁၇ ဦးနဲ႔ အမ်ိဳးသမီး ေလးဦးပါဝင္ၿပီး သူတို႔ေတြက ရန္ကုန္တိုင္းအတြင္းမွာ ေဖာက္ခြဲမႈ ေလးႀကိမ္၊ ပ-စ္ခတ္သ-တ္ျဖတ္မႈ ေျခာက္ႀကိမ္နဲ႔

သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ဘဝျမင့္မွတ္တိုင္အနီးက A ဘဏ္နဲ႔ ရတနာေ႐ႊဆိုင္ကို ဓားျပတိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ စစ္ေကာင္စီက စြပ္စြဲထားပါတယ္။

ဖမ္းဆီးခံရမႈက မွန္ေပမယ့္ အားလုံးကို အတည္မျပဳႏိုင္ေသးဘူးလို႔ Yangon UG Association (YUA)ရဲ႕ ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။

“ျဖစ္ရပ္ကေတာ့ ျဖစ္ရပ္အမွန္ပါဗ်။ အကုန္လုံးကို အတည္ျပဳေပးဖို႔ေတာ့ မလြယ္ပါဘူး။ ဖမ္းခံလိုက္ရတာလည္း အမွန္ပါပဲ။ အခုကေတာ့ ဦးတဲ့သူ စားတာပဲ။ ဘယ္သူက ပိုဗ်ဴဟာေျမာက္လဲေပါ့။

ဗ်ဴဟာေျမာက္တဲ့သူက ပိုသာသြားမွာပဲ။ UG အေနနဲ႔ကေတာ့ ဒီလိုပဲ ျမင္ပါတယ္။ အတတ္ႏိုင္ဆုံးေတာ့ ကိုယ့္လုံၿခဳံေရးစည္း မေပါက္ေအာင္ အရင္ထက္ပိုၿပီး ထိန္းဖို႔လာတယ္ေပါ့”

ဗိုလ္မႉးခ်ဳပ္ေဟာင္း အုန္းသြင္နဲ႔ သမက္ျဖစ္သူကို လုပ္ႀကံတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ အင္းလ်ား ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕ (IUF) အဖြဲ႕ဝင္ လူငယ္ ၁၀ ဦးကို ဖမ္းဆီးထားေၾကာင္းလည္း

စစ္ေကာင္စီက ေအာက္တိုဘာ ၃၀ ရက္ေန႔က ထုတ္ျပန္ခဲ့ပါတယ္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP)ရဲ႕ စာရင္းေတြအရ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ အာဏာသိမ္းခ်ိန္ကေန

၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလ ၃ ရက္ေန႔အထိ ႏိုင္ငံတစ္ဝန္း ဖမ္းဆီးခံထားရသူ ၁၂,၈၃၉ ဦးထိ ရွိပါတယ္။

စစ္ေကာင္စီမွ ဖမ္းဆီးခဲ့သည့္ ရန္ကုန္တိုင္း ဒလၿမိဳ႕နယ္မွ PDF ၂၁ ဦးအား ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလ ၃ ရက္ေန႔က ထုတ္ျပန္ခဲ့စဥ္။

(Photo: Myanmar Military)

Source – RFA Burmese

=========

ကုန်ပါပီကွာ…ရန်ကုန်မြို့က PDF ၂၁ ဦးတောင်တဲ့

ရန်ကုန်မြို့က PDF ၂၁ ဦး အဖမ်းခံရ

ရန်ကုန်တိုင်း ဒလမြို့နယ်က PDF ၂၁ ဦးကို အောက်တိုဘာလ ၁၈ ရက်နေ့ကနေ ၂၄ ရက်နေ့အတွင်း လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေက နိုဝင်ဘာလ ၃ ရက် မနေ့ညပိုင်းက ထုတ်ပြန်ပါတယ်။

အဖမ်းခံရသူ ၂၁ ဦးထဲမှာ အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး လေးဦးပါဝင်ပြီး သူတို့တွေက ရန်ကုန်တိုင်းအတွင်းမှာ ဖောက်ခွဲမှု လေးကြိမ်၊ ပ-စ်ခတ်သ-တ်ဖြတ်မှု ခြောက်ကြိမ်နဲ့

သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်မှတ်တိုင်အနီးက A ဘဏ်နဲ့ ရတနာရွှေဆိုင်ကို ဓားပြတိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ဖမ်းဆီးခံရမှုက မှန်ပေမယ့် အားလုံးကို အတည်မပြုနိုင်သေးဘူးလို့ Yangon UG Association (YUA)ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“ဖြစ်ရပ်ကတော့ ဖြစ်ရပ်အမှန်ပါဗျ။ အကုန်လုံးကို အတည်ပြုပေးဖို့တော့ မလွယ်ပါဘူး။ ဖမ်းခံလိုက်ရတာလည်း အမှန်ပါပဲ။ အခုကတော့ ဦးတဲ့သူ စားတာပဲ။ ဘယ်သူက ပိုဗျူဟာမြောက်လဲပေါ့။

ဗျူဟာမြောက်တဲ့သူက ပိုသာသွားမှာပဲ။ UG အနေနဲ့ကတော့ ဒီလိုပဲ မြင်ပါတယ်။ အတတ်နိုင်ဆုံးတော့ ကိုယ့်လုံခြုံရေးစည်း မပေါက်အောင် အရင်ထက်ပိုပြီး ထိန်းဖို့လာတယ်ပေါ့”

ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်နဲ့ သမက်ဖြစ်သူကို လုပ်ကြံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အင်းလျား မြို့ပြပြောက်ကျားအဖွဲ့ (IUF) အဖွဲ့ဝင် လူငယ် ၁၀ ဦးကို ဖမ်းဆီးထားကြောင်းလည်း

စစ်ကောင်စီက အောက်တိုဘာ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းချိန်ကနေ

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ဖမ်းဆီးခံထားရသူ ၁၂,၈၃၉ ဦးထိ ရှိပါတယ်။

စစ်ကောင်စီမှ ဖမ်းဆီးခဲ့သည့် ရန်ကုန်တိုင်း ဒလမြို့နယ်မှ PDF ၂၁ ဦးအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့စဉ်။

(Photo: Myanmar Military)

Source – RFA Burmese

Leave a Reply

Your email address will not be published. Required fields are marked *