အာဆီယံညီလာခံမွာ ျမန္မာ့အေရးကို အင္အားႀကီးႏိုင္ငံေတြနဲ႔ အေျဖရွာမယ္

အာဆီယံညီလာခံဟာ မၾကာမီရက္ပိုင္းမွာ က်င္းပေတာ့မွာပါ ။ ဒီညီလာခံဟာ အာဆီယံ ႏိုင္ငံေတြတင္မကပဲ ၾသစေတးလ် ၊ အေမရိကန္ ၊ တ႐ုတ္ ၊ အိႏၵိယနဲ႔ ဂ်ပန္ တို႔ကိုလည္း ဖိတ္ေခၚထားပါတယ္ ။ ဒီညီလာခံဟာ ျမန္မာအတြက္ ခိုင္မာတဲ့ ဆုံးျဖတ္ခ်က္တစ္ခု ျဖစ္ေစရမယ္လို႔ အင္ဒိုနီးရွားက ေျပာထားပါတယ္ ။

ၿပီးခဲ့တဲ့ တစ္ပတ္က က်င္းပခဲ့တဲ့ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးမွာ “အာဆီယံရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ျမန္မာစစ္တပ္က မလိုက္နာႏိုင္ဘူးဆိုရင္ ဘယ္လိုဆက္လုပ္မလဲ …? “ဆိုတဲ့ ေမးခြန္းကို အာဆီယံဝန္ႀကီးေတြက သေဘာတူခဲ့ၾကၿပီး ဧည့္သည္ေတာ္ ၾသစေတးလ် ၊ အေမရိကန္ ၊ တ႐ုတ္ ၊ အိႏၵိယနဲ႔ ဂ်ပန္ ကိုယ္စားလွယ္ေတြနဲ႔အတူ ဆုံးျဖတ္သြားမယ္လို႔ သေဘာတူခဲ့ၾကပါတယ္ ။ ျမန္မာစစ္တပ္ကို ဘယ္လိုဖိအားေတြေပးမယ္ဆိုတာကိုေတာ့ ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေသးပါဘူး ။

အတည္မျပဳႏိုင္ေသးတဲ့ သတင္းတစ္ခုကေတာ့ အာဆီယံညီလာခံကို အေမရိကန္သမၼတ ဂ်ိဴးဘိုင္ဒန္ ကိုယ္တိုင္တက္မယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္ ။ ျမန္မာစစ္တပ္ဟာ အာဆီယံကို ေပးထားတဲ့ကတိေတြ အေကာင္အထည္မေဖာ္ပဲ အၾကမ္းဖက္မႈ႕ေတြ ဆက္လုပ္ေနတဲ့အတြက္ အာဆီယံရဲ႕ ျပင္ပက အင္အားႀကီး မိတ္ေဆြႏိုင္ငံေတြကို ဖိတ္ေခၚၿပီး အသိေပး တိုင္ပင္သြားမယ္လို႔ ေျပာၾကားထားပါတယ္ ။

အာဆီယံရဲ႕ ဖိအားေတြကို ျမန္မာစစ္တပ္က အေရးမလုပ္ေပမဲ့လည္း အာဆီယံဟာ ျမန္မာ့အေရးကို အေလးေပးေဆာင္႐ြက္ေနပါတယ္ ။ အာဆီယံအထူးကိုယ္စားလွယ္ရဲ႕ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆုံဖို႔ ေတာင္းဆိုမႈ႕ကို ျမန္မာစစ္တပ္က အေရးမလုပ္ခဲ့တဲ့အတြက္ အာဆီယံကိုယ္စားလွယ္ရဲ႕ လုပ္ငန္းစဥ္ေတြ ပ်က္ျပယ္ခဲ့ရပါတယ္ ။

အာဆီယံဥကၠဌတာဝန္ကို လႊဲေျပာင္းရယူေတာ့မယ့္ အင္ဒိုနီးရွားဟာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သက္ဆိုင္သူအားလုံးကို မျဖစ္မေန ေတြ႕ဆုံမယ္လို႔ ကတိေပးထားပါတယ္ ။ အင္ဒိုနီးရွားဟာ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးအတြက္ အားသြန္ခြန္စိုက္ လႈပ္ရွားေနတဲ့ႏိုင္ငံပါ ။ အင္ဒိုနီးရွား အစိုးရတင္မကပဲ လူ႔အခြင့္အေရးအဖြဲ႕ေတြနဲ႔ သတင္းဌာနေတြကိုယ္တိုင္က ျမန္မာ့အေရးကို အားတက္သေရာ ႀကိဴးပမ္းေနၾကတာပါ ။ျမန္မာအတြက္ ခိုင္မာတဲ့ ၿငိမ္းခ်မ္းေရးလုပ္ေဆာင္ခ်က္ေတြကို အာဆီယံညီလာခံမွာ လုပ္ငန္းစဥ္ေတြ ခ်မွတ္ၿပီး အင္ဒိုနီးရွားအေနနဲ႔ တာဝန္သိသိ ျပတ္သား ခိုင္မာစြာ လုပ္ေဆာင္သြားမယ္လို႔ အသိေပးထားပါတယ္ ။

ဘႀကီးေအာင္ LA

1 November,2022

==========

အာဆီယံညီလာခံမှာ မြန်မာ့အရေးကို အင်အားကြီးနိုင်ငံတွေနဲ့ အဖြေရှာမယ်

အာဆီယံညီလာခံဟာ မကြာမီရက်ပိုင်းမှာ ကျင်းပတော့မှာပါ ။ ဒီညီလာခံဟာ အာဆီယံ နိုင်ငံတွေတင်မကပဲ သြစတေးလျ ၊ အမေရိကန် ၊ တရုတ် ၊ အိန္ဒိယနဲ့ ဂျပန် တို့ကိုလည်း ဖိတ်ခေါ်ထားပါတယ် ။ ဒီညီလာခံဟာ မြန်မာအတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်စေရမယ်လို့ အင်ဒိုနီးရှားက ပြောထားပါတယ် ။

ပြီးခဲ့တဲ့ တစ်ပတ်က ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ “အာဆီယံရဲ့ လုပ်ဆောင်ချက်တွေကို မြန်မာစစ်တပ်က မလိုက်နာနိုင်ဘူးဆိုရင် ဘယ်လိုဆက်လုပ်မလဲ …? “ဆိုတဲ့ မေးခွန်းကို အာဆီယံဝန်ကြီးတွေက သဘောတူခဲ့ကြပြီး ဧည့်သည်တော် သြစတေးလျ ၊ အမေရိကန် ၊ တရုတ် ၊ အိန္ဒိယနဲ့ ဂျပန် ကိုယ်စားလှယ်တွေနဲ့အတူ ဆုံးဖြတ်သွားမယ်လို့ သဘောတူခဲ့ကြပါတယ် ။ မြန်မာစစ်တပ်ကို ဘယ်လိုဖိအားတွေပေးမယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး ။

အတည်မပြုနိုင်သေးတဲ့ သတင်းတစ်ခုကတော့ အာဆီယံညီလာခံကို အမေရိကန်သမ္မတ ဂျိူးဘိုင်ဒန် ကိုယ်တိုင်တက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ် ။ မြန်မာစစ်တပ်ဟာ အာဆီယံကို ပေးထားတဲ့ကတိတွေ အကောင်အထည်မဖော်ပဲ အကြမ်းဖက်မှု့တွေ ဆက်လုပ်နေတဲ့အတွက် အာဆီယံရဲ့ ပြင်ပက အင်အားကြီး မိတ်ဆွေနိုင်ငံတွေကို ဖိတ်ခေါ်ပြီး အသိပေး တိုင်ပင်သွားမယ်လို့ ပြောကြားထားပါတယ် ။

အာဆီယံရဲ့ ဖိအားတွေကို မြန်မာစစ်တပ်က အရေးမလုပ်ပေမဲ့လည်း အာဆီယံဟာ မြန်မာ့အရေးကို အလေးပေးဆောင်ရွက်နေပါတယ် ။ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ တောင်းဆိုမှု့ကို မြန်မာစစ်တပ်က အရေးမလုပ်ခဲ့တဲ့အတွက် အာဆီယံကိုယ်စားလှယ်ရဲ့ လုပ်ငန်းစဉ်တွေ ပျက်ပြယ်ခဲ့ရပါတယ် ။

အာဆီယံဥက္ကဌတာဝန်ကို လွှဲပြောင်းရယူတော့မယ့် အင်ဒိုနီးရှားဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်သူအားလုံးကို မဖြစ်မနေ တွေ့ဆုံမယ်လို့ ကတိပေးထားပါတယ် ။ အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အားသွန်ခွန်စိုက် လှုပ်ရှားနေတဲ့နိုင်ငံပါ ။ အင်ဒိုနီးရှား အစိုးရတင်မကပဲ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ သတင်းဌာနတွေကိုယ်တိုင်က မြန်မာ့အရေးကို အားတက်သရော ကြိူးပမ်းနေကြတာပါ ။မြန်မာအတွက် ခိုင်မာတဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်ချက်တွေကို အာဆီယံညီလာခံမှာ လုပ်ငန်းစဉ်တွေ ချမှတ်ပြီး အင်ဒိုနီးရှားအနေနဲ့ တာဝန်သိသိ ပြတ်သား ခိုင်မာစွာ လုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ် ။

ဘကြီးအောင် LA

1 November,2022

Leave a Reply

Your email address will not be published. Required fields are marked *