ရန္ကုန္ၿမိဳ႕လယ္ေခါင္၊ ပန္းဘဲတန္း ၊ ကုန္သည္လမ္းေပၚရွိ သစၥာကုန္မာဆိုင္ကို လူ ၃ ဦးက ဓားေထာက္ လုယက္၊ ဆိုင္ပိုင္ရွင္ ဓားဒဏ္ရာရရွိၿပီး ေငြႏွင့္ကား ပါသြား (႐ုပ္/သံ)
ရန္ကုန္၊ ႏိုဝင္ဘာ ၃

ရန္ကုန္ၿမိဳ႕လယ္ေခါင္၊ ပန္းဘဲတန္းၿမိဳ႕နယ္၊ ကုန္သည္လမ္းေပၚရွိ သစၥာကုန္မာဆိုင္ကို ႏိုဝင္ဘာလ ၂ ရက္ေန႔ ညေနပိုင္း လူ ၃ ဦးက ဓားေထာက္ လုယက္သြားေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

ႏိုဝင္ဘာလ ၂ ရက္ေန႔ ညေန ၆ နာရီ ၅၀ မိနစ္အခ်ိန္ ပန္းဘဲတန္း ၁ ရပ္ကြက္၊ ၂၆ လမ္းႏွင့္ ကုန္ေဈးတန္းအၾကား ကုန္သည္လမ္းေပၚရွိ သစၥာကုန္မာဆိုင္ကို လူငယ္ ၃ ဦးက ဓားေထာက္ ဝင္ေရာက္ လုယက္ေၾကာင္း၊ ဆိုင္တြင္ ဆိုင္ပိုင္ရွင္ ဦးေမာင္ေမာင္ထြန္းႏွင့္ ဦးျမင့္ၾကည္တို႔ ရွိေနၾကခ်ိန္ျဖစ္ေၾကာင္း၊ ဓားေထာက္ လုယက္သူ ၃ ဦး၏ တိုက္ခိုက္မႈေၾကာင့္ ဆိုင္ပိုင္ရွင္ ဦးေမာင္ေမာင္ထြန္း အ သက္ ၅၁ ႏွစ္သည္ ညာဘက္ေပါင္ျပတ္ရွ ဒဏ္ရာရရွိခဲ့ၿပီး ဦးျမင့္ၾကည္မွာလည္း မစိုးရိမ္ရဒဏ္ရာရရွိေၾကာင္း၊ လူ ၃ ဦးက ေငြပမာဏ(စိစစ္ဆဲ)ႏွင့္ Toyota Allison 4H/6543 ခဲေရာင္ကား လုယက္သြားေၾကာင္း သိရွိရသည္။

“ဦးေမာင္ေမာင္ထြန္းကေတာ့ မစိုးရိမ္ရပါဘူး။ ေပါင္မွာ ျပတ္ရွဒဏ္ရာေတာ့ရသြားတယ္။ ေဆး႐ုံမွာ မစိုးရိမ္ရပါဘူး” ဟု ေဒသခံတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
လက္ရွိ ေမးျမန္းစုံစမ္းမႈမ်ားအရ ဓားေထာက္လုယက္သြားသူ ၃ ဦးကို ဖမ္းဆီးရမိျခင္းမရွိေသးဟု သိရွိရသည္။

=========

ရန်ကုန်မြို့လယ်ခေါင်၊ ပန်းဘဲတန်း ၊ ကုန်သည်လမ်းပေါ်ရှိ သစ္စာကုန်မာဆိုင်ကို လူ ၃ ဦးက ဓားထောက် လုယက်၊ ဆိုင်ပိုင်ရှင် ဓားဒဏ်ရာရရှိပြီး ငွေနှင့်ကား ပါသွား (ရုပ်/သံ)
ရန်ကုန်၊ နိုဝင်ဘာ ၃

ရန်ကုန်မြို့လယ်ခေါင်၊ ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းပေါ်ရှိ သစ္စာကုန်မာဆိုင်ကို နိုဝင်ဘာလ ၂ ရက်နေ့ ညနေပိုင်း လူ ၃ ဦးက ဓားထောက် လုယက်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်အချိန် ပန်းဘဲတန်း ၁ ရပ်ကွက်၊ ၂၆ လမ်းနှင့် ကုန်ဈေးတန်းအကြား ကုန်သည်လမ်းပေါ်ရှိ သစ္စာကုန်မာဆိုင်ကို လူငယ် ၃ ဦးက ဓားထောက် ဝင်ရောက် လုယက်ကြောင်း၊ ဆိုင်တွင် ဆိုင်ပိုင်ရှင် ဦးမောင်မောင်ထွန်းနှင့် ဦးမြင့်ကြည်တို့ ရှိနေကြချိန်ဖြစ်ကြောင်း၊ ဓားထောက် လုယက်သူ ၃ ဦး၏ တိုက်ခိုက်မှုကြောင့် ဆိုင်ပိုင်ရှင် ဦးမောင်မောင်ထွန်း အ သက် ၅၁ နှစ်သည် ညာဘက်ပေါင်ပြတ်ရှ ဒဏ်ရာရရှိခဲ့ပြီး ဦးမြင့်ကြည်မှာလည်း မစိုးရိမ်ရဒဏ်ရာရရှိကြောင်း၊ လူ ၃ ဦးက ငွေပမာဏ(စိစစ်ဆဲ)နှင့် Toyota Allison 4H/6543 ခဲရောင်ကား လုယက်သွားကြောင်း သိရှိရသည်။

“ဦးမောင်မောင်ထွန်းကတော့ မစိုးရိမ်ရပါဘူး။ ပေါင်မှာ ပြတ်ရှဒဏ်ရာတော့ရသွားတယ်။ ဆေးရုံမှာ မစိုးရိမ်ရပါဘူး” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လက်ရှိ မေးမြန်းစုံစမ်းမှုများအရ ဓားထောက်လုယက်သွားသူ ၃ ဦးကို ဖမ်းဆီးရမိခြင်းမရှိသေးဟု သိရှိရသည်

Leave a Reply

Your email address will not be published. Required fields are marked *