
နိုဝင်ဘာ ၅




============

ရန်ကုန် သာကေတ ရန်အောင်ကန်အတွင်း လူတစ်ဦး ပြုတ်ကျသေဆုံး

နိုဝင်ဘာ ၅

ယနေ့ နိုဝင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း သာကေတမြို့နယ် မင်းနန္ဒာလမ်းမကြီး ၃/ရန်ပြေရပ်ကွက် ရန်ပြေမှတ်တိုင်အနီး ရန်အောင်ကန်အတွင်း အမျိုးသား တစ်ဦးပြုတ်ကျသေဆုံးနေခြင်းဖြစ်တယ်လို့ သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့က ပြောပါတယ်

ယနေ့ နံနက် ၇ နာရီ ဝန်းကျင်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး သာကေတမြို့နယ် လူမှု ကူညီရေး အဖွဲ့ မှ မိတ်ဖက်အဖွဲ့အစည်းများ နှင့်ပူးပေါင်းဆယ်ယူပြီး လိုအပ်သည်များ ဆောင်ရွက်ပေးကာ Dead body အား အောင်နိုင်သူလူမှုကူညီရေးအသင်းမှ အသင်းကားဖြင့် စံပြဆေးရုံသို့ပို့ဆောင်ကူညီခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်းကလည်း သာကေတမြို့နယ် အနော်မာရပ်ကွက်သောက်သုံးရေကန်တွင် အသက် ၄၀ ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *