ေပါက္မွာ တိုက္ပြဲျဖစ္ၿပီး PDF ၅ ဦးက်ဆုံး

ေပါက္၊ ႏိုဝင္ဘာ ၁၊ ၂၀၂၂။

မေကြးတိုင္း၊ ေပါက္ၿမိဳ႕နယ္အစပ္ ေဆးပင္ႀကီးေက်း႐ြာအနီးမွာ ႏိုဝင္ဘာလ ၁ ရက္ဒီေန႔မနက္ပိုင္းမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရးတပ္တို႔ ထိေတြ႕တိုက္ပြဲျဖစ္ၿပီး ကာကြယ္ေရးရဲေဘာ္ ၅ ဦးက်ဆုံးခဲ့တယ္လို႔ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ – ၿမိဳင္ၿမိဳ႕နယ္မွ ဗိုလ္လက္ယာက ေျပာပါတယ္။

အင္အား ၆၀ ေက်ာ္ပါ ပခုကၠဴအေျခစိုက္ တမခ ၁၀၁ လက္ေအာက္ခံ စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ – ၿမိဳင္ၿမိဳ႕နယ္ရဲ႕အဖြဲ႕ခြဲ ေပါက္ေဒသေက်း႐ြာကာကြယ္ေရးတပ္ဖြဲ႕ဝင္တို႔ ဒီမနက္ ၆ နာရီ ၄၅ မိနစ္ေလာက္မွာစၿပီး တိုက္ပြဲျဖစ္ပြားခဲ့တာလို႔ ဆိုပါတယ္။

“ရဲေဘာ္ ၅ ေယာက္ကေတာ့ က်သြားၿပီး၊ ၂ ေယာက္ကေတာ့လြတ္လာပါတယ္။ က်ဆုံးတဲ့ရဲေဘာ္ေတြက က်ေနာ္တို႔နဲ႔ ပူးေပါင္းတိုက္ေနတဲ့ ရဲေဘာ္ေတြပါ။ ေပါက္နယ္က ေက်း႐ြာကာကြယ္ေရးအဖြဲ႕ေတြ က်ဆုံးတာပါ။ က်ဆုံးရဲေဘာ္ေတြက ၁၉ ႏွစ္ နဲ႔ ၂၃ ႏွစ္အၾကားပဲ ရွိပါေသးတယ္” လို႔ ေျပာပါတယ္။

ရဲေဘာ္စတား၊ ရဲေဘာ္စြန္ရဲ၊ ရဲေဘာဂ်က္လီ၊ ရဲေဘာ္မက္မန္း နဲ႔ ရဲေဘာ္ေအေကတို႔ က်ဆုံးခဲ့တာျဖစ္ၿပီး၊ သူတို႔ရဲ႕ ႐ုပ္အေလာင္းေတြကိုေတာ့ ဒီကေန႔ေန႔လည္ ၂ နာရီဝန္းက်င္မွာပဲ ၾသဂၤုလ္ေပးခဲ့တယ္လို႔ ဗိုလ္လက္ယာက ေျပာပါတယ္။တိုက္ပြဲအတြင္း စစ္ေကာင္စီဘက္က စစ္သား ၄ ဦးထိခိုက္ဒဏ္ရာရရွိခဲ့သလို လက္ရွိအခ်ိန္ထိ ေဆးပင္ႀကီးေက်း႐ြာအနီးမွာ တပ္စြဲထားဆဲျဖစ္တယ္လို႔လည္း သိရပါတယ္။

သတင္း – ဒိန္းဂ်ား၊ စာတည္း – လင္း

ေျမလတ္အသံ

========

ပေါက်မှာ တိုက်ပွဲဖြစ်ပြီး PDF ၅ ဦးကျဆုံး

ပေါက်၊ နိုဝင်ဘာ ၁၊ ၂၀၂၂။

မကွေးတိုင်း၊ ပေါက်မြို့နယ်အစပ် ဆေးပင်ကြီးကျေးရွာအနီးမှာ နိုဝင်ဘာလ ၁ ရက်ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး ကာကွယ်ရေးရဲဘော် ၅ ဦးကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မြိုင်မြို့နယ်မှ ဗိုလ်လက်ယာက ပြောပါတယ်။

အင်အား ၆၀ ကျော်ပါ ပခုက္ကူအခြေစိုက် တမခ ၁၀၁ လက်အောက်ခံ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မြိုင်မြို့နယ်ရဲ့အဖွဲ့ခွဲ ပေါက်ဒေသကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ ဒီမနက် ၆ နာရီ ၄၅ မိနစ်လောက်မှာစပြီး တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

 

“ရဲဘော် ၅ ယောက်ကတော့ ကျသွားပြီး၊ ၂ ယောက်ကတော့လွတ်လာပါတယ်။ ကျဆုံးတဲ့ရဲဘော်တွေက ကျနော်တို့နဲ့ ပူးပေါင်းတိုက်နေတဲ့ ရဲဘော်တွေပါ။ ပေါက်နယ်က ကျေးရွာကာကွယ်ရေးအဖွဲ့တွေ ကျဆုံးတာပါ။ ကျဆုံးရဲဘော်တွေက ၁၉ နှစ် နဲ့ ၂၃ နှစ်အကြားပဲ ရှိပါသေးတယ်” လို့ ပြောပါတယ်။

ရဲဘော်စတား၊ ရဲဘော်စွန်ရဲ၊ ရဲဘောဂျက်လီ၊ ရဲဘော်မက်မန်း နဲ့ ရဲဘော်အေကေတို့ ကျဆုံးခဲ့တာဖြစ်ပြီး၊ သူတို့ရဲ့ ရုပ်အလောင်းတွေကိုတော့ ဒီကနေ့နေ့လည် ၂ နာရီဝန်းကျင်မှာပဲ သြင်္ဂုလ်ပေးခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်သား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို လက်ရှိအချိန်ထိ ဆေးပင်ကြီးကျေးရွာအနီးမှာ တပ်စွဲထားဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်း – ဒိန်းဂျား၊ စာတည်း – လင်း

မြေလတ်အသံ

Leave a Reply

Your email address will not be published. Required fields are marked *