



========

အား တစ်ရပ်ကွက်တည်းနေ ကြက်သားရောင်သူ မလေးနွယ်၏ နေအိမ်နေ အစ်ကို၏သား အသက် (၁၃နှစ်)အရွယ် ၆တန်း ကျောင်းသား ခေါ်ခိုင်းလိုက်ကြောင်း

နေအိမ်သို့ ညနေ ၅နာရီအချိန်မှ ပြန်လည်ရောက်ရှိလာပြီးကျွဲရိုင်း ချိုချဉ် တစ်ဗူး၊ ကြက်ဥ တစ်လုံးနှင့် ငွေကျပ် ၁၀၀စီ ပါလာသဖြင့် မသင်္ကာသဖြင့် အစ်ကို၏သား အသက် (၁၃နှစ်)အရွယ် ၆တန်း ကျောင်းသား တူဖြစ်သူကို ဖုန်းဆက်၍ “သားညီမကို ခေါ်ခိုင်းလိုက်တယ် ၊ သားဘာဖြစ်လို့ မလိုက်လာလဲ” ဖုန်းဆက် မေးမြန်းစဉ် ၎င်းထံ ရောက်မလာဟု ပြောကြောင်း

မေးမြန်းစုံကြည့်မှ တစ်ရပ်ကွက်တည်းနေ ဦးဝင်းရင် အသက် (၆၀နှစ်)က အသက် (၇နှစ်)နှင့် (၈နှစ်) အရွယ် မိန်းကလေး ၂ ဦးအား ရပ်ကွက်ရေစက် အနီးရှိ လူ မနေသည့် တဲအတွင်းသို့ ခေါ်ဆောင် သွားလေ့ရှိကြောင်း သိရသဖြင့် အုပ်ထိန်းသူများက မေးမြန်းရာ ကျွဲရိုင်း ချိုချဉ် တစ်လုံး၊ ကြက်ဥ တစ်လုံးနှင့် ငွေကျပ် ၁၀၀ စီ ပေး၍ သားမယားအဖြစ် ၃ ကြိမ် ပြုကျင့်ခဲ့သည်ဟု ပြောဆိုခဲ့သဖြင့် ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူဟု ယူဆရသူ ဦးဝင်းရင် အသက် (၆၀နှစ်)က မိဘ အုပ်ထိန်းမှုအောက်မှ မလွတ်ကင်းသော ကလေးသူငယ်များအား သားမယားအဖြစ် ပြုကျင့်သဖြင့် ကလောမြို့မ ရဲစခန်းမှ (ပ) ၇၃/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/ ၃၆၃ ဖြင့် ဖမ်းဆီး ချူပ်နှောင်၍ အရေးယူ စစ်ဆေးလျှက်ရှိကြောင်း သိရသည်

Leave a Reply

Your email address will not be published. Required fields are marked *