ပုဇြန္ေတာင္ဘူတာ လက္မွတ္႐ုံ ဓားျပတိုက္ခံရ လက္မွတ္ေရာင္းရေငြ သိန္းႏွစ္ဆယ္ေက်ာ္ပါသြား

CjPlatform🖋️ကိုေပါက္

မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ ေတာင္ၫြန႔္ရပ္ကြက္ ပုဇြန္ေတာင္ဘူတာတြင္ ယေန႔ နံနက္ပိုင္းက ဘူတာ႐ုံလက္မွတ္အေရာင္းစာေရးကို အမည္မသိအမ်ိဳးသားေတြက ေသနတ္ျပ ဓားျပတိုက္ခဲ့ရာ လက္မွတ္ေရာင္းရေငြ သိန္းႏွစ္ဆယ္ေက်ာ္ပါသြားသည္ဟု ဘူတာအနီးေနထိုင္သူေတြဆီက သိရသည္။

ပုဇြန္ေတာင္ဘူတာ႐ုံကို ယေန႔ နံနက္ကိုးနာရီက အမည္မသိ အမ်ိဳးသားႏွစ္ဦးေရာက္ရွိလာၿပီး ပစၥတိုေသနတ္ျပကာ ဘူတာ႐ုံရွိေငြမ်ားထုတ္ေပးရန္ ေတာင္းခံရာ မရ၍ ေသနတ္ျဖင့္ပစ္ခတ္ကာ လုယက္သြားတာျဖစ္သည္ဟု ဘူတာအနီး ေနထိုင္သူတစ္ဦးက CJ Platform ကိုေျပာသည္။

“ေသနတ္သံေတာ့ တစ္ခ်က္ၾကားတယ္ လူနာတင္ယာဥ္လည္း ေရာက္လာတယ္ စစ္သားေတြေရာ ေမးၾကည့္ေတာ့ ဘူတာ႐ုံကို ဓားျပတိုက္သြားတာလို႔ ေျပာေနၾကတယ္”ဟုေျပာသည္။

ဓားျပတိုက္ရာတြင္ ဘူတာစာေရးကျပန္လည္ခုံခံ၍ ပစ္ခတ္ခဲ့တာျဖစ္ၿပီး က်ည္ထိမွန္ဒဏ္ရာတစ္ခ်က္ရရွိကာ ရန္ကုန္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားသည္ဟု ျမန္မာ့မီးရထားႏွင့္ နီးစပ္သူတစ္ဦးက CJ Platform ကိုေျပာသည္။

“ဆိုင္ခန္းခေတြ ေကာက္ထားတဲ့ သိန္းႏွစ္ဆယ္နဲ႔ လက္မွတ္ေရာင္းရေငြ ကိုးေသာင္းပါသြားတယ္ လူလည္းထိသြားတယ္”ဟု ရွင္းျပသည္။

ပုဇြန္ေတာင္ဘူတာ႐ုံ ဓားျပတိုက္ခံရၿပီး ဝန္ထမ္းတစ္ဦးေသနတ္ျဖင့္ပစ္ခတ္ခံရသည့္ကိစြႏွင့္ ပတ္သက္ ၍ ဘူတာ႐ုံအနီးေနထိုင္သူမ်ား၏ ေျပာျပခ်က္အရသိရၿပီး CJ Platform အေနျဖင့္သီးျခားအတည္ျပဳႏိူင္ရန္ ေျမျပင္သတင္းေထာက္မ်ားအား ေစလႊတ္ထားစဲျဖစ္သည္။

လက္ရွိအေျခအေနတြင္ ပုဇြန္ေတာင္ဘူတာတြင္ စစ္ေကာင္စီတပ္ႏွင့္ ရဲေတြက ဘူတာ႐ုံအနီးတစ္ဝိုက္တြင္ စစ္ေဆးမႈမ်ားျပဳလုပ္ေနသည္ဟု ခရီးသြားလာသူေတြဆီက သိရသည္။

===========

ပုဇွန်တောင်ဘူတာ လက်မှတ်ရုံ ဓားပြတိုက်ခံရ လက်မှတ်ရောင်းရငွေ သိန်းနှစ်ဆယ်ကျော်ပါသွား

CjPlatform🖋️ကိုပေါက်

မင်္ဂလာတောင်ညွန့်မြို့နယ် တောင်ညွန့်ရပ်ကွက် ပုဇွန်တောင်ဘူတာတွင် ယနေ့ နံနက်ပိုင်းက ဘူတာရုံလက်မှတ်အရောင်းစာရေးကို အမည်မသိအမျိုးသားတွေက သေနတ်ပြ ဓားပြတိုက်ခဲ့ရာ လက်မှတ်ရောင်းရငွေ သိန်းနှစ်ဆယ်ကျော်ပါသွားသည်ဟု ဘူတာအနီးနေထိုင်သူတွေဆီက သိရသည်။

ပုဇွန်တောင်ဘူတာရုံကို ယနေ့ နံနက်ကိုးနာရီက အမည်မသိ အမျိုးသားနှစ်ဦးရောက်ရှိလာပြီး ပစ္စတိုသေနတ်ပြကာ ဘူတာရုံရှိငွေများထုတ်ပေးရန် တောင်းခံရာ မရ၍ သေနတ်ဖြင့်ပစ်ခတ်ကာ လုယက်သွားတာဖြစ်သည်ဟု ဘူတာအနီး နေထိုင်သူတစ်ဦးက CJ Platform ကိုပြောသည်။

“သေနတ်သံတော့ တစ်ချက်ကြားတယ် လူနာတင်ယာဉ်လည်း ရောက်လာတယ် စစ်သားတွေရော မေးကြည့်တော့ ဘူတာရုံကို ဓားပြတိုက်သွားတာလို့ ပြောနေကြတယ်”ဟုပြောသည်။

ဓားပြတိုက်ရာတွင် ဘူတာစာရေးကပြန်လည်ခုံခံ၍ ပစ်ခတ်ခဲ့တာဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာတစ်ချက်ရရှိကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားသည်ဟု မြန်မာ့မီးရထားနှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“ဆိုင်ခန်းခတွေ ကောက်ထားတဲ့ သိန်းနှစ်ဆယ်နဲ့ လက်မှတ်ရောင်းရငွေ ကိုးသောင်းပါသွားတယ် လူလည်းထိသွားတယ်”ဟု ရှင်းပြသည်။

ပုဇွန်တောင်ဘူတာရုံ ဓားပြတိုက်ခံရပြီး ဝန်ထမ်းတစ်ဦးသေနတ်ဖြင့်ပစ်ခတ်ခံရသည့်ကိစွနှင့် ပတ်သက် ၍ ဘူတာရုံအနီးနေထိုင်သူများ၏ ပြောပြချက်အရသိရပြီး CJ Platform အနေဖြင့်သီးခြားအတည်ပြုနိူင်ရန် မြေပြင်သတင်းထောက်များအား စေလွှတ်ထားစဲဖြစ်သည်။

လက်ရှိအခြေအနေတွင် ပုဇွန်တောင်ဘူတာတွင် စစ်ကောင်စီတပ်နှင့် ရဲတွေက ဘူတာရုံအနီးတစ်ဝိုက်တွင် စစ်ဆေးမှုများပြုလုပ်နေသည်ဟု ခရီးသွားလာသူတွေဆီက သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *