ယေန႔ လူမႈကြန္ရက္စာမ်က္ႏွာမွာ လူေျပာမ်ားေနတဲ့ အေၾကာင္းကေတာ့ အမႈိက္ (၁) ပိႆာကို ပိုက္ဆံ (၁၀၀) နဲ႔ ျပန္ဝယ္မယ့္ ျမန္

မာ့အထူးဆန္းဆုံး ေဈးသည္မ်ား အေၾကာင္းပဲ ျဖစ္ပါတယ္။ မွ်ေဝသူမ်ား အမ်ားအျပား ရွိခဲ့တဲ့ အဆိုပါ ဓာတ္ပုံေတြရဲ႕ မူရင္းပိုင္ရွင္

ကိုေတာ့ အခုခ်ိန္အထိ မသိရွိရေသးဘဲ လူမႈကြန္ရက္ စာမ်က္ႏွာ အမ်ားအျပားက ဆက္တိုက္ မွ်ေဝေနၾကတာ ျဖစ္ပါတယ္

ပုံထဲမွာေတာ့ လူငယ္အဖြဲ႕ တဖြဲ႕ဟာ က်ဴးေက်ာ္ရပ္ကြက္မွာ ရွိတဲ့ လူႀကီး၊ ကေလးေတြဆီကေန အမႈိက္ တပိႆာကို က်ပ္ေငြ (၁၀၀)

နဲ႔ ျပန္လည္ ဝယ္ယူေနၾကတာ ျဖစ္ပါတယ္။ အမႈိက္အမ်ိဳးအစား မခြဲျခားဘဲ မည္သည့္ အမႈိက္မဆို တပိႆာလွ်င္ က်ပ္ေငြ (၁၀၀)

နဲ႔ ခ်ိန္တြယ္ဝယ္ယူေနၾကပုံကို ေတြ႕ျမင္တဲ့ လူတိုင္းက ခ်ီးက်ဴး ဂုဏ္ျပဳေနၾကတာကို ေတြ႕ရပါတယ္။

အမႈိက္သိမ္းဖို႔ လူအင္အား အမ်ားအျပား မလိုေတာ့ျခင္း၊ ရပ္ကြက္ေန ျပည္သူမ်ားလည္း အမႈိက္ ေရာင္းရေငြေၾကာင့္ အသုံးစရိတ္ ကာမိျခင္း၊ အမႈိက္မ်ားကို ျမန္ျမန္ဆန္ဆန္နဲ႔ သိမ္းႏိုင္ျခင္းေၾကာင့္ ပတ္ဝန္းက်င္ သန႔္ရွင္းသြားျခင္း စတဲ့ အက်ိဳးေက်းဇူးေတြ ရရွိတယ္လို႔ လူမႈကြန္ရက္ အသုံးျပဳသူတဦးက မွတ္ခ်က္ ေရးသားထားပါတယ္။

ယခုကဲ့သို႔ အမႈိက္ေတြကို ျပန္ဝယ္မယ့္ အိုင္ဒီယာကို အေကာင္အထည္ေဖာ္ခဲ့တဲ့ လူငယ္အဖြဲ႕ရဲ႕ အမည္ကို ျပည္သူမ်ားက သိရွိလိုၾကၿပီး ကူညီေထာက္ပံ့မႈေတြ ျပဳလုပ္လိုၾကတယ္လို႔ သိရပါတယ္။ ျပည္သူက ျပည္သူကို ကူညီရမယ့္ ယခုလို အခ်ိန္မွာ ကုန္က်စရိတ္

သိပ္မရွိဘဲ အမႈိက္ေတြကို ျမန္ျမန္ဆန္ဆန္ သိမ္းဆည္းသြားႏိုင္တဲ့ အိုင္ဒီယာဟာ အလြန္ေကာင္းမြန္လွပါတယ္။ ယခုလို အမႈိက္ေတြကို ျပန္လည္ ဝယ္ယူေပးတာေၾကာင့္ အလုပ္မရွိသူမ်ားလည္း ဝင္ေငြ ရရွိၿပီး အလုပ္လုပ္ခ်င္စိတ္ကို ျဖစ္ေပၚလာေစပါတယ္။

ယူနီေဖာင္းေတြ၊ တိုက္ပုံေတြနဲ႔ လက္ညႇိဳးထိုး အမႈိက္သိမ္းခိုင္းတာထက္စာရင္ အမႈိက္သိမ္းျခင္းကို ယခုလို ဆန္းသစ္တီထြင္ထားတဲ့ နည္းလမ္းနဲ႔ ျပဳလုပ္ပါက ပိုမိုျမန္ဆန္ လြယ္ကူၿပီး အလုပ္ၿပီးေျမာက္မယ္ဆိုတာ အေသအခ်ာပါပဲ။ တီထြင္ႏိုင္စြမ္းေကာင္းမြန္တဲ့ လူငယ္ေတြ ေခါင္းေဆာင္ ျဖစ္လာမယ့္ တေန႔ကို ေမွ်ာ္လင့္ရင္း…

===========

ယနေ့ လူမှုကွန်ရက်စာမျက်နှာမှာ လူပြောများနေတဲ့ အကြောင်းကတော့ အမှိုက် (၁) ပိဿာကို ပိုက်ဆံ (၁၀၀) နဲ့ ပြန်ဝယ်မယ့် မြန်

မာ့အထူးဆန်းဆုံး ဈေးသည်များ အကြောင်းပဲ ဖြစ်ပါတယ်။ မျှဝေသူများ အများအပြား ရှိခဲ့တဲ့ အဆိုပါ ဓာတ်ပုံတွေရဲ့ မူရင်းပိုင်ရှင်

ကိုတော့ အခုချိန်အထိ မသိရှိရသေးဘဲ လူမှုကွန်ရက် စာမျက်နှာ အများအပြားက ဆက်တိုက် မျှဝေနေကြတာ ဖြစ်ပါတယ်

ပုံထဲမှာတော့ လူငယ်အဖွဲ့ တဖွဲ့ဟာ ကျူးကျော်ရပ်ကွက်မှာ ရှိတဲ့ လူကြီး၊ ကလေးတွေဆီကနေ အမှိုက် တပိဿာကို ကျပ်ငွေ (၁၀၀)

နဲ့ ပြန်လည် ဝယ်ယူနေကြတာ ဖြစ်ပါတယ်။ အမှိုက်အမျိုးအစား မခွဲခြားဘဲ မည်သည့် အမှိုက်မဆို တပိဿာလျှင် ကျပ်ငွေ (၁၀၀)

နဲ့ ချိန်တွယ်ဝယ်ယူနေကြပုံကို တွေ့မြင်တဲ့ လူတိုင်းက ချီးကျူး ဂုဏ်ပြုနေကြတာကို တွေ့ရပါတယ်။

အမှိုက်သိမ်းဖို့ လူအင်အား အများအပြား မလိုတော့ခြင်း၊ ရပ်ကွက်နေ ပြည်သူများလည်း အမှိုက် ရောင်းရငွေကြောင့် အသုံးစရိတ် ကာမိခြင်း၊ အမှိုက်များကို မြန်မြန်ဆန်ဆန်နဲ့ သိမ်းနိုင်ခြင်းကြောင့် ပတ်ဝန်းကျင် သန့်ရှင်းသွားခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိတယ်လို့ လူမှုကွန်ရက် အသုံးပြုသူတဦးက မှတ်ချက် ရေးသားထားပါတယ်။

ယခုကဲ့သို့ အမှိုက်တွေကို ပြန်ဝယ်မယ့် အိုင်ဒီယာကို အကောင်အထည်ဖော်ခဲ့တဲ့ လူငယ်အဖွဲ့ရဲ့ အမည်ကို ပြည်သူများက သိရှိလိုကြပြီး ကူညီထောက်ပံ့မှုတွေ ပြုလုပ်လိုကြတယ်လို့ သိရပါတယ်။ ပြည်သူက ပြည်သူကို ကူညီရမယ့် ယခုလို အချိန်မှာ ကုန်ကျစရိတ်

သိပ်မရှိဘဲ အမှိုက်တွေကို မြန်မြန်ဆန်ဆန် သိမ်းဆည်းသွားနိုင်တဲ့ အိုင်ဒီယာဟာ အလွန်ကောင်းမွန်လှပါတယ်။ ယခုလို အမှိုက်တွေကို ပြန်လည် ဝယ်ယူပေးတာကြောင့် အလုပ်မရှိသူများလည်း ဝင်ငွေ ရရှိပြီး အလုပ်လုပ်ချင်စိတ်ကို ဖြစ်ပေါ်လာစေပါတယ်။

ယူနီဖောင်းတွေ၊ တိုက်ပုံတွေနဲ့ လက်ညှိုးထိုး အမှိုက်သိမ်းခိုင်းတာထက်စာရင် အမှိုက်သိမ်းခြင်းကို ယခုလို ဆန်းသစ်တီထွင်ထားတဲ့ နည်းလမ်းနဲ့ ပြုလုပ်ပါက ပိုမိုမြန်ဆန် လွယ်ကူပြီး အလုပ်ပြီးမြောက်မယ်ဆိုတာ အသေအချာပါပဲ။ တီထွင်နိုင်စွမ်းကောင်းမွန်တဲ့ လူငယ်တွေ ခေါင်းဆောင် ဖြစ်လာမယ့် တနေ့ကို မျှော်လင့်ရင်း…

Leave a Reply

Your email address will not be published. Required fields are marked *