ေတာင္ကုတ္ၿမိဳ႕နယ္ မအီၿမိဳ႕ရဲစခန္းမႉးကို AAဖမ္းဆီး ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕နယ္ မအီၿမိဳ႕ရဲစခန္းမႉးကို ရကၡိဳင့္တပ္ေတာ္ AA က ယေန႔ ႏိုဝင္ဘာ ၄ရက္ နံနက္တြင္ ဖမ္းဆီးသြားေၾကာင္း ရခိုင္ေဒသခံတစ္ဦးက ေျပာသည္

အရင္တုန္းကလည္း AA က အဲဒီလိုမ်ိဳးဖမ္းတာရွိတယ္။ အခုက ဘယ္လိုျဖစ္လဲဆိုေတာ့ AAရဲ႕ အုပ္ခ်ဳပ္ေရး၊တရားစီရင္ေရးမွာ ပါတဲ့သူေတြကိုလည္း စစ္ေကာင္စီကေနၿပီး ဖမ္းဆီးတာေတြရွိတယ္ဆိုေတာ့ အျပန္အလွန္ ဖမ္းဆီးတဲ့သေဘာလို႔ ျမင္တယ္ ဟု ရခိုင္ေဒသခံက ေျပာသည္ ဌာနဆိုင္ရာ ေပါင္းစုံဘုံကထိန္ပြဲက်င္းပစဥ္ စခန္းမႉးကို ေ႐ြးၿပီး AAက ဖမ္းဆီးသြားျခင္းျဖစ္သည္ ဟု ဆိုသည္

အရင္ကတည္းက အဲဒီေနရာက AAက အင္အားအမ်ားႀကီးနဲ႔ စိုးမိုးတဲ့ေနရာ သူတို႔ လႈပ္ရွားသြားလာေနတာကို AAက ေစာင့္ၾကည့္ေနၿပီး အပိုင္ျဖစ္ တာနဲ႔ ဖမ္းသြားတာ ဟု ရခိုင္ေဒသခံက ေျပာသည္

ဖမ္းဆီးခံရသည့္ ရဲစခန္းမႉးမွာ ရဲအုပ္ကိုကိုမင္းထြန္း ဆိုသူျဖစ္ၿပီး မအီၿမိဳ႕ႏွင့္ ၅ မိုင္ခန႔္အကြာရွိ စတဲေက်း႐ြာ ဘုန္းႀကီးေက်ာင္း၌ ျပဳလုပ္သည့္ ဌာဆိုင္ရာစုေပါင္း ဘုံကထိန္ပြဲ၌ ဖမ္းဆီးခံရျခင္းျဖစ္သည္ဟု ရခိုင္သတင္းဌာန Western News က ေဖာ္ျပထားသည္

ရခိုင္ျပည္နယ္၌ AAႏွင့္ စစ္ေကာင္စီတပ္အၾကား တေက်ာ့ျပန္တိုက္ပြဲျပင္းထန္စြာ မျဖစ္ပြားမီ ကတည္းက အျပန္အလွန္ ဖမ္းဆီးမႈမ်ား ျပဳလုပ္ လ်က္ရွိရာ စစ္ေကာင္စီလက္ေအာက္ခံရဲမ်ား၊ စရဖမ်ား၊ စစ္ေကာင္စီတပ္သားမ်ားကို AAက မၾကာခဏ ဖမ္းဆီးမႈမ်ား ျပဳလုပ္ခဲ့သည္

အလားတူ စစ္ေကာင္စီတပ္ကလည္း AAႏွင့္ ပတ္သက္သည္ဟုဆိုကာ ဖမ္းဆီးမႈမ်ားကို ၿမိဳ႕နယ္အမ်ားအျပား၌ ျပဳလုပ္ခဲ့သည္ Crd- People Spring

==========

တောင်ကုတ်မြို့နယ် မအီမြို့ရဲစခန်းမှူးကို AAဖမ်းဆီး ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့ရဲစခန်းမှူးကို ရက္ခိုင့်တပ်တော် AA က ယနေ့ နိုဝင်ဘာ ၄ရက် နံနက်တွင် ဖမ်းဆီးသွားကြောင်း ရခိုင်ဒေသခံတစ်ဦးက ပြောသည်

အရင်တုန်းကလည်း AA က အဲဒီလိုမျိုးဖမ်းတာရှိတယ်။ အခုက ဘယ်လိုဖြစ်လဲဆိုတော့ AAရဲ့ အုပ်ချုပ်ရေး၊တရားစီရင်ရေးမှာ ပါတဲ့သူတွေကိုလည်း စစ်ကောင်စီကနေပြီး ဖမ်းဆီးတာတွေရှိတယ်ဆိုတော့ အပြန်အလှန် ဖမ်းဆီးတဲ့သဘောလို့ မြင်တယ် ဟု ရခိုင်ဒေသခံက ပြောသည် ဌာနဆိုင်ရာ ပေါင်းစုံဘုံကထိန်ပွဲကျင်းပစဉ် စခန်းမှူးကို ရွေးပြီး AAက ဖမ်းဆီးသွားခြင်းဖြစ်သည် ဟု ဆိုသည်

အရင်ကတည်းက အဲဒီနေရာက AAက အင်အားအများကြီးနဲ့ စိုးမိုးတဲ့နေရာ သူတို့ လှုပ်ရှားသွားလာနေတာကို AAက စောင့်ကြည့်နေပြီး အပိုင်ဖြစ် တာနဲ့ ဖမ်းသွားတာ ဟု ရခိုင်ဒေသခံက ပြောသည်

ဖမ်းဆီးခံရသည့် ရဲစခန်းမှူးမှာ ရဲအုပ်ကိုကိုမင်းထွန်း ဆိုသူဖြစ်ပြီး မအီမြို့နှင့် ၅ မိုင်ခန့်အကွာရှိ စတဲကျေးရွာ ဘုန်းကြီးကျောင်း၌ ပြုလုပ်သည့် ဌာဆိုင်ရာစုပေါင်း ဘုံကထိန်ပွဲ၌ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ရခိုင်သတင်းဌာန Western News က ဖော်ပြထားသည်

ရခိုင်ပြည်နယ်၌ AAနှင့် စစ်ကောင်စီတပ်အကြား တကျော့ပြန်တိုက်ပွဲပြင်းထန်စွာ မဖြစ်ပွားမီ ကတည်းက အပြန်အလှန် ဖမ်းဆီးမှုများ ပြုလုပ် လျက်ရှိရာ စစ်ကောင်စီလက်အောက်ခံရဲများ၊ စရဖများ၊ စစ်ကောင်စီတပ်သားများကို AAက မကြာခဏ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်

အလားတူ စစ်ကောင်စီတပ်ကလည်း AAနှင့် ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးမှုများကို မြို့နယ်အများအပြား၌ ပြုလုပ်ခဲ့သည် Crd- People Spring

Leave a Reply

Your email address will not be published. Required fields are marked *