စစ္ေကာင္စီရဲ႕ေျပာခြင့္ရ ျပန္ၾကားေရးဒု-ဝန္ႀကီး ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း ဟာ က်န္းမားေရးမေကာင္းတဲ့အတြက္ ျပည္ပႏိုင္ငံတခုရဲ႕ ေဆး႐ုံတခုမွာ ရက္အတန္ၾကာေဆး ကုသမႈခံယူခဲ့ရတယ္လို႔သိရပါတယ္

ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းဟာ က်န္းမာေရးအေျခအေနဆိုး ဝါးလာလို႔ ေအာက္တိုဘာလေနာက္ဆုံးပတ္အတြင္းကစလို႔ ျပည္ပႏိုင္ငံတခုက ေဆး႐ုံတခုမွာကုသမႈခံယူခဲ့ရတာျဖစ္ၿပီး လက္ရွိမွာေတာ့ ေနျပည္ေတာ္ကိုျပန္လည္ေရာက္ရွိေနၿပီလို႔ ဧရာဝတီတိုင္းမ္ရဲ႕ ေနျပည္ေတာ္ျပန္ၾကားေရးဌာနနဲ႔ နီးစပ္တဲ့ သတင္းရင္းျမစ္တခ်ိဳ႕က အတည္ျပဳေျပာဆိုပါတယ္

”ျပည္ပမွာေဆးသြားကုရတာမွန္ပါတယ္။ ေအာက္တိုဘာေနာက္ဆုံးအပတ္ထဲမွာသြားတာ တပတ္ေက်ာ္ေလာက္ေတာ့ ၾကာတယ္။ ေနျပည္ေတာ္က စစ္ေခါင္းေဆာင္ေတြက ထိုင္းနဲ႔စင္ကာပူ ကိုဘဲ သြားကုၾကတာမ်ားတယ္။ ခုကာလ ကေတာ့ ထိုင္းဘဲျဖစ္ႏိုင္မယ္၊

စင္ကာပူကလည္းသူတို႔အာဏာသိမ္းတာနဲ႔ပတ္သက္ၿပီးတခ်ိဳ႕ကိစၥေတြမွာ ကန႔္ကြက္တာေတြမ်ားတယ္။ ေရာဂါက လိုင္းေပၚမွာေတြ႕ေနရသလို လိပ္ေခါင္းလား၊ စအိုကင္ဆာလား ဘာလားေတာ့အတိအက်မသိဘူး။ သူ႔ေရာဂါက အစုံလို႔ေတာ့သိရတယ္။ အဲ့တာေတြ

လည္း ပါခ်င္လည္း ပါမွာေပါ့။ ဒါေပမယ့္ ေရာဂါႀကီးႀကီးမားမား ျဖစ္လို႔သာ ျပည္ပအထိသြားကုတာလို႔ေျပာႏိုင္တယ္။ ေတာ္႐ုံေရာဂါဆို ေနျပည္ေတာ္မွာတင္ သူတို႔ကုလို႔ရတယ္။ ျပန္ေတာ့ေရာက္ေနၿပီ သိပ္မသက္ သာေသးလို႔ ႐ုံးေတာ့ မတက္ႏိုင္ေသးဘူးလို႔

ရတယ္” လို႔ စစ္ေကာင္စီျပန္ၾကားေရးနဲ႔နီးစပ္တဲ့ သတင္း ရင္းျမစ္တဦးက ေျပာဆိုေၾကာင္း ဧရာဝတီတိုင္းမ္ သတင္းမွာ ေဖာ္ျပလာပါတယ္။

ေဇာ္မင္းထြန္းဟာ ထိုင္းႏိုင္ငံ၊ဘန္ေကာက္ၿမိဳ႕က bumrungard Internationl Hospital ေဆး႐ုံႀကီးမွာ စအိုကင္ဆာေရာဂါနဲ႔ ေဆးကုသမႈခံယူေနရတယ္လို႔ ႏိုဝင္ဘာလ ၁ ရက္ေန႔ကစလို႔ လူမႈကြန္ယက္မွာ သတင္း ေတြက်ယ္က်ယ္ျပန္ျပန္႔ ထြက္ေပၚေနတာပါ

ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း ျပည္ပႏိုင္ငံတခုရဲ႕ေဆး႐ုံတခုမွာ ေဆးကုသမႈခံယူခဲ့ရတယ္လို႔ သာ အတည္ျပဳထားႏိုင္ၿပီး ဘယ္ႏိုင္ငံ၊ ဘယ္ေဆး႐ုံမွာ ဘာေရာဂါနဲ႔ကုသမႈခံယူခဲ့တယ္ဆိုတာကိုေတာ့ သီးျခား အတည္ျပဳႏိုင္ျခင္းမရွိေသးဘဲ ဆက္လက္စုံစမ္းေနဆဲျဖစ္ပါတယ္

ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းဟာ အာဏာသိမ္းစစ္ေကာင္စီရဲ႕ေျပာခြင့္ရသူ ျပန္ၾကားေရးဒုဝန္ႀကီးတာဝန္ရယူထားသူ ျဖစ္ၿပီး စစ္ေကာင္စီသတင္းစာရွင္းလင္းပြဲေတြမွာ ၎ဦးေဆာင္ျပဳလုပ္ကာ စစ္ေကာင္စီရဲ႕လုပ္ေဆာင္ခ်က္ေတြကို ကာကြယ္ဖုံးဖိၿပီး ဝါဒျဖန႔္စကားေတြကို ပင္တိုင္ေျပာၾကားေပးေနသူတဦးအျဖစ္ လူသိမ်ားသူတေယာက္ျဖစ္ပါတယ္

===========

စစ်ကောင်စီရဲ့ပြောခွင့်ရ ပြန်ကြားရေးဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ဟာ ကျန်းမားရေးမကောင်းတဲ့အတွက် ပြည်ပနိုင်ငံတခုရဲ့ ဆေးရုံတခုမှာ ရက်အတန်ကြာဆေး ကုသမှုခံယူခဲ့ရတယ်လို့သိရပါတယ်

ဗိုလ်ချုပ် ဇော်မင်းထွန်းဟာ ကျန်းမာရေးအခြေအနေဆိုး ဝါးလာလို့ အောက်တိုဘာလနောက်ဆုံးပတ်အတွင်းကစလို့ ပြည်ပနိုင်ငံတခုက ဆေးရုံတခုမှာကုသမှုခံယူခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ နေပြည်တော်ကိုပြန်လည်ရောက်ရှိနေပြီလို့ ဧရာဝတီတိုင်းမ်ရဲ့ နေပြည်တော်ပြန်ကြားရေးဌာနနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တချို့က အတည်ပြုပြောဆိုပါတယ်

”ပြည်ပမှာဆေးသွားကုရတာမှန်ပါတယ်။ အောက်တိုဘာနောက်ဆုံးအပတ်ထဲမှာသွားတာ တပတ်ကျော်လောက်တော့ ကြာတယ်။ နေပြည်တော်က စစ်ခေါင်းဆောင်တွေက ထိုင်းနဲ့စင်ကာပူ ကိုဘဲ သွားကုကြတာများတယ်။ ခုကာလ ကတော့ ထိုင်းဘဲဖြစ်နိုင်မယ်၊

စင်ကာပူကလည်းသူတို့အာဏာသိမ်းတာနဲ့ပတ်သက်ပြီးတချို့ကိစ္စတွေမှာ ကန့်ကွက်တာတွေများတယ်။ ရောဂါက လိုင်းပေါ်မှာတွေ့နေရသလို လိပ်ခေါင်းလား၊ စအိုကင်ဆာလား ဘာလားတော့အတိအကျမသိဘူး။ သူ့ရောဂါက အစုံလို့တော့သိရတယ်။ အဲ့တာတွေ

လည်း ပါချင်လည်း ပါမှာပေါ့။ ဒါပေမယ့် ရောဂါကြီးကြီးမားမား ဖြစ်လို့သာ ပြည်ပအထိသွားကုတာလို့ပြောနိုင်တယ်။ တော်ရုံရောဂါဆို နေပြည်တော်မှာတင် သူတို့ကုလို့ရတယ်။ ပြန်တော့ရောက်နေပြီ သိပ်မသက် သာသေးလို့ ရုံးတော့ မတက်နိုင်သေးဘူးလို့

ရတယ်” လို့ စစ်ကောင်စီပြန်ကြားရေးနဲ့နီးစပ်တဲ့ သတင်း ရင်းမြစ်တဦးက ပြောဆိုကြောင်း ဧရာဝတီတိုင်းမ် သတင်းမှာ ဖော်ပြလာပါတယ်။

ဇော်မင်းထွန်းဟာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့က bumrungard Internationl Hospital ဆေးရုံကြီးမှာ စအိုကင်ဆာရောဂါနဲ့ ဆေးကုသမှုခံယူနေရတယ်လို့ နိုဝင်ဘာလ ၁ ရက်နေ့ကစလို့ လူမှုကွန်ယက်မှာ သတင်း တွေကျယ်ကျယ်ပြန်ပြန့် ထွက်ပေါ်နေတာပါ

ဗိုလ်ချုပ် ဇော်မင်းထွန်း ပြည်ပနိုင်ငံတခုရဲ့ဆေးရုံတခုမှာ ဆေးကုသမှုခံယူခဲ့ရတယ်လို့ သာ အတည်ပြုထားနိုင်ပြီး ဘယ်နိုင်ငံ၊ ဘယ်ဆေးရုံမှာ ဘာရောဂါနဲ့ကုသမှုခံယူခဲ့တယ်ဆိုတာကိုတော့ သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်

ဗိုလ်ချုပ် ဇော်မင်းထွန်းဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ပြောခွင့်ရသူ ပြန်ကြားရေးဒုဝန်ကြီးတာဝန်ရယူထားသူ ဖြစ်ပြီး စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွေမှာ ၎င်းဦးဆောင်ပြုလုပ်ကာ စစ်ကောင်စီရဲ့လုပ်ဆောင်ချက်တွေကို ကာကွယ်ဖုံးဖိပြီး ဝါဒဖြန့်စကားတွေကို ပင်တိုင်ပြောကြားပေးနေသူတဦးအဖြစ် လူသိများသူတယောက်ဖြစ်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *