







Western News- WN

=============

ရခိုင်တွင် ၅ ရက် တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ၂၄ ဦးသေဆုံးကြောင်း AA ထုတ်ပြန်

Western News – နိုဝင်ဘာ၊ ၁ ရက်

အောက်တိုဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာ ၃၁ ရက်နေ့နေအထိ ၅ ရက်အတွင်း ရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင်တပ်တော် AA တို့ တိုက်ပွဲများတွင် စစ်ကောင်စီဖက်က ၂၄ ဦးသေဆုံးခဲ့ပြီး ၂၆ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ယနေ့ နိုဝင်ဘာ ၁ ရက်နေ့ တွင် ထုတ်ပြန်လိုက်သည်။

ရသေ့တောင်မြိုနယ်၊ ချိန်ခါလီရွာ မြောက်ဖက်တွင် အောက်တိုဘာလ ၂၆ ရက်၊ ညနေ ၄ နာရီကျော် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲတွင် စစ်ကောင်စီဖက်က၄ ဦးခဲ့သေဆုံးခဲ့ပြီး လက်နက်ငယ် ၂ လက်နှင့် ခဲယမ်းအချို သိမ်းဆည်းရရှိကြောင်း AA က ထုတ်ပြန်သည်။

အောက်တိုဘာလ ၂၇ ရက်နေ့၊ နေ့လယ် ၃ ကျော်လောက်တွင် ဘူးသီးတောင်မြိုနယ်၊ တောင်ရွာ (မူဆလင်ကျေးရွာ) အနီးတွင် စစ်ကောင်စီတပ်၏ တပ်မ ၂၂ လက်အောက်ခံ တပ်များနှင့် ရက္ခိုင့်တပ်တော်တို့ သည် သုံးနာရီခွဲကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲတွင် စစ်ကောင်စီဖက်က ၁၁ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၅ ဦးအထက်ရှိခဲ့ကြောင်း AA က ထုတ်ပြန်သည်။

ယင်းအပြင်း အောက်တိုဘာလ ၂၉ ရက်နေ့၊ မနက်ပိုင်းတွင်ကျောက်တော်မြိုနယ်၊ ရုပ်သားရွာ အနီး၌ စစ်ကောင်စီ၏ စကခ ၉ လက်အောက်ခံ၊ ခမရ ၃၇၄ တပ်ရင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဖက်က ၅ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအချိုရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပလက်ဝမြိုနယ်၊ မြိတ်ဝကျေးရွာ၏ အောက်တိုဘာလ ၂၉ ရက်နေ့တိုက်ပွဲတွင်စစ်ကောင်စီဖက် ၁ ဦးသေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကာ မောင်တောမြိုနယ်မြောက်ပိုင်း၊ သာယာကုန်း(ရခိုင်ရွာ) အနားတွင် အောက်တိုဘာလ ၃၁ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဖက် ၃ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

အဆိုပါ တိုက်ပွဲများ ရက္ခိုင့်တပ်တော် AA ဖက် တပ်သားတစ်ချို့ ထိခိုက်ဒဏ်ရာရရှိမှုတစ်ချို့ရှိခဲ့ပြီး ကျဆုံးမှုတစ်ချို့ရှိကြောင်း ရက္ခိုင့်တပ်တော် AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *