မင္းေအာင္လႈိင္ပါေသာ ကားကို ရထားျဖင့္ ဝင္တိုက္လုနီးပါး ျဖစ္ပြားခဲ့မႈ ရထားေမာင္း ဖိုးလျပည့္ အေရးယူခံရ ၊ လုပ္ႀကံခံရၿပီအထင္ျဖင့္ မင္းေအာင္လႈိင္ အႀကီး အက်ယ္ ေၾကာက္လန႔္ ေဒါသထြက္

ရန္ကုန္၊ ႏိုဝင္ဘာ ၅

ေနျပည္ေတာ္၊ ပ်ဥ္းမနားတြင္ အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္လိုက္ ပါေသာ ကားကို သံလမ္း‌ေျပးရ ထားတစ္စီးက ဝင္တိုက္လုနီးပါး ျဖစ္ေပၚခဲ့သျဖင့္ မင္းေအာင္လႈိင္က အႀကီးအက်ယ္ေၾကာက္လန႔္ေဒါသထြက္ကာ မီးရထား ေမာင္းသူကို အေရးယူခိုင္းလိုက္ေၾကာင္း သိရွိရသည္။

ေအာက္တိုဘာလ ၁၉ ရက္ေန႔တြင္ ညေန ၆ နာရီ အခ်ိန္ ပ်ဥ္းမနားဘူတာၾကား မိုင္တိုင္အမွတ္ ၂၂၆/၁၆-၁၇ တြင္ မင္းေအာင္လႈိင္၏ ယာဥ္တန္း ျဖတ္သန္းေနစဥ္ မီးရထားေမာင္း ဖိုးလျပည့္ ေမာင္းႏွင္လာေသာ 68-RGC သံလမ္းေျပးယာဥ္က ဝင္တိုက္လုနီးပါး ျဖတ္သန္းသြားသျဖင့္ မင္းေအာင္လႈိင္ ယာဥ္တန္း အားလုံး ရပ္တန႔္ခဲ့ရေၾကာင္း၊ မင္းေအာင္လႈိင္လိုက္ပါေသာ ကားကို ရထားျဖင့္ ဝင္တိုက္လုနီးပါး ျဖစ္ပြားခဲ့သျဖင့္ အဆိုပါ ရထားေမာင္းသူ ဖိုးလျပည့္ကို မင္းေအာင္လႈိင္က အေရးယူခိုင္းေၾကာင္း သိရွိရသည္။

“မင္းေအာင္လႈိင္လိုက္ပါလာေသာယာဥ္တန္းနဲ႔ RGCသံလမ္းေျပးရထားတို႔တိုက္လုနီးပါးျဖစ္လို႔ရထားေမာင္းႏွင္သူဘက္က မွန္ေပမယ့္အေရးယူခံရတယ္။ ျဖစ္စဥ္မွာ RGCသံလမ္းေျပးယာဥ္သည္တာဝန္အရေမာင္းႏွင္လာတာပါ။ ရထားလမ္းႏွင့္ကားလမ္းတို႔ဆုံရာ သံလမ္းကူးအေရာက္မွာ စစ္ယာဥ္တန္းေတြက ႀကိဳတင္အေၾကာင္းၾကားမႈမရွိဘဲ ရထားသံလမ္းကို ျဖတ္ကူးတာပါ။

စစ္ယာဥ္တန္းျပတ္ေတာက္သြားၿပီး လုံၿခဳံေရးယူေသာကားေတြ၊ တိုင္းမႉးကားေတြက ရထားသံလမ္းကိုျဖတ္ေက်ာ္သြားၿပီး မင္းေအာင္လႈိင္စီးႏွင္းလာတဲ့ကားကို RGCသံလမ္းေျပးရထားက တိုက္မိမလိုျဖစ္သြားတယ္။ အဲဒါ မင္းေအာင္လႈိင္က လုပ္ႀကံခံရၿပီအထင္ႏွင့္ေၾကာက္လန္႔၍ေဒါသထြက္ကာ ရထားေမာင္းအားအေရးယူခိုင္းတာပါ” ဟု ရန္ကုန္ေခတ္သစ္သတင္းရင္းျမစ္က ေျပာဆိုသည္။

အဆိုပါျဖစ္စဥ္တြင္ မင္းေအာင္လႈိင္လိုက္ပါေသာ စစ္ကားတန္းက စည္းကမ္းေဖာက္၍ ရထားသံလမ္းကို ျဖတ္ေက်ာ္ျခင္းျဖစ္ၿပီး သံလမ္းေျပးရထားမွာ သတ္မွတ္ထားသည့္ အစီအစဥ္ ၊ အခ်ိန္ျဖင့္ ျဖတ္သန္းျခင္းျဖစ္ေၾကာင္း၊ မင္းေအာင္လႈိင္ယာဥ္တန္း ျဖတ္သန္းမည္ကို မီးရထားဌာနကို တရားဝင္ အေၾကာင္းမၾကားဘဲ စည္းကမ္းမဲ့ ရထားသံလမ္းျဖတ္ကူးျခင္းျဖစ္သည္ဟု သိရွိရသည္။

==========

မင်းအောင်လှိုင်ပါသော ကားကို ရထားဖြင့် ဝင်တိုက်လုနီးပါး ဖြစ်ပွားခဲ့မှု ရထားမောင်း ဖိုးလပြည့် အရေးယူခံရ ၊ လုပ်ကြံခံရပြီအထင်ဖြင့် မင်းအောင်လှိုင် အကြီး အကျယ် ကြောက်လန့် ဒေါသထွက်

ရန်ကုန်၊ နိုဝင်ဘာ ၅

နေပြည်တော်၊ ပျဉ်းမနားတွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်လိုက် ပါသော ကားကို သံလမ်း‌ပြေးရ ထားတစ်စီးက ဝင်တိုက်လုနီးပါး ဖြစ်ပေါ်ခဲ့သဖြင့် မင်းအောင်လှိုင်က အကြီးအကျယ်ကြောက်လန့်ဒေါသထွက်ကာ မီးရထား မောင်းသူကို အရေးယူခိုင်းလိုက်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင် ညနေ ၆ နာရီ အချိန် ပျဉ်းမနားဘူတာကြား မိုင်တိုင်အမှတ် ၂၂၆/၁၆-၁၇ တွင် မင်းအောင်လှိုင်၏ ယာဉ်တန်း ဖြတ်သန်းနေစဉ် မီးရထားမောင်း ဖိုးလပြည့် မောင်းနှင်လာသော 68-RGC သံလမ်းပြေးယာဉ်က ဝင်တိုက်လုနီးပါး ဖြတ်သန်းသွားသဖြင့် မင်းအောင်လှိုင် ယာဉ်တန်း အားလုံး ရပ်တန့်ခဲ့ရကြောင်း၊ မင်းအောင်လှိုင်လိုက်ပါသော ကားကို ရထားဖြင့် ဝင်တိုက်လုနီးပါး ဖြစ်ပွားခဲ့သဖြင့် အဆိုပါ ရထားမောင်းသူ ဖိုးလပြည့်ကို မင်းအောင်လှိုင်က အရေးယူခိုင်းကြောင်း သိရှိရသည်။

“မင်းအောင်လှိုင်လိုက်ပါလာသောယာဥ်တန်းနဲ့ RGCသံလမ်းပြေးရထားတို့တိုက်လုနီးပါးဖြစ်လို့ရထားမောင်းနှင်သူဘက်က မှန်ပေမယ့်အရေးယူခံရတယ်။ ဖြစ်စဥ်မှာ RGCသံလမ်းပြေးယာဥ်သည်တာဝန်အရမောင်းနှင်လာတာပါ။ ရထားလမ်းနှင့်ကားလမ်းတို့ဆုံရာ သံလမ်းကူးအရောက်မှာ စစ်ယာဥ်တန်းတွေက ကြိုတင်အကြောင်းကြားမှုမရှိဘဲ ရထားသံလမ်းကို ဖြတ်ကူးတာပါ။

စစ်ယာဥ်တန်းပြတ်တောက်သွားပြီး လုံခြုံရေးယူသောကားတွေ၊ တိုင်းမှူးကားတွေက ရထားသံလမ်းကိုဖြတ်ကျော်သွားပြီး မင်းအောင်လှိုင်စီးနှင်းလာတဲ့ကားကို RGCသံလမ်းပြေးရထားက တိုက်မိမလိုဖြစ်သွားတယ်။ အဲဒါ မင်းအောင်လှိုင်က လုပ်ကြံခံရပြီအထင်နှင့်ကြောက်လန့်၍ဒေါသထွက်ကာ ရထားမောင်းအားအရေးယူခိုင်းတာပါ” ဟု ရန်ကုန်ခေတ်သစ်သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါဖြစ်စဉ်တွင် မင်းအောင်လှိုင်လိုက်ပါသော စစ်ကားတန်းက စည်းကမ်းဖောက်၍ ရထားသံလမ်းကို ဖြတ်ကျော်ခြင်းဖြစ်ပြီး သံလမ်းပြေးရထားမှာ သတ်မှတ်ထားသည့် အစီအစဉ် ၊ အချိန်ဖြင့် ဖြတ်သန်းခြင်းဖြစ်ကြောင်း၊ မင်းအောင်လှိုင်ယာဉ်တန်း ဖြတ်သန်းမည်ကို မီးရထားဌာနကို တရားဝင် အကြောင်းမကြားဘဲ စည်းကမ်းမဲ့ ရထားသံလမ်းဖြတ်ကူးခြင်းဖြစ်သည်ဟု သိရှိရသည်

Leave a Reply

Your email address will not be published. Required fields are marked *