ေ႐ႊေဈး (၃) မ်ိဳး ျဖစ္လာၿပီးေနာက္ ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း အေရးႀကီးဆုံးျဖတ္ခ်က္မ်ား ထြက္ေပၚလာ

ရန္ကုန္တိုင္းအတြင္းက ေ႐ႊဆိုင္ေတြအားလုံး အေခါက္ေ႐ႊ တစ္က်ပ္သား ၂၅ သိန္း ၃ ေသာင္း က်ပ္နဲ႔ ေရာင္းခ်ေပးရမယ္လို႔

ရန္ကုန္ ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA) က မ​ေန႔က ေအာက္တိုဘာ ၃၀ ရက္မွာ ထုတ္ျပန္လိုက္ပါတယ္။

ရန္ကုန္ေ႐ႊအသင္းက ယေန႔ ေန႔လည္ ၂ နာရီခြဲ ရည္ၫႊန္းၾကမ္းခင္းေဈးအျဖစ္ အေခါက္ေ႐ႊတစ္က်ပ္သား က်ပ္ (၁,၉၃၄,၀၀၀) ျဖစ္တယ္လို႔ ထုတ္ျပန္ထားပါတယ္။

ဒီေန႔ ေအာက္တိုဘာ ၃၁ ရက္ ျပင္ပေ႐ႊဆိုင္ေတြမွာ ျဖစ္ေပၚေနတဲ့ အေခါက္ေ႐ႊ တစ္က်ပ္သား ေရာင္းေဈးမွာ က်ပ္ ၂၆ သိန္း ၈ ေသာင္းျဖစ္ၿပီး

ဝယ္ေဈး က်ပ္ ၂၆ သိန္း ၄ ေသာင္း ျဖစ္တယ္လို႔ ရန္ကုန္ၿမိဳ႕ေ႐ႊဆိုင္ေတြဆီက သိရပါတယ္။

ျပင္ပ‌ေစ်းကြက္ေပါက္ေစ်းနဲ႔ ရန္ကုန္ေ႐ႊအသင္းက ေရာင္းခိုင္းတဲ့ေစ်းဟာ က်ပ္ ၁ သိန္းခြဲေက်ာ္ ကြာဟေနတာကို ေတြ႕ရွိရပါတယ္။

ထိုကဲ့သို႔ ျမန္မာျပည္ ေဈးကြက္အတြင္း ေ႐ႊေဈး (၃) မ်ိဳး ျဖစ္လာၿပီးေနာက္ ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ား အသင္းက အစည္းအေဝး ျပဳလုပ္ၿပီး

ေအာက္ပါ အေရးႀကီး ဆုံးျဖတ္ခ်က္ (၂) မ်ိဳးကို ခ်မွတ္လိုက္တယ္လို႔ သိရပါတယ္။

ရန္ကုန္တိုင္း​ေဒသႀကီး​ ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း YGEA အလုပ္အမႈ​ေဆာင္အစည္းအ​ေဝးကို

ယ​ေန႔ ​ေအာက္တိုဘာလ (၃၁) ရက္​ေန႔ မနက္ပိုင္းက အသင္း႐ုံး အစည္းအ​​ေဝးခန္းမတြင္က်င္းပရာ ဆုံးျဖတ္ခ်က္ (၂)ရပ္​ ​ေပၚထြက္ခဲ့သည္။

အစည္းအ​ေဝး အဖြင့္အမွာစကားကို အသင္းဥကၠဌ ဦးမ်ိဳးျမင့္က ​ေျပာၾကားၿပီး​ေနာက္

အသင္းအ​ေထြ​ေထြ အတြင္း​ေရးမႉး ဦးဝင္းျမင့္က အသင္းဝင္မ်ားႏွင့္ ​ေဆြး​ေႏြးၿပီး​ေနာက္ ဆုံးျဖတ္ခ်က္မ်ား​ေပၚထြက္ခဲ့ျခင္းျဖစ္သည္။

ခ်မွတ္ခဲ့သည့္ဆုံးျဖတ္ခ်က္မ်ားမွာ ႏွစ္စဥ္က်င္းပၿမဲ ျဖစ္သည့္ အသင္းဘုံကထိန္ကို ႏိုဝင္ဘာလ (၅)ရက္​ေန႔တြင္ က်င္းပရန္ ၊ အသင္းျပကၡဒိန္ ထုတ္​ေဝရန္တို႔ျဖစ္သည္။

CREDIT

=============

ရွှေဈေး (၃) မျိုး ဖြစ်လာပြီးနောက် ရွှေလုပ်ငန်းရှင်များအသင်း အရေးကြီးဆုံးဖြတ်ချက်များ ထွက်ပေါ်လာ

ရန်ကုန်တိုင်းအတွင်းက ရွှေဆိုင်တွေအားလုံး အခေါက်ရွှေ တစ်ကျပ်သား ၂၅ သိန်း ၃ သောင်း ကျပ်နဲ့ ရောင်းချပေးရမယ်လို့

ရန်ကုန် ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က မ​နေ့က အောက်တိုဘာ ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်ရွှေအသင်းက ယနေ့ နေ့လည် ၂ နာရီခွဲ ရည်ညွှန်းကြမ်းခင်းဈေးအဖြစ် အခေါက်ရွှေတစ်ကျပ်သား ကျပ် (၁,၉၃၄,၀၀၀) ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီနေ့ အောက်တိုဘာ ၃၁ ရက် ပြင်ပရွှေဆိုင်တွေမှာ ဖြစ်ပေါ်နေတဲ့ အခေါက်ရွှေ တစ်ကျပ်သား ရောင်းဈေးမှာ ကျပ် ၂၆ သိန်း ၈ သောင်းဖြစ်ပြီး

ဝယ်ဈေး ကျပ် ၂၆ သိန်း ၄ သောင်း ဖြစ်တယ်လို့ ရန်ကုန်မြို့ရွှေဆိုင်တွေဆီက သိရပါတယ်။

ပြင်ပ‌စျေးကွက်ပေါက်စျေးနဲ့ ရန်ကုန်ရွှေအသင်းက ရောင်းခိုင်းတဲ့စျေးဟာ ကျပ် ၁ သိန်းခွဲကျော် ကွာဟနေတာကို တွေ့ရှိရပါတယ်။

ထိုကဲ့သို့ မြန်မာပြည် ဈေးကွက်အတွင်း ရွှေဈေး (၃) မျိုး ဖြစ်လာပြီးနောက် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းက အစည်းအဝေး ပြုလုပ်ပြီး

အောက်ပါ အရေးကြီး ဆုံးဖြတ်ချက် (၂) မျိုးကို ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း​ဒေသကြီး​ ရွှေလုပ်ငန်းရှင်များအသင်း YGEA အလုပ်အမှု​ဆောင်အစည်းအ​ဝေးကို

ယ​နေ့ ​အောက်တိုဘာလ (၃၁) ရက်​နေ့ မနက်ပိုင်းက အသင်းရုံး အစည်းအ​​ဝေးခန်းမတွင်ကျင်းပရာ ဆုံးဖြတ်ချက် (၂)ရပ်​ ​ပေါ်ထွက်ခဲ့သည်။

အစည်းအ​ဝေး အဖွင့်အမှာစကားကို အသင်းဥက္ကဌ ဦးမျိုးမြင့်က ​ပြောကြားပြီး​နောက်

အသင်းအ​ထွေ​ထွေ အတွင်း​ရေးမှူး ဦးဝင်းမြင့်က အသင်းဝင်များနှင့် ​ဆွေး​နွေးပြီး​နောက် ဆုံးဖြတ်ချက်များ​ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။

ချမှတ်ခဲ့သည့်ဆုံးဖြတ်ချက်များမှာ နှစ်စဥ်ကျင်းပမြဲ ဖြစ်သည့် အသင်းဘုံကထိန်ကို နိုဝင်ဘာလ (၅)ရက်​နေ့တွင် ကျင်းပရန် ၊ အသင်းပြက္ခဒိန် ထုတ်​ဝေရန်တို့ဖြစ်သည်။

CREDIT

Leave a Reply

Your email address will not be published. Required fields are marked *