သာေကတ အ.မ.က(၂၉)ေက်ာင္းတြင္ ေမြးေန႔ပြဲက်င္းပရာမွ အစာအဆိပ္သင့္မႈျဖစ္ပြားၿပီး KG တန္းမွ ကေလးငယ္ ၄၀ ေက်ာ္ခန႔္အား ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ရ
…………………….
ႏိုဝင္ဘာ ၂

ရန္ကုန္တိုင္းေဒသႀကီး၊ သာေကတၿမိဳ႕နယ္၊ ၁၀/ ေျမာက္ရပ္ကြက္၊ လယ္ယာ(၁)လမ္းရွိ အ.မ.က(၂၉)ေက်ာင္းတြင္ ဒီကေန႔ ႏိုဝင္ဘာ ၂ ရက္၊ နံနက္ပိုင္းတြင္
ေမြးေန႔ပြဲက်င္းပရာမွ အစာအဆိပ္သင့္မႈျဖစ္ပြားၿပီး KG တန္းမွ ကေလးငယ္ ၄၀ ေက်ာ္ခန႔္အား ေဆး႐ုံသို႔ အလွ်င္အျမန္ ပို႔ေဆာင္ေပးခဲ့ရတယ္လို႔ ပရဟိတလူမႈကူညီေရးအသင္းမ်ားထံမွ သိရပါတယ္။

“ကေလးေတြ အစာအဆိပ္သင့္တာလို႔ေျပာပါတယ္။ အခုေဆး႐ုံ(၃)႐ုံကို မွ်ပို႔ေနတယ္။ ရန္ကင္းကေလးေဆး႐ုံမွာေတာ့ အမ်ားဆုံးပဲ။ ဟယ္ပင္ကေလးေဆး႐ုံမွာက ၉ ေယာက္၊ ရန္ကင္းကေလးေဆး႐ုံမွာက ၂၀ ေက်ာ္တယ္။ ေျမာက္ဥကၠလာပေဆး႐ုံမွာက ၅ ေယာက္ပါ။ က်ေနာ္တို႔လူနာတင္ယာဥ္ေတြက မွ်ထြက္လိုက္တယ္။ ေဆး႐ုံမွာ အသင့္အေနအထားနဲ႔ေစာင့္တဲ့အသင္းေတြက ေစာင့္ေပးတယ္။ ေျမျပင္မွာ သြားေရာက္ေခၚေဆာင္ၿပီး ေဆး႐ုံကိုကူညီပို႔ေဆာင္ေပးေနတဲ့ အသင္းေတြလည္းရွိပါတယ္”လို႔ ၾကည့္ျမင္တိုင္(ဟစ္တိုင္)ပရဟိတလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက ျမန္မာ့ပလက္ေဖာင္းသို႔ ေျပာျပပါတယ္။

လက္ရွိမွာ အစာအဆိပ္သင့္မႈျဖစ္ပြားခဲ့တဲ့ အဆိုပါ ကေလးငယ္မ်ားကို ရန္ကင္းကေလးေဆး႐ုံ၊ ဟယ္ပင္ကေလးေဆး႐ုံ၊ စံျပေဆး႐ုံနဲ႔ ေျမာက္ဥကၠလာပေဆး႐ုံေတြကို ပို႔ေဆာင္ေပးေနတာျဖစ္တယ္လို႔ သိရပါတယ္။

အစာအဆိပ္သင့္မႈျဖစ္ပြားတဲ့ ကေလးအေရအတြက္က စုစုေပါင္း(၄၀)ခန႔္အထိရွိတယ္လို႔ ေျမျပင္မွာ ကူညီေဆာင္႐ြက္မႈေတြကို ျပဳလုပ္ေနတဲ့ ပရဟိတသမားေတြက ေျပာပါတယ္။

“အစာအဆိပ္သင့္မႈျဖစ္ပြားတာက သာေကတ လယ္ယာ ၁ လမ္းထဲက အ.မ ကေက်ာင္းမွာပါ။ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ထဲက ရာဇၿဂိဳလ္ဘုန္းေတာ္ႀကီးေက်ာင္းမွာ မဟုတ္ပါဘူး။ ျဖစ္စဥ္က ေက်ာင္းလြတ္လိုက္တဲ့ အခ်ိန္မွာ အိမ္ျပန္သြားၾကတဲ့ ကေလးအခ်ိဳ႕ရွိပါတယ္။ သူတို႔ရာ ရာဇၿဂိဳလ္ဘုန္းေတာ္ႀကီးေက်ာင္းအနီးအနားမွာေနၾကတဲ့ ကေလးေတြေပါ့။

ကေလးေတြက အစာအဆိပ္သင့္ၿပီးမူးေဝေအာ့အန္လာတယ္လို႔ အေၾကာင္းၾကားလို႔ က်ေနာ္တို႔ ပရဟိတအသင္းေတြက ကားေတြကိုခြဲၿပီးေတာ့ အ.မ.က ၂၉ ေက်ာင္းမွာ က်န္ရွိေနတဲ့ ကေလးေတြေရာ ရာဇၿဂိဳလ္ေက်ာင္းနားမွာေနထိုင္ၾကတဲ့ ကေလးေတြေရာ ကေလးေတြရဲ႕ ေနအိမ္ေတြအထိ လိုက္ေခၚ ၿပီးေတာ့ ေဆး႐ုံကို ကူညီပို႔ေဆာင္ေပးခဲ့တာပါ

လက္ရွိ ေျမျပင္မွာလည္း ကူညီကယ္ဆယ္ေရးေတြ ဆက္လက္လုပ္ေဆာင္ေပးေနပါတယ္။ အ.မ.က ၂၉ ေက်ာင္းမွာလည္း ပရဟိတ လူမႈကူညီေရးအသင္းေတြ အမ်ားႀကီးေရာက္ေနပါတယ္။ လိုအပ္တဲ့ကူညီမႈေတြနဲ႔ ေဆးဘက္ဆိုင္ရာ ကူညီမႈေတြကို လုပ္ေဆာင္ေပးေနပါတယ္။ ေနာက္ဆုံး က်ေနာ္တို႔ ရရွိထားတဲ့ လူနာအေရအတြက္က ၄၀ ေလာက္ရွိတယ္လို႔ သိရပါတယ္”လို႔ ေျမျပင္မွာ ကူညီေဆာင္႐ြက္မႈ ျပဳလုပ္ေပးခဲ့တဲ့ ပရဟိတသမားတစ္ဦးက ဆက္လက္ ေျပာျပပါတယ္

အဆိုပါ သာေကတ အ.မ.က(၂၉)ေက်ာင္း KG အတန္းမွ ေက်ာင္းသားေက်ာင္းသူအခ်ိဳ႕ဟာ ၾကာဇံေၾကာ္စားၿပီး မူးေဝေအာ့အန္ကာ အစာအဆိပ္သင့္မႈျဖစ္ပြားခဲ့တာလို႔ လည္းသိရပါတယ္

လက္ရွိ အခ်ိန္အထိ အ.မ.က(၂၉)ေက်ာင္းမွာေရာ ေဆး႐ုံေတြမွာပါ လိုအပ္တဲ့ကူညီမႈေတြကို ဆက္လက္ လုပ္ေဆာင္ေပးေနတယ္လို႔ လူမႈကူညီေရးပရဟိတသမားေတြက ေျပာပါတယ္

Photo – CJ

===========

သာကေတ အ.မ.က(၂၉)ကျောင်းတွင် မွေးနေ့ပွဲကျင်းပရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားပြီး KG တန်းမှ ကလေးငယ် ၄၀ ကျော်ခန့်အား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရ
…………………….
နိုဝင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁၀/ မြောက်ရပ်ကွက်၊ လယ်ယာ(၁)လမ်းရှိ အ.မ.က(၂၉)ကျောင်းတွင် ဒီကနေ့ နိုဝင်ဘာ ၂ ရက်၊ နံနက်ပိုင်းတွင်
မွေးနေ့ပွဲကျင်းပရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားပြီး KG တန်းမှ ကလေးငယ် ၄၀ ကျော်ခန့်အား ဆေးရုံသို့ အလျှင်အမြန် ပို့ဆောင်ပေးခဲ့ရတယ်လို့ ပရဟိတလူမှုကူညီရေးအသင်းများထံမှ သိရပါတယ်။

“ကလေးတွေ အစာအဆိပ်သင့်တာလို့ပြောပါတယ်။ အခုဆေးရုံ(၃)ရုံကို မျှပို့နေတယ်။ ရန်ကင်းကလေးဆေးရုံမှာတော့ အများဆုံးပဲ။ ဟယ်ပင်ကလေးဆေးရုံမှာက ၉ ယောက်၊ ရန်ကင်းကလေးဆေးရုံမှာက ၂၀ ကျော်တယ်။ မြောက်ဥက္ကလာပဆေးရုံမှာက ၅ ယောက်ပါ။ ကျနော်တို့လူနာတင်ယာဉ်တွေက မျှထွက်လိုက်တယ်။ ဆေးရုံမှာ အသင့်အနေအထားနဲ့စောင့်တဲ့အသင်းတွေက စောင့်ပေးတယ်။ မြေပြင်မှာ သွားရောက်ခေါ်ဆောင်ပြီး ဆေးရုံကိုကူညီပို့ဆောင်ပေးနေတဲ့ အသင်းတွေလည်းရှိပါတယ်”လို့ ကြည့်မြင်တိုင်(ဟစ်တိုင်)ပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာ့ပလက်ဖောင်းသို့ ပြောပြပါတယ်။

လက်ရှိမှာ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တဲ့ အဆိုပါ ကလေးငယ်များကို ရန်ကင်းကလေးဆေးရုံ၊ ဟယ်ပင်ကလေးဆေးရုံ၊ စံပြဆေးရုံနဲ့ မြောက်ဥက္ကလာပဆေးရုံတွေကို ပို့ဆောင်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

အစာအဆိပ်သင့်မှုဖြစ်ပွားတဲ့ ကလေးအရေအတွက်က စုစုပေါင်း(၄၀)ခန့်အထိရှိတယ်လို့ မြေပြင်မှာ ကူညီဆောင်ရွက်မှုတွေကို ပြုလုပ်နေတဲ့ ပရဟိတသမားတွေက ပြောပါတယ်။

“အစာအဆိပ်သင့်မှုဖြစ်ပွားတာက သာကေတ လယ်ယာ ၁ လမ်းထဲက အ.မ ကကျောင်းမှာပါ။ ဒဂုံဆိပ်ကမ်းမြို့နယ်ထဲက ရာဇဂြိုလ်ဘုန်းတော်ကြီးကျောင်းမှာ မဟုတ်ပါဘူး။ ဖြစ်စဉ်က ကျောင်းလွတ်လိုက်တဲ့ အချိန်မှာ အိမ်ပြန်သွားကြတဲ့ ကလေးအချို့ရှိပါတယ်။ သူတို့ရာ ရာဇဂြိုလ်ဘုန်းတော်ကြီးကျောင်းအနီးအနားမှာနေကြတဲ့ ကလေးတွေပေါ့။

ကလေးတွေက အစာအဆိပ်သင့်ပြီးမူးဝေအော့အန်လာတယ်လို့ အကြောင်းကြားလို့ ကျနော်တို့ ပရဟိတအသင်းတွေက ကားတွေကိုခွဲပြီးတော့ အ.မ.က ၂၉ ကျောင်းမှာ ကျန်ရှိနေတဲ့ ကလေးတွေရော ရာဇဂြိုလ်ကျောင်းနားမှာနေထိုင်ကြတဲ့ ကလေးတွေရော ကလေးတွေရဲ့ နေအိမ်တွေအထိ လိုက်ခေါ် ပြီးတော့ ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တာပါ

လက်ရှိ မြေပြင်မှာလည်း ကူညီကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်ပေးနေပါတယ်။ အ.မ.က ၂၉ ကျောင်းမှာလည်း ပရဟိတ လူမှုကူညီရေးအသင်းတွေ အများကြီးရောက်နေပါတယ်။ လိုအပ်တဲ့ကူညီမှုတွေနဲ့ ဆေးဘက်ဆိုင်ရာ ကူညီမှုတွေကို လုပ်ဆောင်ပေးနေပါတယ်။ နောက်ဆုံး ကျနော်တို့ ရရှိထားတဲ့ လူနာအရေအတွက်က ၄၀ လောက်ရှိတယ်လို့ သိရပါတယ်”လို့ မြေပြင်မှာ ကူညီဆောင်ရွက်မှု ပြုလုပ်ပေးခဲ့တဲ့ ပရဟိတသမားတစ်ဦးက ဆက်လက် ပြောပြပါတယ်

အဆိုပါ သာကေတ အ.မ.က(၂၉)ကျောင်း KG အတန်းမှ ကျောင်းသားကျောင်းသူအချို့ဟာ ကြာဇံကြော်စားပြီး မူးဝေအော့အန်ကာ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တာလို့ လည်းသိရပါတယ်

လက်ရှိ အချိန်အထိ အ.မ.က(၂၉)ကျောင်းမှာရော ဆေးရုံတွေမှာပါ လိုအပ်တဲ့ကူညီမှုတွေကို ဆက်လက် လုပ်ဆောင်ပေးနေတယ်လို့ လူမှုကူညီရေးပရဟိတသမားတွေက ပြောပါတယ်

Photo – CJ

Leave a Reply

Your email address will not be published. Required fields are marked *