===========
မန္တလေး အမရပူရမြို့နယ်မှာ ပေ ၄၀ အရှည်ရှိ ကားတစ်စီး ခေါင်းတွဲ သွားပြင်နေစဉ် ကားဝန်းအတွင်း ရပ်ထားခဲ့သည့် နောက်တွဲယာဉ် ခိုးယူခံရကြောင်း ယာဉ်ပိုင်ရှင် ကိုအောင်ကျော်ဦးကပြောပါတယ်
ကားရဲ့အရှေ့ခေါင်းတွဲ ပြင်ရမှာမို့ သွားရောက် ပြင်နေစဉ် အတွင်း နောက်တွဲယာဉ်ကို မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ စွယ်တော်ကားဝန်းအတွင်း ရပ်ထားခဲ့ပြီး နောက် နိုဝင်ဘာ ၃ ရက်နံနက်ပိုင်းက သွားရောက်ကြည့်ရှုစဉ် ပျောက်ဆုံးနေ တာကို သိရှိရတာလို့ ဆို
ပါတယ်ကိုအောင်ကျော်ဦးက “ကျွန်တော် နောက်တွဲ 1TLR 5248 ဖြူရောင် အပြာခါးပတ်ဆင်း ၃ ချောင်းတန် နောက်တွဲလေး ပျောက်သွားလို့ပါ။ နိုဝင်ဘာ ၂ ရက်နေ့ညက ပျောက်တာပါ။ တွဲကို စွယ်တော်ကားကွင်း ရတနာပုံဘဏ် မြောက်ဘက် ရပ်ထားတာ
ပါ”လို့ ပြောပါတယ်။ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်များထံ အမှုဖွင့်ထားကြောင်း သိရပါတယ်
မန္တလေးတိုင်းဒေသကြီးအတွင်းမှာတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းကစပြီးတော့ လုယက်မှု ၊ ခိုးမှုတွေ မကြာခဏ ဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *